နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ ကင်းစခန်းမှူးက ရွာသား တစ်ဦးကို လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်



Rohingya Eye
RB News
3.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကညင်တန်း ကျေးရွာမှ ဦးအာဘူကာလာမ် (ဘ) ဦးအာဇီဇူရာမန် (အသက် ၄၅ နှစ်) သည် နိုဝင်ဘာလ (၂၅) ရက်နေ့ ည (၈) နာရီ အချိန်တွင် အိမ်အပြင်သို့ ထွက်၍ လမ်းလျှောက် နေစဉ် ရွာတွင် ကင်းလှည့်နေသော နခေါင်းမ်ဒီယာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူးက တွေ့ရှိပြီး ဦးအာဘူကာလာမ် ကိုင်ဆောင် ထားသော MPT ဆင်းမ်ကဒ်ပါ ဂျီအက်စ်အမ်ဖုန်းကို စစ်ဆေးပြီး၊ စခန်းမှူးထံတွင် အသင့်ပါသော ဘင်္ဂလား ဆင်းမ်ကဒ်ကို ထည့်ပေး၍ ဘင်္ဂလား ဆင်းမ်ကဒ်မိသည်ဟု လုပ်ကြံ စွပ်စွဲကာ ငွေကျပ် တစ်သိန်း ငါးသောင်း အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ၎င်းသည် ဆင်းရဲသည့် တံငါသည် တစ်ဦး ဖြစ်ကြောင်း သိရသည်။

ဒေသခံ ရွာသား တစ်ဦးက “နယ်ခြားစောင့် ရဲတွေ ညနေပိုင်းမှာ ရွာထဲကို တိတ်တဆိတ် ၀င်လာတယ်။ ဖုန်းနဲ့ စကားပြောသံ ကြားတဲ့ အိမ်တွေကို ၀ိုင်းတယ်။ အိမ်ထဲဝင်ပြီး ဖုန်းတွေကို စစ်တယ်။ MPT ဆင်းမ်ကဒ် ထည့်ထားတဲ့ ဖုန်းတွေကို ဘင်္ဂလား ဆင်းမ်နဲ့ သုံးနေတယ် ဆိုပြီး မဟုတ်မတရား စွပ်စွဲပြီး ငွေညှစ်နေတာက ဓါးပြတွေထက် ပိုဆိုးနေတယ်” ဟု ပြောပါသည်။

Comment ရေးရန်

Rohingya Exodus