နောက်ဆုံးသတင်း/ဆောင်းပါးများ

စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါက်တာမျိုးမြင့်ထံသို့ အိတ်ဖွင့်ပေးစာ



သို့

ဒေါက်တာမျိုးမြင့်
ဥက္ကဌ
စုံစမ်းစစ်ဆေးရေးကော်မရှင်
နေပြည်တော်

ရခိုင်ကိစ္စပြေလည်မှတိုင်းပြည်ဖွံ့ဖြိုးရေးရှေ့ဆက်နိုင်မည်ဟုသမ္မတကြီး၏ပြောကြားချက်ကို အလေး ထား စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူပေးပါရန်။

နိုင်ငံတော်သမ္မတကြီးသည် ရခိုင်အကြမ်းဖက်လုပ်ရပ်များကြောင့်တစ်နိုင်ငံလုံးထိပါးလာမူကိုလက်မခံနိုင်ဘဲ ကျောက်ဖြူ၊ တောင်ကုတ်ရာဇ၀တ်မူအားစုံစမ်းစစ်ဆေးရန် ကော်မရှင်တစ်ခါဖွဲ့ စည်းခဲ့သည်။ယခုတစ်ဖန် ရခိုင်ပြည်မြောက်ပိုင်းအတွက် ဒုတိယအကြိမ်ကော်မရှင်ဖွဲ့စည်းခဲ့ပြန်သည်ကိုတွေ့ ရပါသည်။

ဤသို့ ကော်မရှင်ဖွဲ့ စည်းရာတွင် တရားခံအဖြစ်ဝန်ခံထားသော RNDP နှင့် ALP တို့ ပူးတွဲပါဝင်လာခြင်းကို ပြည်တွင်း ပြည်ပမှ ကန့်ကွက်လာပြီးဖြုတ်ချကာ ရခိုင်ပြည်နယ်ကိုယ်စားပြုကျန်ပါတီများကိုအစား ထိုးဖြည့် စွက်ရန်သမ္မတကြီး ထံသို့  အရေးဆိုခဲ့ပါသည်။

အကယ်၍ တရားခံအဖြစ်ပါဝင်သူ RNDP နှင့် ALP ပါတီကတရားစစ်အဖြစ်ပါဝင်လာလျင် ဘယ်တော့မှ တိကျမှန်ကန်သောစုံစမ်းစစ်ဆေးမူရလဒ်ကိုဖော်ဆောင်နိုင်မည်မဟုတ်သည့်အပြင်ကော်မရှင်ကြားတွင်ပင် သဘောထားကွဲလွဲနိုင်ကြောင်းစိုးရိမ်မိပါသည်။

အကြောင်းမှာ သမ္မတကြီးကိုယ်တိုင် 9-8-2012 နေ့ တွင် RNDP နှင့် ALP တို့ အားခေါ်ယူတွေ့ ဆုံပြီးရခိုင်ကိစ္စပြေလည် ရေးကိုအလေးထားပြောကြားချက်ကို ရခိုင်ပါတီများကအကြမ်းဖက်ပြီး သူတော်ကောင်းလုပ်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်အတွင်းပူးတွဲပါဝင်လာခြင်းမှာသူခိုးလက်ထဲသို့ ဓါးရိုးကမ်းပမာဖြစ်နေကြောင်းလေ့လာတွေ့ ရှိရပါသည်။

ယခုဖွဲ့စည်းလိုက်သောကော်မရှင်သည် စစ်ဆေးမူပြုရာတွင် ရခိုင်တိုင်းရင်းသားများအခြေအနေဆိုတဲ့ ခေါင်းစဉ် နှင့်ဘင်္ဂလီမူစလင်မ်ဟုအတင်းခေါ်နေသော (ရိုဟင်ဂျာမူစလင်မ်) များ၏အခြေအနေ ဆိုတဲ့ခေါင်းစဉ် နှစ်ရပ်ဖြင့် စုံစမ်းစစ်ဆေးရန်ခွဲခြားထားသည်ကိုတွေ့ရပါသည်။ဤတွင်ရခိုင်လူမျိုးသည် ရိုဟင်ဂျာဆိုသောလူမျိုးရေးမုန်းတီးစိတ်ဓါတ်ဖြင့်အကြမ်းဖက်ခြင်းနှင့်ရိုဟင်ဂျာလူမျိုးများ ဧ။် လက်နက်မဲ့ခုခံကာကွယ်သောပြည်ထောင်စုစိတ်ဓါတ်ကိုအခြေခံ၍ လေးနက်စွာစုံစမ်းစစ်ဆေးပါရန် အလေးအနက်တိုက်တွန်းလိုက်ပါသည်။

