နောက်ဆုံးသတင်း/ဆောင်းပါးများ

နတ်ချောင်းမှ နယ်ခြားစောင့်ရဲ များက ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး များကို အဓမ္မပြုကျင့်ရန် ကြံစည်နေ



MYARF
RB News
19.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း နတ်ချောင်း (ယခင် ပဒကား ဒေ၀ါနာလီ) ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ အချို့သည် ညပိုင်းတွင် ကင်းလှည့်ရန်ဟု ဆိုကာ စခန်းမှ ထွက်လာပြီး၊ အမျိုးသားများ မရှိ၊ အမျိုးသမီးများသာ ရှိသည့် နေအိမ်များကိုသာ အကြောင်း အမျိုးမျိုး ပြကား ၀င်ရောက်၍ အမျိုးသမီး များကို ကိုယ်ထိ လက်ရောက် စော်ကားမှုများ ပြုလုပ်သည့် အပြင် အဓမ္မပြုရန် ကြံစည်နေကြောင်း၊ အမျိုးသမီးများ၏ အော်ဟစ်သံကြောင့် ရွာသားများ စုဝေးလာသဖြင့် နယ်ခြားစောင့်ရဲများ ထွက်ပြေး သွားကြောင်း သတင်း ရရှိပါသည်။ 

မတ်လ (၁၇) ရက်နေ့ ည (၈) နာရီခန့် အချိန်တွင် နတ်ချောင်း ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးသည် ၎င်းတို့၏ သတင်းပေး ရော်မိစ်အာမောတ် (ဘ) ဦးဆွေဒူရာမန်နှင့် အတူ ဦးဆော်လိမ်၏ နေအိမ်သို့ ၀င်ရောက်၍ အိမ်အတွင်းရှိ အမျိုးသမီးများကို အဓမ္မပြုကျင့်ရန် ကြိုးစားနေစဉ် အမျိုးသမီးများက အော်ဟစ်သဖြင့် အိမ်နီးချင်းများ ပြေးလာခဲံသည်။ ထို့နောက် လူစုလူဝေး ရောက်လာသည်ကို နယ်ခြားစောင့်ရဲများက မြင်တွေ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

နယ်ခြားစောင့်ရဲ များသည် ယင်းရွာသို့ ညအချိန်တွင် မကြာခဏ လာရောက်ပြီး အမျိုးသားများ မရှိသည့် အိမ်များသို့ ၀င်၍ အမျိုးသမီးများကို မသင့်လျော်သည့် လုပ်ရပ်များ ပြုလုပ်သည် သာမက မုဒိန်းကျင့်ရန်ပင် အကြိမ်ပေါင်း များစွာ ကြိုးစားခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus