နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော အောင်စစ်ပြင်တွင် ဒေသခံများကို အတင်းအဓမ္မ အလုပ်သမားများ အဖြစ် ပြန်လည် အသုံးပြုနေ

MYARF
RB News
28.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းအနီးရှိ အောင်စစ်ပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ၎င်း၏ လယ်ယာလုပ်ငန်းခွင်တွင် ဒေသခံရိုဟင်ဂျာရွာသားများကို အတင်းအဓမ္မ အလုပ်သမားများ အဖြစ် ပြန်လည်အသုံးပြုနေကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း အောင်စစ်ပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ဒေသခံရိုဟင်ဂျာများ၏ ဘိုးဘွားပြင် လယ်မြေများကို န.တ.လ စီမံကိန်းကို အကြောင်းပြ၍ သိမ်းယူခြင်း၊ တိုင်းရင်းသား အုပ်ချုပ်ရေးဖြစ်နေသည်ဟု ဆိုကာ သြဇာအာဏာသုံး၍ အတင်းအဓမ္မ သိမ်းယူခြင်းများ ပြုလုပ်ခဲ့ရာ ယခုဆိုလျှင် ဒေသခံရိုဟင်ဂျာများ၏ လယ်မြေ (၁၀) ဧက ကျော်ကို ၎င်း၏ ကိုယ်ပိုင်မြေများအဖြစ် သိမ်းယူထားပြီး ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဒေသခံရိုဟင်ဂျာများထံမှ မတရားသဖြင့် သိမ်းယူထားသည့် လယ်ယာမြေများကို ယခင်နှစ်များက ငှားရမ်း၍ ငှားရမ်းခသာ ယူခဲ့သော်လည်း ယခုနှစ်တွင် ၎င်းကိုယ်ပိုင် ကျွဲ၊ နွားမရှိဘဲ အုပ်ချုပ်ရေး အာဏာကို အလွဲသုံးစားပြုလုပ်၍ ဒေသခံ ရိုဟင်ဂျာများကို အတင်းအဓမ္မကို ကျွဲ၊ နွားများ ယူလာခိုင်းပြီး လယ်ထွန်ခိုင်းနေကြောင်း ဒေသခံများက ပြောပါသည်။ 

ဇူလိုင်လ (၂၃) ရက်နေ့တွင် အောင်စစ်ပြင်ကျေးရွာအုပ်စု၊ ကြက်ကျိန်းရွာမှ လယ်သမား (၂၀) ဦးကို ၎င်းတို့၏ နွားများနှင့် အတူ အတင်းအဓ္မ ဆွဲခေါ်လာက တစ်နေကုန် ထွန်ယက်စိုက်ပျိုးခိုင်းခဲ့ပြီး၊ နေ့စဉ်နေ့တိုင်း အလားတူ ခိုင်းစေမှုများ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။ 



Comment ရေးရန်

Rohingya Exodus