March 18, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အသက်ဖြင့်ရင်း၍ ကိုးကွယ်ရာ ဘာသာကို ဆက်လက်ယုံကြည်သွားသူ ရခိုင်တိုင်းရင်းသား မောင်အေးထွန်း (ခ) အဒူမူနာဖ်

MYARF
RB News
23.11.2016

ဦးထွန်းအောင်ဇံရဲ့ သားဖြစ်တဲ့ မောင်အေးထွန်းက န.စ.က ခေတ်မတိုင်မီ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်မှာ အစ္စလာမ်ဘာသာကို ကူးပြောင်း သက်ဝင် ယုံကြည် ကိုးကွယ်လာတဲ့ ရခိုင်တိုင်းရင်းသား တစ်ဦးပါ။ အစ္စလာမ်ဘာသာကို လက်ခံပြီးတဲ့နောက်မှာ သူ့ရဲ့ နာမည်ကို အဒူမူနာဖ် လို့ အမည်ပြောင်းခဲ့တယ်။

ရေခဲချောင်းခွဆုံရွာမှာ လယ်ယာလုပ်သား အဖြစ်နဲ့ သူများဆီမှာ အလုပ်လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုလာခဲ့တယ်။ အဲလိုနဲ့ အဲဒီရွာက ရိုဟင်ဂျာအမျိုးသမီး တစ်ဦးနဲ့ ထိမ်းမြားလက်ထပ်ပြီး အဲဒီရွာမှာဘဲ အခြေချ နေထိုင်လာခဲ့တယ် အခု သေဆုံးသွားတဲ့ အချိန်ထိပါပဲ။

လက်ထပ်ပြီးတဲ့နောက် သား ၆ ဦး၊ သမီး ၂ ဦး ထွန်းကားခဲ့တယ်။

မောင်အေးထွန်း (ခ) အဒူမူနာဖ် က ရခိုင်တိုင်းရင်းသား စစ်စစ် တစ်ဦး ဖြစ်ပေမယ့်လည်း အစ္စလာမ်ဘာသာကို ကူးပြောင်းလိုက်တဲ့ အတွက် နိုင်ငံသား စီစစ်ရေး ကဒ်ပြား (ပန်းရောင်) ကိုင်ဆောင်ခွင့် မရှိတော့ဘဲ၊ ယာယီသက်သေခံ ကဒ်ပြားကိုသာ ကိုင်ဆောင်ခဲ့ရတယ်။ သူနဲ့ သူ့ရဲ့ သားသမီးတွေရဲ့ ကဒ်ပြားတွေမှာ ရခိုင်-ဘင်္ဂလီလို့ လူဝင်မှု ကြီးကြပ်ရေးဌာနက ရေးပေးတယ်။

ဦးအဒူမူနာဖ်ရဲ့ နေအိမ်က ရေခဲချောင်းခွဆုံ အနောက်ရွာမှာ ရှိခဲ့ပြီး သူ့ရဲ့ သားကြီး အသက် ၂၄ နှစ် အရွယ် အာဘူလ်ဟာရှိမ် အိမ်ကတော့ ဂုံးနားရွာမှာ ရှိခဲ့တယ်။ အာဘူလ်ဟာရှိမ်က ရေခဲချောင်းခွဆုံ ရွာလယ်မှာ ဆိုင်ခန်းလေးနဲ့ ဆန်၊ ဆီ၊ ဆား၊ ရေနံဆီ၊ ဓါတ်ဆီနဲ့ စားကုန်ပစ္စည်းတွေ ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုတယ်။

သူတို့အတွက် ကံဆိုးမိုးမှောင်ကျတဲ့နေ့ ဖြစ်တဲ့ နိုဝင်ဘာလ (၁၂) ရက်နေ့ ညနေ (၄) နာရီ အချိန်မှာ စစ်သားတွေက သေနတ် အဆက်မပြတ် ပစ်တော့ အာဘူလ်ဟာရှိမ်ရဲ့ ခါးနဲ့ လည်ပင်းမှ ကျည်ဆံ ထိမှန်ခဲ့တယ်။ တစ်ရွာလုံး မီးရှို့ခံရတော့ သူတို့ သားအဖ နှစ်ယောက်လုံးရဲ့ အိမ်နှစ်လုံးနဲ့ အရင်းအနှီး (၇၅) သိန်းလောက် ရှိတဲ့ အာဘူလ်ဟာရှိမ်ရဲ့ ဆိုင်လေးလည်း ပြာကျတဲ့ထဲ ပါသွားခဲ့တယ်။

အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ဦးအဒူမူနာဖ်တို့ မိသားစုက နိုဝင်ဘာလ (၁၃) ရက်နေ့မှာ ရေတွင်းကျွန်း ကျေးရွာကို သွားပြီး ခိုလှုံခဲ့ကြတယ်။ နိုဝင်ဘာလ (၁၄) ရက်နေ့မှာ ရေတွင်းကျွန်း ကျေးရွာကို စစ်သားတွေ ၀င်စီးတော့ ဦးအဒူမူနာဖ် အပါအ၀င် လူတစ်ချို့ကို ဖမ်းဆီးပြီး ခေါ်သွားခဲ့တယ်။ ဖမ်းခံရသူတွေထဲက ချမ်းသာသူနဲ့ ပညာတတ်သူ ၁၆ ယောက်ကို ငါးခူရ နယ်မြေစခန်းကို ခေါ်သွားခဲ့တယ်။ ဦးအဒူမူနာဖ် အပါအ၀င် ကျန်တဲ့လူတွေကို ရွက်ညိုတောင် စခန်း (၁၂) မှာ ချုပ်နှောင်ထားခဲ့တယ်။

ဦးအဒူမူနာဖ်ကို စခန်း (၁၂) မှာ ချုပ်နှောင်ထားတာကို ကံပြင်ကျေးရွာမှာ နေတဲ့ အစ်ကိုအရင်းက (ရခိုင် - ဗုဒ္ဓဘာသာဝင်) က သိသွားတဲ့အခါ စခန်းကို လိုက်သွားပြီး၊ ဦးအဒူမူနာဖ်က ရခိုင်သားတစ်ဦး ဖြစ်ပြီး၊ အစ္စလာမ်ဘာသာကို ကူးပြောင်းသွားခဲ့တာ ဖြစ်ကြောင်း၊ သူ့ရဲ့ ညီအရင်း ဖြစ်ကြောင်း စစ်သားတွေကို ပြောပြခဲ့တယ်။ အဲဒါနဲ့ စစ်သားတွေက ဦးအဒူမူနာဖ်ကို အစ္စလာမ်ဘာသာကို စွန့်လွှတ်ပြီး ဗုဒ္ဓဘာသာကို ပြန်ကူးပြောင်းဖို့၊ အဲဒီလို ကူးပြောင်းရင် ကံပြင်ကျေးရွာမှာ အိမ်ဆောက်ပေးမှာ ဖြစ်ပြီး၊ မဟုတ်ဘူးဆိုရင် အသေသတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။

ဦးအဒူမူနာဖ် ကတော့ ဘယ်လို အခြေအနေမှာဘဲ ဖြစ်ဖြစ် အစ္စလာမ်ဘာသာကို မစွန့်လွှတ်နိုင်ဘူးလို့ ပြန်ပြောခဲ့တယ်။ အဲဒီလိုပြောတော့ စစ်သားတွေက ဦးအဒူမူနာဖ်ရဲ့ မုတ်ဆိတ်ကို မီးရှို့လိုက်တယ်။ ပြီးတော့ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်တာ သေသွားတယ် ထင်ပြီး နိုဝင်ဘာလ (၁၆) ရက်နေ့ နံနက် အာရုဏ်တက် အချိန်တွင် စခန်း (၁၂) ရဲ့ အပြင်ဘက် လမ်းဘေးက မြောင်းနားမှာ ပစ်ချထားခဲ့တယ်။ အဲဒီနေ့ နေ့လည် (၁၂) နာရီလောက်မှာ စခန်း (၁၂) မှာ ချုပ်နှောင်ခံထားရသူ အချို့ကို ပြန်လွှတ်ပေးတော့ အဲဒီလူတွေက အိမ်ပြန်နေတဲ့ အချိန် ဦးအဒူမူနာဖ်ကို တွေ့ရှိသွားခဲ့တယ်။

အဲဒီလူတွေက ဦးအဒူမူနာဖ်ကို ရေတွင်းကျွန်းရွာကို သယ်ယူသွားခဲ့တယ်။ ရက်ရက်စက်စက် နှိပ်စက်ခံထားရတဲ့ ဦးအဒူမူနာဖ် (ခ) မောင်အေးထွန်း (အသက် ၅၅ နှစ်) ခမျာ ဆေးကုသခွင့် ဆိုတာ မရခဲ့ဘူး။

မိမိယုံကြည်လို့ ကိုးကွယ်တဲ့ သာသနာကို မစွန့်လွှတ်ဘဲ စစ်သားတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခါးစည်းခံခဲ့တဲ့ ဦးအဒူမူနာဖ်က နိုဝင်ဘာလ (၁၈) ရက်နေ့ (သောကြာနေ့) နံနက် (၇) နာရီ အချိန်မှာ ကွယ်လွန်သွားခဲ့ပြီး၊ အဲဒီနေ့ နေ့လည် (၂) နာရီမှာ ရေတွင်းကျွန်းရွာမှာဘဲ ရွာသူရွာသားတွေက မြေမြှပ်သဂြိုဟ်ခဲ့ကြတယ်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus