နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိမ်ချောင်းမှ စ.ရ.ဖ တစ်ဦးက ဒေသခံ တစ်ဦးကို ဖမ်းဆီး၍ ငွေကျပ် ၁၄ သိန်းညှစ်



MYARF
RB News
7.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ငါးစကြူး ကျေးရွာမှ ကျန်းမာရေး လုပ်သား ဦးနူရ်ဟာဘီ (အသက် ၅၇ နှစ်) သည် အောက်တိုဘာလ (၁) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် ကြိမ်ချောင်းဈေးသို့ သွားနေစဉ် လောင်းဒုံ ကျေးရွာအုပ်စု ကြိုက်ချောင်းရွာရှိ တံတား အနီးသို့ ရောက်သောအခါ တံတားအနီးတွင် စောင့်နေသည့် ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ မှ တာဝန်ရှိသူ တစ်ဦးက မည်သည့် စကားတစ်ခွန်းမှပင် မပြောဘဲ အကြောင်းမဲ့ ဖမ်းဆီးကာ စ.ရ.ဖ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

စခန်းသို့ ရောက်သည်နှင့် ဦးနူရ်ဟာဘီကို RSO နှင့် ဆက်နွယ်မှု ရှိသည်ဟု လုပ်ကြံ စွပ်စွဲ၍ လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်ကျောက်က ငွေကျပ် သိန်း ၃၀ ပေးရန် တောင်းခံခဲ့သည်။ ဦးနူရ်ဟာဘီက ငွေပေးရန် ငြင်းဆန် သဖြင့် လူမဆန်စွာ ဆက်လက်၍ ညှဉ်းပန်း နှိပ်စက်ခဲ့သည်။ စ.ရ.ဖ ၏ လူမဆန်စွာ နှိပ်စက်မှုကို မခံနိုင်တော့၍ အောက်တိုဘာလ (၂) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် ဦးနူရ်ဟာဘီက ငွေကျပ် ၁၄ သိန်း ပေးမှသာ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။


Comment ရေးရန်

Rohingya Exodus