နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာတွေကို နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ ကုလ တိုက်တွန်း

20.11.2013

ကုလ သမဂ္ဂ လူ့အခွင့် အရေး ကော်မီတီက မြန်မ နိုင်ငံမှာ ရိုဟင်ဂျာ တွေကို တန်းတူ နိုင်ငံ သား ဖြစ် ခွင့် ပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်း ထားတဲ့ ဆုံးဖြတ်ချက် တရပ်ကို အင်္ဂါနေ့က အတည်ပြု လိုက်ပါ တယ်။

ဘာသာရေးနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှု တွေနဲ့ ပတ်သက်လို့မြန်မာအစိုးရအနေနဲ့ ထိထိရောက်ေ ရာက် ကိုင်တွယ် အရေးယူဖို့ ကိုလည်း တောင်းဆို လိုက်ပါတယ်။ 

အခုနှစ် မကုန်ခင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ် ပေးမယ် ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ က တိ စကားကို ကုလ သမဂ္ဂ လူ့အခွင့် အရေး ကော်မီတီက ကြိုဆို လိုက်ပြီး မြန်မာ အစိုးရ အနေနဲ့ အဲဒီ အ တိုင်း လိုက်နာ ဆောင်ရွက် သွားဖို့ မျှော်လင့် ထားတယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့်လည်း လူ့အခွင့် အရေးတောင်း ဆိုဆန္ဒပြသူတွေကို ထင်သလို ဖမ်းဆီး အရေးယူနေတာ မျိုးတွေ ၊ နိုင် ငံရေး အကျဉ်း သားတွေကို ဆက်ထိန်းသိမ်း ထားတာတွေ၊ မြေယာ အဓမ္မ သိမ်းယူမှုတွေ၊ လိင် ပိုင်း ဆိုင်ရာစော်ကား မှုတွေ၊ မတရား အနိုင်ကျင့် နှိပ်စက် ညှင်းပန်း မှုတွေ အပါအဝင် လူ့အခွင့် အရေး ချိုးဖောက်နေ မှုတွေ မြန်မာ နိုင်ငံမှာ ဆက်ရှိ နေတဲ့ အတွက် စိုးရိမ် မကင်း ဖြစ်မိတယ် လို့လည်း ကုလ သမဂ္ဂ လူ့အခွင့် အရေး ကော်မီတီက ပြောပါတယ်။

---------------------------------------------------------

မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး ဆုံးဖြတ်ချက် ကုလ အတည်ပြု 



20.11.2013

မြန်မာ နိုင်ငံမှာ မတူ ကွဲပြားတဲ့ လူမှု အသိုင်း အဝိုင်း တွေကြား ငြိမ်းငြိမ်း ချမ်းချမ်း အတူတွဲ နေထိုင်နိုင် ကြဖို့နဲ့ တဘက်ကို တဘက် သည်းခံနိုင် ကြဖို့ အတွက် ဘာသာကွဲ တွေကြား ဆွေးနွေးမှု တွေကို အားပေး လုပ်ဖို့ အစိုးရကို ကုလ သမဂ္ဂက တိုက်တွန်း လိုက်ပါတယ်။

ကုလ သမဂ္ဂ အထွေထွေ ညီလာခံရဲ့ လူသားချင်း စာနာမှုဆိုင်ရာတတိယ ကော်မတီ အစည်း အဝေး မှာ မြန်မာ နိုင် ငံက လူ့အခွင့် အရေး ချိုးဖောက်မှု တွေကို ကာကွယ် ဖို့နဲ့ လူ့အခွင့် အရေး အခြေ အနေ မြှင့် တင်ဖို့ အဆို မူကြမ်းကို အင်္ဂါနေ့က တညီ တညွတ်တည်း ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဆုံးဖြတ်ချက် ထဲမှာ နိုင်ငံမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာ တွေကို အပြည့် အဝ နိုင်ငံသား ပေးဖို့ မြန်မာ အစိုးရ ကို တိုက်တွန်း ထားပါတယ်။ မြန်မာ နိုင်ငံမှာ ဘာသာရေး အရရော လူမျိုးရေး အရပါ အားနည်း သူ တွေ အပေါ် ခွဲခြား ဆက်ဆံ နေတာတွေ၊ လူ့အခွင့် အရေး ချိုးဖောက် နေတာတွေ၊ အကြမ်း ဖက် နေ တာ တွေ ကို အစိုးရက အမြန်ဆုံး ကိုင်တွယ် ဖြေရှင်း ဖို့လည်း တိုက်တွန်း ပါတယ်။

