နောက်ဆုံးသတင်း/ဆောင်းပါးများ

ဦးဇော်ဌေး လိမ်နေကြောင်း မြန်မာနိုင်ငံက Facebook User တစ်ချို့ ထုတ်ဖော်ပြောကြားပြီ

မောင်မှန်မြည်
RB News
8.1.2017

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကမ္ဘာကျော် သတင်းဌာနတစ်ခု ဖြစ်တဲ့ Al Jazeera က #AJNewsGrid အစီအစဉ်မှာ ရိုဟင်ဂျာသတင်းနဲ့ ပတ်သက်ပြီး ထုတ်လွှင့် ပြသခဲ့ပါတယ်။ အစီအစဉ်တင်ပြသူ ပြောပြသွားခဲ့တာက ရခိုင်မှာ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ဓာတ်ပုံအမှားတွေ Rohingya hashtag နဲ့ တက်လာတာ ရှိကြောင်း၊ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က အာဖရိကနိုင်ငံရဲ့ အဖြစ်အပျက် ဓာတ်ပုံတစ်ပုံကို ရခိုင်ကပုံဆိုပြီး hashtag နဲ့တွဲထားတာ တွေ့ရှိကြောင်း၊ ဒါပေမယ့် မြောက်မြားစွာသော သတင်းမှန်တွေလည်း မြန်မာနိုင်ငံထဲမှ ထွက်ပေါ်လာလျက်ရှိကြောင်း၊ မီးရှို့ခံရတဲ့ ရိုဟင်ဂျာတွေရဲ့အိမ်တွေကို အစောပိုင်းတုန်းက Human Rights Watch က ရိုက်ယူထားတဲ့ satellite ဓာတ်ပုံတွေလို ရိုနေဆန်းလွင်ကလည်း မီးလောင်နေတုန်း ရိုက်ထားတဲ့ ဓာတ်ပုံတွေ တင်ခဲ့ကြောင်း၊ သူက မြောက်မြားစွာသော တခြား အထောက်အထားတွေလည်း တင်နေလျက်ရှိနေကြောင်း၊ ကျမ (Al Jazeera သတင်းတင်ပြနေသူ) သူနဲ့ စကားပြောကြည့်တဲ့အခါ သူပြောပြသွားတာက ရခိုင်က သတင်းများစွာ ထွက်လာနေကြောင်း၊ မြန်မာအာဏာပိုင်များက အမြဲစောင့်ကြည့်နေတာကြောင့် ဓာတ်ပုံသွားရိုက်ယူရန် ဒေသခံရိုဟင်ဂျာများအကြား ကြောက်ရွံ့မှု ရှိနေတာကြောင့် ဓါတ်ပုံအကုန် ရရှိကြဖို့ မလွယ်ကူကြောင်းဆိုပြီး တင်ပြသွားတာ တွေ့ရပါတယ်။

အသေးစိတ်ကို ဒီမှာ ဝင်ကြည့်ရှုလို့ရပါတယ်-




ဒီသတင်းကို တစ်လခွဲကျော်ပြီးမှ မြန်မာအစိုးသတင်းဌာနများက တလွဲဘာသာပြန်ပြီး မြန်မာပြည်သူများအကြား မဟုတ်မမှန် ဝါဒဖြန့်နေတာ တွေ့နေရပါတယ်။ အစိုးရက သတင်းရေးသား မထုတ်ပြန်ခင် ပထမဆုံး မဟုတ်မမှန်ရေးသားပြီး ဝါဒဖြန့်ခဲ့တာက ကောင်းမြတ်မင်းစိုး ဆိုတဲ့ Facebook User တစ်ဦးဖြစ်ပါတယ်။ ဒါကို အစိုးရပြန်ကြားရေး လုပ်နေသူတွေကလည်း ကောင်းမြတ်မင်းစိုးကို အားကျပြီး နိုင်ငံပိုင် သတင်းဌာနတွေမှာ တင်ပြီး အကြီးအကျယ်ဝါဒဖြန့်လိုက်တာပါပဲ။

