နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ များက အသက် ၇၅ နှစ် အရွယ် မုဆိုးမ ထံမှ ငွေညှစ်သည့် အပြင် ငွေများ လုယက်



MYARF
RB News
17.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၅) နယ်မြေ၊ ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၆) ဦးသည် ဒီဇင်ဘာလ (၁၅) ရက်နေ့ ည ၉ နာရီ အချိန်တွင် ငါးခူရ ကျေးရွာအုပ်စု၊ မြောက်ရွာမှ ဥက္ကဌဟောင်း ဦးဖော်ယာစ်အာမတ် (ကွယ်လွန်) ၏ ဇနီး၊ မုဆိုးမ ဒေါ်မားမူးဒါး (အသက် ၇၅ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ အိမ်ခြံဝင်း ခြံစည်းရိုး တို့ကို ရိုက်ချိုး၍ အိမ်ထဲသို့ ၀င်ရောက်ပြီး တစ်အိမ်လုံး ရှာဖွေ စစ်ဆေးခဲ့သည်။ 

တစ်အိမ်လုံး ရှာဖွေပြီး တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသောကြောင့် ဆန်ထည့်ထားသည့် ဆီပီပါခွံထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် ချပေးခဲ့သည်။ ထို့နောက် ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု ဆိုကာ မုဆိုးမ ဒေါ်မားမူးဒါး အား ခြိမ်းခြောက်၍ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

တစ်ဖန် သေတ္တာထဲတွင် တွေ့ရှိသည့် ငွေကျပ် ငါးသိန်းကိုလည်း နယ်ခြားစောင့်ရဲ များက လုယက် ယူဆောင် သွားခဲ့သည်။

နယ်ခြားစောင့်ရဲ များသည် ထိုကဲ့သို့ လုပ်ကြံ၍ အတင်းအဓမ္မ လုပ်ကြံ၍ ငွေညှစ်ခြင်း၊ ငွေနှင့် ပစ္စည်းများ လုယက်ခြင်း၊ အချိန်မတော် အိမ်ထဲသို့ ၀င်ရောက်၍ မတရားသဖြင့် စွပ်စွဲ ဖမ်းဆီးခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိသည်။ တခါတရံတွင် လူသတ်မှု အထိ ကျူးလွန်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

နယ်ခြားစောင့်ရဲ များက လိုင်စင်ရ ဓါးပြများကဲ့သို့ သောင်းကျန်းနေသည်ကို အထက် အရာရှိများ ဖြစ်သော တပ်ရင်းမှူး၊ ရဲမှူးကြီး၊ ရဲမှူးချုပ်တို့ သိစေရန် ဒေသခံများက အကြိမ်ကြိမ် တိုင်ကြားသော်လည်း မည်သည့် အခါမှ အရေးယူ ဖြေရှင်း ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ ဒေသခံများက နယ်ခြားစောင့်ရဲ များ၏ သောင်းကျန်းမှုများကို အထက်အရာရှိကြီးများက အရေးယူ ဟန့်တား ပေးခြင်း မရှိသည်မှာ ဘာသာမတူ လူမျိုးမတူသော ရိုဟင်ဂျာ လူမျိုးများကို ညှဉ်းပန်း နှိပ်စက်ရန် ညွန်ကြားထားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆနေကြသည်။

Comment ရေးရန်

Rohingya Exodus