တစ်ဖန် 22-8-2012 နေ့နိုင်ငံခြားရေးဝန်ကြီးဧ။်သတင်းထုတ်ပြန်ချက်အရ ဘာသာရေးအကြမ်း ဖက်မူမဟုတ်၊ လူသားချင်းစာနာမူဆိုင်ရာပြသနာလည်းမဟုတ်၊ ရာဇ၀တ်မူတစ်ခုကိုအခြေခံ၍ အကြမ်းဖက်မူ သာဖြစ် သည်ဟုယူဆကြရပါသည်။ ဤရာဇ၀တ်မူကိုသော်လည်းကောင်း၊အကြမ်းဖက်မူကိုသော်လည်းကောင်း၊ နိုင်ငံတော်မှ အချိန်မီတားဆီးမူအားနည်းသောကြောင့်လည်းကောင်း၊ ဘက်လိုက်မူများရှိခြင်းကြောင့်လည်းကောင်း၊ သတင်းမှန်အားထိန်းချုပ်ထားသောကြောင့် လည်းကောင်းလုံခြုံရေးအယောင်ဆောင်သူပုန်များကလက်နက်များဖြင့်ပစ်ခက်သောကြောင့်လည်းကောင်း လူမျိုးရေးအကြမ်းဖက်မူအသွင်သို့ ပို့  ဆောင်ပေးခြင်းကိုလေးနက်စွာစုံစမ်းဖော်ထုတ်လိုပါသည်။

ယနေ့ပြည်ထောင်စုဖွားတိုင်းရင်းသား ရိုဟင်ဂျာမူစလင်မ်များကို ဘင်္ဂလီဟူ၍လည်းကောင်း၊ ရခိုင်မူစလင်မ်များဟူ၍လည်းကောင်းမျိုးစုံစွပ်စွဲပြောဆိုခြင်းရှိရာအမှန်မှာဘင်္ဂလီတိုင်းသည်မူစလင်မ်မဟုတ်၊ မူစလင်တိုင်းသည်ဘင်္ဂလီမဟုတ်ပါ။ဤတွင်နယ်စပ်ထိစပ်မူဘင်္ဂလားဒေ့ရှ်ရှိတာမို့ဘင်္ဂလီမူစလင်မ်ရှိသလို၊ ဘင်္ဂလီဗုဒဘာသာလည်းရှိပါသည်။ ၄င်းမှာစစ်တွေမြို့ ကို ကြည့်သော် ဘောလုံးကွင်းရပ်ကွက်၊ မင်ဂံရပ်ကွက်၊စည်ဝတီရပ်ကွက်စသောစသောနယ်မြေတွင်ဘင်္ဂလီရခိုင်ဗုဒဘာသာဝင် 50% ကျော်နေထိုင်လျက်ရှိပြီး၎င်းတို့  ကိုအနောက်သားရခိုင်ဟုခေါ်လေ့ရှိသည်။

စင်စစ်ရခိုင်ဒေသကို ၁၈၂၄ ခုနှစ်မတိုင်မီကပင်တိုင်းရင်းသားအစ္စလာမ်ဘာသာဝင် မူစလင်မ်များနေထိုင်ခဲ့ သည်ကိုအကြောင်းခံ၍ ၁၉၄၈ခုနှစ်လွတ်လပ်ရေးရပြီးခေတ်အစိုးရအဆက်ဆက်က မူစလင်မ်များကိုပြည်ထောင်စုဖွားရိုဟင်ဂျာလူမျိုးဟူ၍အသိအမှတ်ပြုခဲ့သည်မှာသမိုင်းကြောင်းအရထင်ရှားပါသည်။

ဤသည်ကို 1962 ခုနှစ်အာဏာရှင်နေ၀င်းတက်လာပြီးအာဏာစက်ဖြင့်လူမျိုးစုပေါင်းများစွာကို စိတ်တိုင်းကျဖြုတ်ချပြီးမဆလစနစ်ဖြင့်သွေးခွဲအုပ်ချုပ်လာခဲ့မူကို၁၉၈၈အရေးတော်ပုံကြီးဖြင့်ချုပ်ငြိမ်းခဲ့သည်ကိုသတိရစေလိုပါသည်။

သို့ဖြစ်ပါ၍ ဤသို့ရခိုင်အကြမ်းဖက်မူသည် ၁၉၄၂ ခုနှစ်တစ်ကြိမ်၊ ၂၀၁၂ တစ်ကြိမ် (၂)ကြိမ်တိုင်တိုင် ကျူးလွန်ကြသော ရခိုင်အကြမ်းဖက်သူပုန်များကိုလူမျိုးဘာသာ၊သာသနာမခွဲခြားဘဲ အရှိတရားနှင့်အပြစ်တရားကိုအခြေခံပြီးအယောင်အဆောင်ကင်းမဲ့သောလှည့်စားမူကင်းပြီးစစ်ဆေးမူရလဒ်ကို ထိရောက်စွာအရေးယူပေးပါရန် လေးနက်စွာတောင်းဆိုအပ်ပါသည်။

အရေးသုံးပါး

1. အိုးမဲ့အိမ်မဲ့ဖြစ်သူများအား အမိုးအောက်ရောက်ရှိရေး၊
2. အကြမ်းဖက်သူများအား ထိရောက်စွာအရေးယူရေး၊
3. ရိုဟင်ဂျာများအားတိုင်းရင်းသားနိုင်ငံသားအဖြစ်အသိအမှတ်ပြုရေး။

ဇာနည်မောင် 
National Foundation
Bangkok

Comment ရေးရန်

Rohingya Exodus