အစိုးရ ဘာသာပြန်ခဲ့တဲ့အထဲမှာ Al Jazeera သတင်းမှာ မပါတဲ့ အချက်အလက်တွေကို အပိုထည့်ရေးခဲ့တာ တွေ့ရပါတယ်။ ရိုနေဆန်းလွင်က သတင်းအမှားတွေ ဖြန့်ချိနေတယ်ဆိုပြီး Al Jazeera မှာ တစ်ခွန်းမှ မဟခဲ့ပေမယ့် အစိုးရက ရိုနေဆန်းလွင်ကပဲ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ လုပ်ကြံ သတင်းမှားများဖြန့်ချိနေတယ်လို့ Al Jazeera မှာ ပြောပြသွားခဲ့သလို ပုံစံမျိုးနဲ့ တလွဲဘာသာပြန်ခဲ့ပြီး နိုင်ငံပိုင် သတင်းဌာနတွေမှာ တင်ပြီး ဝါဒဖြန့်နေပါတော့တယ်။

အစိုးရထုတ်ပြန်တဲ့ သတင်းကို ဒီမှာ ဝင်ဖတ်နိုင်ပါတယ်-- 



ဒီလိုမျိုး Al Jazeera ကိုကိုးကားပြီး မဟုတ်မမှန် ဝါဒဖြန်နေတဲ့ အစိုးရရဲ့ ဝါဒဖြန့် သတင်းအောက်မှာ ဘုမသိဘာမသိတဲ့ မြန်မာပြည်သူ အများစုက ရိုနေဆန်းလွင်ကို သတင်းမှားဖြန့်ချိနေသူ ဆိုပြီး အမျိုးမျိုး ဆဲကြဆိုကြနဲ့ ပွဲကြမ်းနေတာ တွေ့ရှိရပါတယ်။ တစ်ချို့ကတော့ အမှန်ကို လေ့လာပြီး ပုဒ်မ ၆၆ ဃ ရဲ့အန္တရယ်ကြားကနေ အစိုးရရဲ့အမှားတွေကို ရဲရဲဝံ့ဝံ့ ထောက်ပြနေတာ တွေ့ရပါတယ်။

Facebook user တစ်ဦးဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Soe Moe Hlaing ဆိုသူက "ပြန်ကြားရေးအဖွဲ့ထဲ အင်္ဂလိပ်ဘာသာပြန်ကောင်းကောင်းတတ်တဲ့သူ ထည့်ထားပါလား....ကိုယ်တွေက ဖာချင်တာတောင် ဇော်ဌေးတို့လုပ်ထားတာက လုံးဝကြီးလွဲနေတော့ ဘာမှ လုပ်မရဘူးဖြစ်နေတယ်... ဦးဖေမြင့်လို နိုင်ငံကျော် ဘာသာပြန်စာရေးဆရာကို ဒီလိုနေရာမှမသုံးရင် ဘယ်နေရာသွားသုံးရမှာလဲ.... ကုလားကို ဆော်ချင်ပါတယ်ဆို
ကိုယ့်လူတွေက အသုံးမကျတော့ ကိုယ်တွေပဲ ခံနေရတယ်.." ဆိုပြီး အစိုးရရဲ့ ပြန်ကြားရေးမှာ အဓိက ဇတ်ကောင်နေရာ ယူထားတဲ့ ဦးဇော်ဌေးကို ပစ်မှတ်ထား ဝေဖန်ပြီး ရေးသားတင်ထားပါတယ်။ 

သူ့ရဲ့ နောက် Post တစ်ခုအောက်မှာ Tun Win ဆိုတဲ့ လူကလည်း မြန်မာအစိုးရရဲ့ ဘာသာပြန်မှုဟာ ထက်ထက်စင်အောင် လွှဲမှားနေကြောင်း ဆိုပြီး မှတ်ချက်ပြု ရေးသားခဲ့တာပါတယ်။

နောက် State Counseller Facebook page မှာတင်တဲ့ အဲ့ဒီ ဝါဒဖြန့်သတင်း အောက်မှာ မှတ်ချက်ဝင်ပေးခဲ့တဲ့ စာဖတ်ပရိသတ် ရာကျော်ထဲက Myo Zin ဆိုတဲ့လူက မြန်မာအစိုးရရဲ့ ဘာသာပြန် အလွန်အားနည်းမှုကို ထောက်ပြပြီး နိုင်ငံပိုင် သတင်းမီဒီယာတွေက ဒီလို မဟုတ်မမှန် ရေးသာဖြန့်ချိနေတာဟာ နိုင်ငံတကာအလည်မှာ မြန်မာနိုင်ငံကို သိက္ခာချစေတယ် ဆိုပြီး မှတ်ချက်ပြု ရေးသားထားပါတယ်။ 