အစိုးရက နိုင်ငံရေး၊ စီးပွားရေး အရ ပြုပြင် ပြောင်းလဲ မှုတွေ ဆက်လုပ် သွားဖို့ သန္ဓိဌာန် ချထားတဲ့ အပေါ် မှာလည်း ကုလ သမဂ္ဂ ကြိုဆိုထား ပါတယ်။ ပုံမှန် အားဖြင့် ဆုံးဖြတ်ချက် မူကြမ်းကို အဖွဲ့ဝင် နိုင်ငံ တွေကို ကြိုတင် ဖြန့်ဝေ ထားပြီး ပြင်ဆင် စရာ တွေကို ပြင်ဆင်ခွင့် ပေးပြီး တော့မှ အများ သဘော ဆုံးဖြတ်ချက် ချ ခဲ့တဲ့ ကုလ သမဂ္ဂ တတိယ ကော်မတီရဲ့ ဆုံးဖြတ်ချက် အပေါ် မြန်မာ သံအမတ်ကြီး ဦးကျော်တင်က တုန့်ပြန် မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

အဲဒီလို ပြောကြား ခဲ့တဲ့ ထဲမှာ မြန်မာ နိုင်ငံမှာ ဖြစ်တဲ့ အကြမ်းဖက် မှုတွေဟာ လူ့အသိုင်း အဝိုင်း အချင်း ချင်းကြား ဖြစ်ပွားတဲ့ အကြမ်းဖက် မှုတွေသာ ဖြစ်ပြီး ဆုံးဖြတ်ချက် ထဲမှာ မှားယွင်း ဖော်ပြထား သလို ဘာ သာ တခု အပေါ် တိုက်ခိုက် တာမျိုး မဟုတ်ဘူးလို့ ဆိုခဲ့ ပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ အသုံး အနှုန်း သုံးတဲ့ အပေါ်မှာလည်း ကန့်ကွက် ပြောသွားခဲ့ ပါတယ်။

မြန်မာ အစိုးရ အနေနဲ့ လူသားချင်း စာနာမှု အကူ အညီ တွေကို နိုင်ငံ တကာ အသိုင်း အဝိုင်း နဲ့ ပေါင်း ပြီး ပေးနေ သလို ဘာသာရေး ခေါင်းဆောင် တွေကြား ဆွေးနွေးပွဲ တွေကိုလည်း အားပေး နေပါ တယ်လို့ ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်တင်က ပြောကြား ခဲ့ပါတယ်။
   

  1. The cost of freedom is always high and one path we will never choose, and that is the path of surrender, or submission.

  2. Since the Myanmar government is adamant and playing a cat and mouse game with the International Community, it should strike the iron when it is hot and use an iron fist to tame these wild beasts. It is a blasphemous and unforgivable crime against humanity to insult a Faith that has a follower of 1,5 Billion aren’t taking any action. This justifies that Thein Sein himself is an accomplice and a collaborator in this muslims , a quarter of the entire mankind on this planet. How dare they do that and the authorities heinous crime. They have butchered hundreds of innocent Rohingyas and made thousand thousands homeless and displaced, their brutality is without border. Where is the rule of law in Myanmar ? The perpatrators should be brought to justice. Because…………
    The most lethal weapon on earth is not weapons of mass destruction or biological and chemical weapons but a humanity that has lost its sense of direction and descended into a state of barbarity.

    Saif Ali Khan
    Hamlet, West Arakan
    11/20/2013 06:42 PM BST

  3. Since the Myanmar government is adamant and playing a cat and mouse game with the International Community, it should strike the iron when it is hot and use an iron fist to tame these wild beasts. It is a blasphemous and unforgivable crime against humanity to insult a Faith that has a follower of 1,5 Billion aren’t taking any action. This justifies that Thein Sein himself is an accomplice and a collaborator in this muslims , a quarter of the entire mankind on this planet. How dare they do that and the authorities heinous crime. They have butchered hundreds of innocent Rohingyas and made thousand thousands homeless and displaced, their brutality is without border. Where is the rule of law in Myanmar ? The perpatrators should be brought to justice. Because…………
    The most lethal weapon on earth is not weapons of mass destruction or biological and chemical weapons but a humanity that has lost its sense of direction and descended into a state of barbarity.

    Saif Ali Khan
    Hamlet, West Arakan
    11/20/2013 06:42 PM BST


Comment ရေးရန်

Rohingya Exodus