နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမရ (၅၆၄) မှ ဒု-တပ်ရင်းမှူးက ဒေသခံ တစ်ဦးကို ဖမ်းဆီး ရိုက်နှက် ငွေညှစ်



MYARF
RB News 
8.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း အောင်ဇံ ကျေးရွာအုပ်စု၊ ကြောင်ထိုးရွာ အနီး၊ နယ်စပ် မိုင်တိုင် အမှတ် (၄၃) နှင့် ကပ်လျက်ရှိသည့် ခမရ (၅၆၄) တပ်ရင်း၏ ကင်းစခန်းမှူး ဖြစ်သူ ဒု-တပ်ရင်းမှူး ဗိုလ်မှူး အောင်ကျော်စိုးက အောက်တိုဘာလ (၁) ရက်​​နေ့တွင် ကြောင်ထိုး ကျေးရွာသား ဦးမာမတ်နော်ဘီ (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၅၀ နှစ်) က မိမိ၏ စား ကျက်ပေါ်တွင် ခုတ်တွင် ရှင်းလင်း နေသည်ကို ၎င်းထံမှ ခွင့်ပြုချက် မယူဘဲတောရှင်းသည်ဟု ပြောဆို စွပ်စွဲ၍ စခန်းသို့ ခေါ်ဆောင် သွားကာ တစ်ညလုံး ရိုက်နှက် ချုပ်နှောင် ထားပြီး ငွေကျပ် ငါးသောင်း အတင်း အဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus