နောက်ဆုံးသတင်း/ဆောင်းပါးများ

ပန်းတောပြင် ရွာသစ်ဗလီတွင် ၀တ်ပြုနေသူ (၃) ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး ငွေညှစ်

MYARF

RB News
28.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပန်းတောပြင် ကျေးရွာအုပ်စု၊ ရွာသစ် ဗလီတွင် ၀တ်ပြုနေသည့် အစ္စလာမ် ဘာသာဝင် ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

စက်တင်ဘာလ (၂၅) ရက်နေ့ ည ၆း၃၀ နာရီ အချိန်တွင် ပန်းတောပြင် ကျေးရွာအုပ်စု၊ ရွာသစ် ဗလီတွင် ၀တ်ပြုနေသည့် (၁) မော်လ၀ီမူဖီဇ် (ဘ) ဟာဂျီဦးနုနု၊ (၂) ဦးရိုဟုလ်အာမီးန် (ဘ) ဦးအဒူအလီ နှင့် (၃) ဦးအီနုစ် (ဘ) ဦးအဒူလ္လာ တို့ (၃) ဦးကို မန်ကျည်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၆) ဦးပါသော အဖွဲ့က ဗလီ၏ ပြတင်းပေါက်မှ ကျော်ဝင်ပြီး လက်ထိပ်ခတ် ဖမ်းဆီးကာ မန်ကျည်းချောင်း စခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဖမ်ဆီးခံရသည့် အပြစ်မဲ့ (၃) ဦးကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များက စက်တင်ဘာလ (၂၆) ရက်နေ့ နေ့လည်ပိုင်းတွင် သွားရောက်တွေ့ဆုံပြီးနောက် နယ်ခြားစောင့်ရဲများက အပြစ်မဲ့ (၃) ဦးထံမှှွေုကျပ် (၁၀) သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

မန်ကျည်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတွင် တာဝန်ခံ ရဲမှူးကျော်မင်းထွန်းသည် ဒေသခံရိုဟင်ဂျာ ရွာသူရွာသားများထံ ငွေသိန်းရာနှင့်ချီ၍ ညှစ်ယူထားသူ တစ်ဦးဖြစ်ပြီး၊ စခန်းပြောင်းရွှေ့ရန် အမိန့်စာ ရောက်ရှိနေသည့်အပြင် ၎င်းနေရာတွင် အစားထိုးခန့်အပ်ထားသူလည်း စခန်းသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အထက်လူကြီးများကို ငွေကျပ် သိန်း (၂၀၀) လာဘ်ထိုး၍ ယင်းစခန်းတွင် ဆက်လက်တာဝန်ထမ်းဆောင် နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

ရဲမှူးကျော်မင်းထွန်း တာဝန်ထမ်းဆောင်စဉ် ပထမ (၃) လ ကာလတွင် မန်ကျည်းချောင်း စခန်း လက်အောက်ရှိ ရွာများအားလုံး ဆင်းရဲတွင်းနက်နေပြီ ဖြစ်ကြောင်း၊ ဆက်လက်၍ (၃) လ နေလျှင် ရွာသားများ အားလုံး ထွက်ပြေးရမည့် အနေအထား ရှိနေသည်ဟု ဒေသခံများက ဆိုသည်။ 




Comment ရေးရန်

Rohingya Exodus