နောက်ဆုံးသတင်း/ဆောင်းပါးများ

ဂျပန်အခြေစိုက် BRAJ မှ မောင်တော အခြေအနေမှန်ကို ဂျပန်အစိုးရသို့ တင်ပြ




RB News
14.10.2016

တိုကျို၊ ဂျပန် -- ဂျပန်နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (BRAJ) မှ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့၏ ဖြစ်စဉ် အမှန်ကို တင်ပြခဲ့သည်။ 

အောက်တိုဘာလ (၁၃) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်းမှ ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်နှင့် အဖွဲ့ဝင်များသည် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရှေ့တော်အာရှရေးရာ ညွန်ကြားရေးမှူး Mr Kota Watanabe နှင့် Mrs. Yoko Takushima တို့ နိုင်ငံခြားရေးဝန်ကြီးရုံးတွင် တွေ့ဆုံ ဆွေးနွေးကြသည်။ 

BRAJ အဖွဲ့က ၁၉၆၂ ခုနှစ်မှ စ၍ ရိုဟင်ဂျာများ တိုင်းရင်းသားနှင့် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးပြီး ယခုအချိန်ထိ ဒုက္ခမျိုးစုံ ခံစားနေရမှုများ၊ အောက်တိုဘာလ (၉) ရက်နေ့မှ စ၍ အပြစ်မဲ့ ရိုဟင်ဂျာပြည်သူများကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ အပြစ်မဲ့ ရိုဟင်ဂျာများ၏ နေအိမ်များ မီးရှို့ခြင်း တို့ခံစားနေရကြောင်း၊ မြန်မာလက်နက်ကိုင် အာဏာပိုင်များ၏ စခန်းများကို အမည်မသိ အုပ်စုက တိုက်ခိုက်ခြင်းကိုလည်း မိမိတို့အနေဖြင့် ကန့်ကွက်ကြောင်း၊ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို မြန်မာစစ်တပ်မှ ကာကွယ်ပေးရမည့်အစား သတ်ဖြတ်နေသည်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ဂျပန်အစိုးရ အနေနဲ့ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခြင်းများကို မြန်မာအစိုးရက ချက်ချင်း ရပ်တန့် ပေးရန်အတွက် တောင်းဆိုပေးရန် ပန်ကြားခဲ့သည်။ 

Comment ရေးရန်

Rohingya Exodus