နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြို့နယ်မှ ဗလီ ဂေါပကများကို အုပ်ချုပ်ရေးမှူးရုံးမှ ဆင့်ခေါ်ထား



RB News
23.6.2016

ဘူးသီးတောင်
။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အထက်ပိုင်းရှိ ဗလီများမှ ဂေါပကများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာဖြင့် ဆင့်ခေါ်ထားကြောင်း သတင်း ရရှိပါသည်။

“ခေါ်တာက ဒီနေ့ ၂၃ ရက်နေ့မှာပါ။ စာထုတ်တာ ၂၂ ရက်နေ့၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တွေကနေ တဆင့်ပို့တော့ ဒီနေ့မှ စာရောက်တယ်။ အဲဒီတော့ ၂၄ ရက်နေ့ မနက် ၁၀ နာရီမှာ သွားတွေ့ကြရမယ်။ ဗလီတစ်လုံးစီက ဂေါပက နှစ်ဦးစီပါ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဂေါပကများကို ဆင့်ခေါ်ရခြင်း အကြောင်းရင်းမှာ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် မုန်တိုင်း ဒဏ်ကြောင့် ပျက်စီး သွားသည့် ဗလီများကို ပြုပြင်သည့် အတွက် ဖြစ်သည်ဟု သိရသည်။

“၂၀၁၅ ဇူလိုင်မှာ ဗလီတွေ တော်တော်များများ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားတယ်။ အဲဒါတွေကို ပြုပြင်ဖို့ အဲဒီအချိန်က သမ္မတ ဦးသိန်းစိန် လာတော့ ဒေသခံတွေက သမ္မတ ဆီကနေ ခွင့်ပြုချက် တောင်းတယ်။ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် နှုတ်မိန့်နဲ့ ပြင်ခွင့် ပေးခဲ့တယ်။ သမ္မတက နိုင်ငံတော်ရဲ့ အမြင့်ဆုံး အာဏာ ရှိတဲ့သူ ဆိုတော့ သမ္မတ နှုတ်မိန့်နဲ့ အကုန် ပြုပြင်ခဲ့တယ်။ အခုတော့ သမ္မတ ဦးသိန်းစိန် လက်ထက် မဟုတ်တော့ဘူး ဆိုတော့ အဲဒါကို ပြန်ပြီး ပြဿနာ ရှာမယ့် သဘော ရှိတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus