March 13, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အိတ်ဖွင့်ပေးစာ

မောင်တော ပန်းတောပြင်မှ အာရဗီ အခြေခံ စာသင်ကျောင်း ဖျက်ဆီးခံရ




MYARF
RB News
16.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့၍ ပြန်လည် ပြုပြင်ခဲ့သော အာရဗီ အခြေခံ စာသင်ကျောင်း တစ်ကျောင်းကို ဒေသအာဏာပိုင်များ ကိုယ်တိုင် လာရောက်၍ ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ်နှင့် တစ်မိုင်ခန့်အကွာ ပန်းတောပြင် ကျေးရွာအုပ်စု၊ အရှေ့ရွာရှိ အာရဗီ အခြေခံ စာသင်ကျောင်း (မောဂ်တောဗ်ကျောင်း) သည် ယခုနှစ် ဇူလိုင်လတွင် တိုက်ခတ်ခဲ့သော ကိုမန်ဆိုက်ကလုံး မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သည်။ သို့ဖြစ်၍ ယင်းစာသင်ကျောင်းကို ဒေသခံ ရွာသားများက နိုဝင်ဘာလတွင် ပြုပြင်ခဲ့သည်။

ကိုမန်ဆိုက်ကလုံး မုန်တိုင်း တိုက်ခတ်ခဲ့အပြီး ဘူးသီးတောင်မြို့သို့ ရောက်ရှိလာခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သော သာသနာ့ အိမ်တော်များ၊ စာသင်ကျောင်းများကို အမြန်ဆုံး ပြုပြင်လိုက်ရန် ပြောဆိုခဲ့သောကြောင့် ရွာသားများက စာသင်ကျောင်းကို ပြုပြင်ခဲ့ခြင်း ဖြစ်သည်။

အမိန့်မယူဘဲ စာသင်ကျောင်း ပြုပြင်သည်ဟုဆို၍ မန်းကျည်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး (ရဲအုပ်)၊ ဂေါ်ဒူသာရ တံတား စခန်းရှိ ရဲမှူးငြိမ်းချမ်းအောင်၊ သုံးမိုင် ဒေသ (၃) မှ ဒေသမှူးတို့က ပန်းတောပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး မှတဆင့် စာသင်ကျောင်း ဂေါပကထံမှ ငွေတောင်းခံခဲ့သည်။ ငွေမပေးပါက ဖမ်းဆီးထောင်ချမည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ အကြောင်းကြားခဲ့ သဖြင့် စာသင်ကျောင်း ဂေါပကအဖွဲ့က ဖမ်းဆီးထောင်ကျခံရမည်ကို ကြောက်ရွံ့၍ ငွေပေးရန် သဘောတူခဲ့သည်။ 

အုပ်ချုပ်ရေးမှူးနှင့် မန်ကျည်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး၏ တပည့် ဖြစ်သူ ဦးဆုလ်တာန် (ဘ) ဦးရှုနာအလီက အုပ်ချုပ်ရေးမှူးမှ ၎င်းကို ငွေအတွက် စေလွှတ်သည်ဟု ဆိုကာ ဂေါပကများထံက ငွေကျပ် ၁၈ သိန်း ယူသွားခဲ့သည်။ ဂေါပက ကလည်း ဦးဆုလ်တာန်သည် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သဖြင့် ၎င်းပြောဆိုသည်ကို ယုံကြည်၍ ငွေပေးခဲ့သော်လည်း ဦးဆုလ်တာန်က အာဏာပိုင် အဖွဲ့အစည်းများသို့ ငွေမည်မျှ ပေးခဲ့သည် ဆိုသည်ကိုမှု မသိရှိရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နိုဝင်ဘာလ နောက်ဆုံး အပတ်တွင် ဦးဆုလ်တာန်သည် ဂေါပကထံ တစ်ဖန် သွားရောက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သာသနာရေး ဦးစီးမှူးတို့က ငွေတောင်းခံနေသည်ဟု ဆိုကာ ထပ်မံ၍ ငွေကျပ် ၁၅ သိန်း တောင်းခံရာ ဂေါပက ကငွေပေးရန် အခက်ကြုံခဲ့သဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စာသင်ကျောင်း ဂေါပကအဖွဲ့ကို ဒီဇင်ဘာလ လဆန်းပိုင်းတွင် ရုံးသို့ဆင့်ခေါ်၍ နှစ်ကြိမ်တိုင်တိုင် စစ်ဆေးခဲ့ပါသည်။

ထို့နောက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့၌ စာသင်ကျောင်းကို ဖျက်သိမ်းရန် မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ခဲ့သည်။ ရွာသားများက မဖျက်သိမ်းဘဲနေသဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့ နေလည် ၁၂း၀၀ နာရီချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စာရေး သုံးယောက်၊ သာသနာရေးဦးစီးဌာန၊ သုံးမိုင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး၊ မန်းကျည်ချောင်း စခန်း မှ ရဲအုပ် (စခန်းမှူး) တို့သည် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး သို့ရောက်ရှိလာပြီး ဂေါပကကို ခေါ်ယူကာ မွန်းလွဲ ၂ နာရီ အချိန်တွင် အဆိုပါ စာသင်ကျောင်းကို ဖျက်ဆီးခဲ့သည်။

အာဏာပိုင်များက စာသင်ကျောင်း တစ်ကျောင်းလုံးကို မဖျက်ဆီးဘဲ အုတ်နံရံလေးဘက်မှ အချို့ကိုသာ ဖျက်ဆီးပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

ရွာသားများကမူ ငွေကျပ် ၁၈ သိန်းပေးခဲ့သော ဦးဆုလ်တာန်ကို မယုံသင်္ကာ ဖြစ်နေပြီး ၎င်းက အာဏာပိုင်များကို ငွေအပြည့် အ၀ မပေးလိုက်သောကြောင့် စာသင်ကျောင်း ဖျက်ဆီးခြင်း ခံလိုက်ရသည်ဟု ယူဆနေကြသည်။

အုပ်ချုပ်ရေးမှူးနှင့် မန်ကျည်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး၏ တပည့် ဖြစ်သူ ဦးဆုလ်တာန် (ဘ) ဦးရှုနာအလီသည် ယခင်ကလည်း အာဏာပိုင်အဖွဲ့အစည်း များ၏ အမည်ကို အလွဲသုံးစား ပြုလုပ်၍ ရွာသားများကို မဟုတ်မတရား အနိုင်ကျင့်ခြင်း၊ လိမ်လည်ခြင်း၊ နှောက်ယှက်ခြင်းများ ပြုခဲ့သူ ဖြစ်ပါသည်။ ၎င်းသည် ထိုခဲ့သော မဟုတ်မတရား ကျူးလွန်ခဲ့သည်ကို ရွာသားများက တိုင်တန်းခဲ့ရာ ပြစ်မှု ထင်ရှားသဖြင့် ထောင် (၇) နှစ် ကျခံခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်တွင် ပြန်လည် လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus