နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာများကို လူမျိုးတုန်း သတ်ဖြတ်နေခြင်းအတွက် တိုကျိုမြို့တွင် လမ်းလျှောက်ဆန္ဒပြ

RB News
3.9.2017

တိုကျို၊ ဂျပန် -- မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်နေခြင်း အတွက် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ ဦးစီး၍ တိုကျိုမြို့တွင် လမ်းလျှောက် ဆန္ဒပြပွဲတစ်ရပ်ကို စက်တင်ဘာလ (၁) ရက်နေ့က ကျင်းပခဲ့သည်။ 

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် မြန်မာစစ်တပ်က ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာများ၏ ရွာများကို ရွာလုံးကျွတ် မီးရှို့ခြင်း၊ ရိုဟင်ဂျာများကို နေအိမ်များ မောင်းထုတ်၍ တစ်ဖက်နိုင်ငံသို့ တွန်းပို့နေခြင်းများအတွက် ဆန္ဒပြ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ 

ဆန္ဒပြပွဲသို့ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်၊ အမှုဆောင်များနှင့် အတူ အဖွဲ့ဝင် (၇၀) ဦး၊ ဂျပန်နိုင်ငံမှ ကျောင်းသား (၃၀) ဦးနှင့် ဂျပန်နိုင်ငံ အခြေစိုက် သတင်းဌာနများမှ သတင်းထောက်များ ပါဝင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်။ 

ထို့နောက် တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးခန်းတွင် ရိုဟင်ဂျာများကို မြန်မာစစ်တပ်က အကြမ်းဖက်နေခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) က စာတစ်စောင် ပေးအပ်ခဲ့သည်။






























Comment ရေးရန်

Rohingya Exodus