ပြည်နယ်ရဲမှူးကြီး ကိုယ်တိုင် သင်တန်းပေးထားသည့် ဒေသန္တရရဲများက ဒေသခံရိုဟင်ဂျာတစ်ဦးကို သတိလစ်သည့်အထိ ထိုးကြိတ်ရိုက်နှက်
MYARF
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြည်နယ်ရဲမှူးကြီး ဦးဆောင်၍ သင်တန်းပေးထားသည့် ဒေသန္တရရဲများက တောင်ပြိုလက်ဝဲမြို့တွင် လမ်းသွားလမ်းလာ ဒေသခံရိုဟင်ဂျာများကို သတိမေ့သည့်အထိ ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။
RB News
13.7.2017
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြည်နယ်ရဲမှူးကြီး ဦးဆောင်၍ သင်တန်းပေးထားသည့် ဒေသန္တရရဲများက တောင်ပြိုလက်ဝဲမြို့တွင် လမ်းသွားလမ်းလာ ဒေသခံရိုဟင်ဂျာများကို သတိမေ့သည့်အထိ ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဗုဒ္ဓဘာသာဝင် လူငယ်များကို စစ်တွေမြို့သို့ ခေါ်ယူပြီး jပည်နယ်ရဲမှူးကြီး ကိုယ်တိုင် ဦးဆောင်၍ ဒေသန္တရရဲများ အဖြစ် ရဲသင်တန်းပေး၍ ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်ပို့ထားခဲ့သည်။ အဆိုပါ ဒေသန္တရရဲများသည် မြို့နယ်ရဲမှူး၏ အမိန့်ဖြင့် အစိုးရ ရဲတပ်ဖွဲ့ဝင်များနှင့် အတူ အရပ်ဝတ်များ ၀တ်၍ တာဝန်ထမ်းဆောင်လျက် ရှိသည်။
အဆိုပါ ဒေသန္တရရဲများသည် အရပ်ဝတ်များဖြင့် လမ်းသွားလမ်းလာ ဒေသခံရိုဟင်ဂျာများကို စစ်ဆေး မေးမြန်း၍ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဇူလိုင်လ (၁၂) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ဦးထွန်းမြင့် အပါအ၀င် ဒေသန္တရရဲ (၃) ဦးသည် နံ့သာတောင်ရွာမှ ဦးမိုဟာမတ်ယာဆေရ် (ဘ) ဦးဆွေယာဒ်အာမတ် (အသက် ၂၇ နှစ်) ကို တောင်ပြိုမြို့မဈေးသို့ အလာလမ်းမကြီးပေါ်တွင် ဖမ်းဆီး၍ (၃) ဦးစလုံးက ၀ိုင်းဝန်းထိုးကြိတ်သည့် အပြင် ဦးခေါင်းကို လမ်းပေါ်ရှိ ကျောက်တုံးနှင့် အကြိမ်ကြိမ် ဆောင့်တွန်းခဲ့သောကြောင့် ဦးခေါင်းကွဲ၍ ထိုနေရာတွင်ပင် သတိလစ် မေ့မျော သွားခဲ့သည်။ ရိုက်နှက်ထိုးကြိတ်ခံရသူကို လမ်းဘေးရှိ ဆိုင်များမှ ဆိုင်ရှင်များက ဖေးမကူညီ၍ တောင်ပြိုလက်ဝဲမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသခဲ့ရကြောင်း၊ ဆေးရုံဝန်ထမ်းများက ၎င်းအား ဆေးရုံတင်ထားချိန်တွင် မိသားစုဝင်များကို ၀င်ရောက် ကြည့်ရှုခွင့်မပေးခဲ့ကြောင်း ဖြစ်စဉ်တစ်ခုလုံးကို ကိုယ်တိုင် မြင်တွေ့ခဲ့သည့် မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောပါသည်။
အဆိုပါ ဒေသန္တရရဲများ ဖြစ်ကြသည့် ဦးထွန်းမြင့် အပါအ၀င် (၃) ဦးသည် အရပ်ဝတ်များဖြင့် တနေကုန် ရိုဟင်ဂျာရွာများအတွင်း လှည့်လည်၍ အမျိုးသမီးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြောသည့် ဘင်္ဂါလီစကားဖြင့် မဖွယ်မရာ ပြောဆိုခြင်း၊ တွေ့သမျှ ရွာသားများကို မဆိုင်သည်များကို မေးမြန်းခြင်း၊ လမ်းသွားလမ်းလာများကို စစ်ဆေးခြင်း၊ ရွာသားများကို ဆဲဆိုရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်း စသည်တို့ကို လိုင်စင်ရ သောင်းကျန်းသူ ဓါးပြများ ပုံစံဖြင့် ပြုလုပ်၍ ပြဿနာဖန်တီးရန် ကြိုးစားနေကြောင်း၊ ယခုကဲ့သို့ ဆက်လက် ပြုလုပ်နေမည် ဆိုပါက မခံမရပ်နိုင်သည့် အဆုံးတွင် ကြီးမားသည့် ပြဿနာများ ဖြစ်လာနိုင်သည်ဟု ဒေသခံများက ပြောပါသည်။
ဒေသန္တရရဲများ၏ ထိုးကြိတ်ရိုက်နှက်မှုကြောင့် သတိလစ်သွားခဲ့သည့် မိုဟာမတ်ယာဆေရ် |