နောက်ဆုံးသတင်း/ဆောင်းပါးများ

ညောင်ချောင်းမှ နယ်ခြားစောင့်ရဲ များက ဒေသခံ တစ်ဦးထံမှ ငွေ ၄ သိန်းညှစ်

MYARF
RB News
28.7.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ များသည် ဒေသခံ ရိုဟင်ဂျာတစ်ဦး ထံမှ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒုအိုးသည်မ ကျေးရွာမှ ဦးဘော်ရှိရ်အာမတ် (ဘ) ဦးရှီကာန်ဒေါရ် (အသက် ၄၁ နှစ်) နှင့် ယင်းကျေးရွာမှ ဦးရှော်ရိပ် (ဘ) ဦးမော်ဂုလ်အာမတ် တို့သည် ဇူလိုင်လ (၂၀) ရက်နေ့တွင် အချင်းချင်း စကားများခဲ့သည်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမိုဟာမတ်အီနုစ် (ဘ) ဦးမာမတ်အလီက ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဖုန်းဆက်၍ ချဲ့ကားပြီး အကြောင်းကြားခဲ့သည်။


ထို့နောက် ဇူလိုင်လ (၂၃) ရက်နေ့တွင် ညောင်ချောင်းစခန်းမှ ဦးဘော်ရှိရ်အာမတ်ကို ဆင့်ခေါ်စာ ပို့၍ ဆင့်ခေါ်ပြီး ချုပ်နှောင် ထိန်းသိမ်း ထားခဲ့သည်။ ကျေးရွာ ရပ်မိရပ်ဖ နှစ်ဦးက အာမခံ၍ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ပြန်လည် လွှတ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ ဇူလိုင်လ (၂၄) ရက်နေ့တွင် ငွေကျပ် ၄ သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။


Comment ရေးရန်

Rohingya Exodus