မင်းပြားမှ အသက် (၁၇) နှစ် အရွယ် ရိုဟင်ဂျာ လူငယ်တစ်ဦးကို ရခိုင်အစွန်းရောက်များက ဓါးဖြင့်ခုတ်
RB News
17.11.2016
မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် သမီးလှ ကျေးရွာမှ အသက် (၁၇) နှစ် အရွယ် ရိုဟင်ဂျာလူငယ် တစ်ဦးကို ရခိုင်အစွန်းရောက်အုပ်စု တစ်စုက ယမန်နေ့ ညပိုင်းတွင် ဓါးဖြင့် ခုတ်၍ တိုက်ခိုက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မင်းပြားမြို့နယ် သမီးလှ (ဆာမီလား) ကျေးရွာမှ စပါးခင်းတွင် ကင်းစောင့်၍ နေသည့် အသက် (၁၇) နှစ် အရွယ် မိုဟာမတ်ဂျူနိုက် (ဘ) မော်လ၀ီ ဒူဒူအာလောမ် ကို ယမန်နေ့ (နိုဝင်ဘာလ ၁၆ ရက်) ည ၈း၃၀ နာရီ အချိန်တွင် ကံထိုက်ကျေးရွာမှ ရခိုင်အစွန်းရောက် အုပ်စုတစ်စုက လာရောက်၍ ဓါးဖြင့် ခုတ်ခဲ့ကြောင်း သိရှိရသည်။
ဓါးဖြင့် ခုတ်ခံရပြီးနောက် မိဘများက လုံခြုံရေး ကင်းစခန်းကို အကြောင်းကြားပြီး၊ လုံခြုံရေး အကူအညီဖြင့် မြောင်းဘွယ် ဆေးရုံသို့ ဆေးကုသရန် သွားရောက် ခဲ့သော်လည်း ဆေးရုံမှ ဆေးကုသမပေးဘဲ မောင်းထုတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။
ဓါးဖြင့်ခုတ်ခံရသူမှာ ဆေးဝါးကုသခွင့် လုံးဝ မရရှိခဲ့ဘဲ နေအိမ်သို့ ပြန်ခဲ့ရသည်ဟု ဆိုသည်။