နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲ လိပ်ရ အခြေစိုက် နယ်မြေမှူးက ပျောက်ဆုံးနေသည့် အသွင်ဖြင့် နေခဲ့သဖြင့် စစ်ကြောင်းများပင် အလုပ်ရှုပ်ခဲ့ရ

MYARF
RB News
20.1.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ အပိုင် လိပ်ရ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူးသည် ယမန်နေ့ ညပိုင်းမှ စ၍ ပျောက်ဆုံးနေခဲ့သည့် အသွင်ဖြင့် နေခဲ့ပြီး၊ နယ်မြေအတွင်း စစ်ကြောင်းများပင် အလုပ်ရှုပ်ရသည့် အနေအထား အခြေအနေသို့ တွန်းပို့ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ အပိုင် လိပ်ရကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှနယ်မြေမှူးသည် ဇန်န၀ါရီလ (၁၉) ရက်နေ့ ည (၇) နာရီ အချိန်ခန့်မှစ၍ ပျောက်ဆုံးသွားသည့် ပုံစံမျိုး ဖန်တီးခဲ့ရာ နယ်ခြားစောင့်ရဲများက တစ်ညလုံး လိုက်လံ ရှာဖွေခဲ့ကြောင်း၊ နယ်ခြားစောင့်ရဲများ ၎င်းကို ရှာဖွေ မတွေ့ရှိ၍ ညသန်းခေါင်ယံ (၁) နာရီ အချိန်ခန့်တွင် တပ်မတော် စစ်ကြောင်းကို လှမ်းခေါ်သဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ နံနက် မိုးလင်းအချိန်တွင် နယ်မြေမှူးသည် နေအိမ်တစ်အိမ်မှ ထွက်လာခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

နယ်မြေမှူးသည် ယင်းကျေးရွာမှ ၀င်းလတ် ဆိုသူ၏ နေအိမ်သို့ ည (၇) နာရီ အချိန်မှစ၍ သွားရောက် တည်းခိုနေခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

ဝင်းလတ် ဆိုသူသည် ယခင်ကတည်းက နယ်မြေမှူး၊ စခန်းမှူး အပါအ၀င် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ၎င်း၏ ဆယ်ကျော်သက် အရွယ် သမီးရင်းဖြစ်သူ မ ------- နှင့် ကာမစိတ် ဖျော်ဖြေရေး အတွက် အခွင့်အလမ်းများ ဖန်တီးပေးခဲ့သောကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသောသူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

“နယ်မြေ လုံခြုံရေး တာဝန်ယူထားတဲ့ နယ်မြေခံ အကြီးတန်း အရာရှိကြီး တစ်ဦးက ညအချိန်မှာ သူ့ရဲ့ လက်အောက်ငယ်သား တပ်ဖွဲ့ဝင်တွေ မသိအောင် ပြည့်တန်ဆာ လိုက်နေတာက ဒေသတည်ငြိမ် အေးချမ်းရေး အတွက် အလွန် အန္တရာယ်ကြီးတဲ့ ဖြစ်ရပ်တစ်ခုပါ။ သက်ဆိုင်ရာ အကြီးအကဲတွေ အနေနဲ့ အခုလို မဖြစ်ပွားအောင် အချိန်မီ မဆောင်ရွက်ဘူးဆိုရင် ပေါ်ပေါက်လာမယ့် မလိုလားအပ်တဲ့ ပြဿနာတွေရဲ့ ဆိုးကျိုးတွေကို ခါးခါးသီးသီးခံရမှာက ကျွန်တော်တို့ ဒေသခံ ပြည်သူတွေဖြစ်တဲ့ အတွက် အစိုးရအနေနဲ့ အခုကိစ္စကို အလေးအနက်ထားပြီး အရေးယူစေချင်တယ်” ဒေသခံတစ်ဦးက စိုးရိမ်တကြီးဖြင့် ပြောသည်။


Comment ရေးရန်

Rohingya Exodus