ကျောက်တော်မြို့တွင် ရွာများမီးရှို့ဖျက်ဆီးမှုများ ရခိုင်အစွန်းရောက်များစတင်
RB News
5.8.2012
ယနေ့သြဂုတ်လ(၅)ရက်နေ့တွင်ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်ရှိရွာများဖြစ်သောဂုပ္ပိတောင်၊ ကျေးရွာ အပေါက်ဝနှင် ရွှေလှိုင်ကျေးရွာများရှိ အစ္စလာမ်ဘာသာဝင်များ၏နေအိမ်များကို ရခိုင်ဗုဒ္ဓဘာ သာ အ စွန်းရောက် များကမီးရှို့ခဲ့ကြောင်း သတင်းရရှိပါသည်။
5.8.2012
ယနေ့သြဂုတ်လ(၅)ရက်နေ့တွင်ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်ရှိရွာများဖြစ်သောဂုပ္ပိတောင်၊ ကျေးရွာ အပေါက်ဝနှင် ရွှေလှိုင်ကျေးရွာများရှိ အစ္စလာမ်ဘာသာဝင်များ၏နေအိမ်များကို ရခိုင်ဗုဒ္ဓဘာ သာ အ စွန်းရောက် များကမီးရှို့ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ယနေ့နေ့လည် ၁ နာရီခွဲခန့်တွင် ရခိုင်ဗုဒ္ဓဘာသာဝင် အစွန်းရောက်များက ဂုပ္ပိတောင်ကျေးရွာ သို့လာရောက်၍ အစ္စလာမ်ဘာသာဝင်များ၏နေအိမ်များကို မီးရှို့ခဲ့ကြောင်းသတင်းရရှိပါသည်။ ထိုရွာတွင် အစ္စလာမ်ဘာသာဝင်အိမ်ခြေ ၁၀၀ ကျော်ရှိသည်။ စတင်မီးရှို့သည့်အချိန် တွင်မြို့နယ် အာဏာ ပိုင် များကို ဆက်သွယ်အကြောင်းကြားသော်လည်း ထိုအခင်းဖြစ် ပွားရာနေရာသို့ လာနေသည် ဟုသာ တုန့်ပြန်ပြောဆိုကြောင်းသိရသည်။ အဆိုပါဂုပ္ပိတောင်ကျေးရွာတွင်နေထိုင်သူအများစု မှာဆင်းရဲသား လက် လုပ်လက်စားများဖြစ်ကြသည်။
နေ့လည် ၃ နာရီတွင် အပေါက်ဝကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များ၏နေအိမ် ၅၀ ကိုမီးရှို့ ခဲ့ကြောင်း သိရသည်။ ဒေသခံ တစ်ဦးမှသတင်းပေးပို့ရာတွင် အပေါက်ဝရွာရှိ အစ္စလာမ်ဘာသာဝင်များသည် ရခိုင်အစွန်းရောက် ဗုဒ္ဓဘာသာဝင်များ၏ ဘေးအန္တရာယ်မှ ကင်းဝေးသောနေရာ သို့ထွက်ပြေးနေကြ သည်ဟုသိရသည်။ လွန်ခဲ့သည့်လ ဇွန်လတွင်ထိုရွာ၌ အစ္စလာမ် ဘာသာဝင် များ၏နေအိမ် ၄၆ အိမ်မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထို့အပြင် အစ္စလာမ်ဘာ သာဝင်နှစ်ဦးရက် စက်စွာသတ်ဖြတ်ခံ ခဲ့ရကြောင်းဒေသခံများကပြောကြားချက်အရသိရှိရသည်။ အပေါက်ဝကျေးရွာတွင် အစ္စလာမ် ဘာသာဝင် တို့၏နေအိမ် ၂၀၀ ကျော်ရှိသည်။
တစ်ဖန်နေ့လည် ၄ နာရီတွင် အစ္စလာမ်ဘာသာဝင်များ ၏နေအိမ် ၁၃၀ ကျော်ရှိသည့်ရွှေ လှိုင်ကျေးရွာ ကိုလည်း ရခိုင်ဗုဒ္ဓ ဘာသာဝင်အစွန်းရောက်များက ၀င်ရောက် မီးရှို့ခဲ့ကြောင်း သတင်းရ ရှိပါသည်။