နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ထိန်းရဲက လူတစ်ဦးကို ဆေးနှင့် ဖမ်းဆီးပြီးနောက် ဆေးဆိုင်ရှင်များ ထံမှ ငွေညှစ်



MYARF
RB News
17.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ရဲစခန်းမှ နယ်ထိန်းရဲ များသည် ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် ကကျဘက်ကံပြင်ရွာမှ ဦးမာမတ်အာရောဖ် (ဘ) ဦးအဲခ်ဘာလ်အာမတ် ကို ဘူးသီးတောင် ဈေးတွင် ကြက်သွန်နီများ ရောင်းချနေစဉ် ကြက်သွန်နီ အိတ်ထဲတွင် ဘင်္ဂလားဒေ့ရှ်မှ လာသည့် ဆေး (ဆီဒဲလ်) များ တွေ့ရှိ၍ ဖမ်းဆီးပြီး ရဲစခန်း၌ ချုပ်နှောင် ထားခဲ့သည်။ 

ထို့နောက် နယ်ထိန်းရဲ များသည် ဘူးသီးတောင် ဈေးထဲသို့ သွားရောက်ပြီး ဆေးဆိုင် (၇) ဆိုင်ကို ဦးမာမတ်အာရောဖ် ထံမှ ဆီဒဲလ်ဆေးများ ၀ယ်ယူခဲ့သည်ဟု စွပ်စွဲ၍ စစ်ဆေးခဲ့သည်။ စစ်ဆေးသည့် ဆေးဆိုင်များတွင် ဆဲဒီလ်ဆေးများ မတွေ့ရှိသော်လည်း ဆိုင်ရှင်များကို ခြိမ်းခြောက်၍ ငွေကျပ် (၅) သိန်းစီ - စုစုပေါင်း ငွေကျပ် ၃၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဦးမာမတ်အာရောဖ် ကိုမူ ယခုအချိန်ထိ ချုပ်နှောင် ထားကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus