နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ကျီးကန်းပြင် စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာသည့် ရိုဟင်ဂျာများထံမှ နယ်ခြားစောင့်ရဲများက ငွေညှစ်

Rohingya Eye
RB News
28.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် စစ်ဆေးရေးဂိတ်မှ နယ်ခြားစောင့်ရဲများက ဖြတ်သန်းသွားလာသည့် ဒေသခံရိုဟင်ဂျာများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၂၅) ရက်နေ့တွင် မောင်တောမြို့နယ် မောင်နှမကျေးရွာအုပ်စု၊ ကျောက်ချောင်းကျေးရွာမှ ကော်ရီးမ်မူလ္လာ (ဘ) ဦးဘော်ဒူရူအစ္စလာမ် (အသက် ၁၈ နှစ်) သည် ကိုယ်ရေးကိုယ်တာကိစ္စဖြင့် မောင်တောမြို့ပေါ်သို့ သွားရောက်၍ နေ့လည် ၂ နာရီအချိန်ခန့်တွင် ဘတ်စ်ကားဖြင့် ပြန်သွားနေစဉ် ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးခံခဲ့ရသည်။ 

စစ်ဆေးခံရသူ ကော်ရီးမ်မူလ္လာ က ယာယီသက်သေခံ လက်မှတ်ထုတ်ပြခဲ့သော်လည်း နယ်ခြားစောင့်ရဲများက ငွေကျပ် တစ်ထောင် တောင်းခံခဲ့သည်။ ကော်ရီးမ်မူလ္လာက ၎င်းထံတွင် ငွေကျပ် တစ်ထောင် မရှိသဖြင့် ငွေကျပ် ငါးရာသာ ထုတ်ပေးသဖြင့် နယ်ခြားစောင့်ရဲများက ၎င်းအား ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။ နောက်ဆုံးတွင် ဘတ်စ်ကား ယာဉ်မောင်းက နယ်ခြားစောင့်ရဲများကို တောင်းပန်၍ ငွေကျပ် ၆ သောင်းပေးမှ ကော်ရီးမ်မူလ္လာကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ စစ်ဆေးရေး ဂိတ်တွင် ရိုဟင်ဂျာများ ဖြတ်သန်းသွားလာရာတွင် ယာယီသက်သေခံလက်မှတ်များနှင့် အတူ ရွာထွက်လက်မှတ်များ ထုတ်ပြသော်လည်း ငွေကျပ် တစ်ထောင်စီ အတင်းအဓမ္မ ညှစ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။



Comment ရေးရန်

Rohingya Exodus