မြန်မာအစိုးရရဲ့ စွပ်စွဲမှုခံထားရသူ ရိုနေဆန်းလွင်ရဲ့ Facebook စာမျက်နှာပေါ် ရေးသားတင်ပြချက်အရတော့ သူ့ကို Al Jazeera သတင်းဌာနက သတင်းအမှန်ရေးသားသူ၊ ပုံအမှန်တွေ တင်နေသူ အဖြစ် အသိအမှတ်ပြုပြီး ကမ္ဘာသိအောင် ကြော်ငြာပေးခဲ့တာသာ ဖြစ်ကြောင်း၊ တကယ်လည်း သူကိုယ်တိုင်က အမှန်ကို ချပြနေသူ ဖြစ်၍ အစိုးရနဲ့ တခြား အစွန်းရောက်လူတစ်ချို့ရဲ့ ဝါဒဖြန့်နေမှုတွေကို ဂရုစိုက်စရာမလိုကြောင်း ဆိုပြီး ရေးထားပါတယ်။ နောက်ပြီးတော့ မြန်မာအစိုးရက Al Jazeera သတင်းဌာနကို ကိုးကားလျက် တလွဲဘာသာပြန်ပြီး သူ့ကို ဂုဏ်သိက္ခာကျဆင်းအောင် တမင်လုပ်ကြံနေတာနဲ့ ပတ်သက်ပြီး Al Jazeera သတင်းဌာနကို သူအသိပေးထားကြောင်း၊ Al Jazeera ကလည်း သူတိုသတင်းတစ်ခုကို တလွဲဘာသာပြန်ပြီး ဝါဒဖြန့်နေတာနဲ့ ပတ်သက်၍ တုန့်ပြန်သွားမှာ ဖြစ်တယ် ဆိုပြီး ရိုနေဆန်းလွင်ကို ပြောကြားခဲ့ကြောင်း ရိုနေဆန်းလွင်က သူ့ Facebook စာမျက်နှာမှာ ရေးထားပါတယ်။

ခြုံငြုံပြီး သုံးသပ်လိုက်ရင် ဒီဇတ်လမ်းမှာ ဇတ်ကောင်က ၄ မျိုးရှိနေတာ တွေ့လိုက်ရပါတယ်။

၁။ Al Jazeera
၂။ ရိုနေဆန်းလွင်
၃။ မြန်မာအစိုးရပြန်ကြားရေးနဲ့
၎။ ပြည်သူပြည်သားများ ဖြစ်ကြပါတယ်။

ဒီဇတ်ကောင် ၄ မျိုးထဲမှာ မဟုတ်တာကို ဟုတ်သလိုလို လိုရာဆွဲဘာသာပြန်တဲ့၊ လူထုကို ထင်ယောင်ထင်မှားသွားအောင် သတင်းအမှားဖန်တီးပြီး လုပ်ကြံ ဝါဒဖြန့်နေခြင်းများ ပြုလုပ်နေတဲ့ မြန်မာအစိုးရနဲ့ ဘုမသိဘာမသိဘဲ မြန်မာအစိုးရရဲ့ ဝါဒဖြန့်မှုအောက် အရူးမီးဝိုင်းခံလိုက်ရတဲ့ အသိပညာနိမ့်ပါးတဲ့ မြန်မာပြည်သူအချို့တွေဟာ ကမ္ဘာအလယ်မှာ လူရယ်စရာ ဗီလိန်ဖြစ်သွားခြင်း ခံလိုက်ရပြီး ရိုနေဆန်းလွင်က အမှန်တရားကို အခက်အခဲများစွာကြားကနေ ရုန်းကန် ဖော်ထုတ်နေတဲ့ အကယ်ဒမီရသွားလောက်တဲ့အထိ ဦးဆောင်မင်းသား ဖြစ်သွားကြောင်း ရေးသားတင်ပြလိုက်ပါတယ်။






Comment ရေးရန်

Rohingya Exodus