March 18, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား ၏ သတင်းစာရှင်းလင်းပွဲ

Tomás Ojea Quintana အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်

ဗွီအိုအေမြန်မာပိုင်း
4.8.2012

''၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကွင်တားနား တိုက်တွန်း''

မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်အား ငြင်းပယ်ခြင်းအပါအ၀င် ခွဲခြားဆက်ဆံမှုများရှိနေသော၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားက တိုက်တွန်းပြောဆိုလိုက်သည်။
၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းရခိုင်ပြည်နယ်သို့သွားရောက်ပြီး ဒေသခံရခိုင်တိုင်းရင်းသားများနှင့်  ရိုဟင်ဂျာလူမျိုးများကို သွားရောက်တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ပြီး၊
ယနေ့ညနေ ၆ နာရီခွဲတွင် မင်္ဂလာဒုံလေဆိပ်တွင် ပြည်တွင်းပြည်ပသတင်းမီဒီယာများအား ရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကုလ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားသည် မြန်မာနိုင်ငံခရီးစဉ်အတွင်းသမ္မတ ဦးသိန်းစိန်နှင့်အစိုးရအဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်၊
၈၈ မျိုးဆက်ကျောင်းသားများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့သလို၊ အင်းစိန်အကျဉ်းထောင်နှင့် ကချင်ဒေသသို့လည်း သွားရောက်ခဲ့သည်။
____________________________________________________________

ရခိုင်အရေး စွပ်စွဲပြောဆိုချက်များနှင့် စပ်လျဉ်း၍ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana ပြောကြား

ရခိုင်အရေး စွပ်စွဲပြောဆိုချက်များနှင့် စပ်လျဉ်း၍ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomás Ojea Quintana က သြဂုတ်လ ၄ ရက်နေ့က ရန်ကုန်မြို့တွင် ပြောကြားခဲ့သည်။

Tomás Ojea Quintana က မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်စရာပါ။ ကျွန်တော့်အနေနဲ့ အဓိကရုဏ်းတွေကြောင့် နေအိမ်တွေ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ ကြီးကြီးမားမား ဆုံးရှုံးမှုတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရပါတယ်။ တရားဥပဒေ စိုးမိုးရေး ပြန်လည်ဆောင်ရွက်တဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျွန်တော်ရရှိခဲ့တာနဲ့ ပတ်သက်လို့လည်း စိုးရိမ်မိပါတယ်။ ဒီစွပ်စွဲချက်တွေထဲမှာ ထိန်းသိမ်းထားတဲ့ နေရာတွေမှာ နှိပ်စက်ခြင်း၊ ထင်ရာ ဖမ်းဆီးခြင်းနှင့် ထိန်သိမ်းခြင်း၊ သတ် ခြင်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အင်အားအလွန်အကျွံသုံးခြင်းတွေ စတဲ့အချက်တွေ ပါဝင်ပါတယ်''ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana က ပြောကြားခဲ့သည်။

''ကျွန်တော်အနေနဲ့ ဒီစွပ်စွဲချက်တွေနဲ့ပတ်သတ်လို့ အချိန်မီ စစ်ဆေးနိုင်ခြင်းမရှိတဲ့အတွက် ဒါတွေနဲ့ပတ်သတ်လို့ အရမ်းစိုးရိမ်မိပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ယုံမှား သံသယမရှိအောင် ရှင်းရှင်းလင်းလင်း ပြသနိုင်ဖို့နဲ့ တာဝန်ယူမှုကိုသေချာမှု ရှိစေဖို့အတွက် အရေးကြီးလာပါတယ်။ ပြန်လည်စည်းလုံးညီညွတ်ဖို့ဆိုတာမှာလည်း ဒါတွေမရှိဘဲနဲ့ ဖြစ်လာနိုင်စရာအကြောင်း မရှိပါဘူး။ ပုံကြီးချဲ့ခြင်းနဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခြင်းတွေဟာ လူအဖွဲ့အစည်းနှစ်ခုကြား တင်းမာမှုနှင့် မယုံကြည်မှုတွေကို ပိုမိုလှုံဆော်ပေးရာ ရောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီး ကိစ္စရပ်အနေနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းလေ့လာမှု ပြုလုပ်ဖို့ တခြားသူတွေ တောင်းဆိုမှုနဲ့ ပတ်သက်လို့ ကျွန်တော်လည်း ပါဝင်တောင်းဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ရှိရင် ကျွန်တော့်အနေနဲ့ ကူညီနိုင်တယ်ဆိုတာကိုလည်း ပြောကြားလိုပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့ပြင် Tomás Ojea Quintana က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အင်းစိန်အကျဉ်းထောင်နှင့် ဘူးသီးတောင် အကျဉ်းထောင်များတွင် ရခိုင်ဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး ထိန်းသိမ်းခံထားရသည့် ကုလသမဂ္ဂ၀န်ထမ်း ခြောက်ဦးအား တွေ့ဆုံမေး မြန်းခဲ့ကြောင်း၊ မိမိ၏ တွေ့ဆုံမေး မြန်းမှုများကို အခြေခံပြီး ပြောရမည်ဆိုပါက ထိန်းသိမ်းထားစဉ်အတွင်း ၎င်းတို့အား ပြုမှုဆက်ဆံမှုများနှင့် စပ်လျဉ်း၍ အထူးစိုးရိမ်ပါကြောင်း၊ ၎င်းတို့အပေါ် စွပ်စွဲထားမှုများသည် အခြေအမြစ်မရှိဟု မိမိရှုမြင်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့အား ချက်ချင်းလွှတ်ပေးရန်နှင့် ၎င်းတို့၏ အမှုများအား ပြန်လည်သုံးသပ်ရန် တောင်းဆိုပါကြောင်းနှင့် ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအား မဆိုင်းမတွ သို့မဟုတ် ခြွင်းချက်မရှိ လွှတ်ပေးရန် ထပ်လောင်း တောင်းဆိုပါကြောင်း၊ အဆိုပါ လိုအပ်သည့်ခြေလှမ်း မလှမ်းဘဲနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရက်တစ် အကူးအပြောင်းသည် ရှေ့သို့ သွားနိုင်မည်မဟုတ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် အဆိုပါအရေးကိစ္စတွင် ဆက်လက်ဆောင်ရွက်ရန်လိုပါကြောင်း ပြောကြားခဲ့သည်။

မိမိအနေဖြင့် ရိုဟင်ဂျာ အသိုင်းအ၀ိုင်းပေါ် စနစ်တကျ ခွဲခြားဆက် ဆံမှုများနှင့်စပ်လျဉ်း၍ စိုးရိမ်မှုများကို စဉ်ဆက်မပြတ် ပြောကြားခဲ့ပါကြောင်း၊ အဆိုပါစိုးရိမ်မှုများတွင် ရိုဟင်ဂျာများအား တရားဝင်အခြေအနေ သို့မဟုတ် နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခြင်း၊ လွတ်လပ်စွာ သွားလာခွင့်ကို ကန့်သတ်ခြင်း၊ အိမ်ထောင်ပြုခြင်းအား ကန့်သတ်ခြင်းနှင့် အခြားခွဲခြားဆက်ဆံသည့် မူဝါဒများ ပါဝင်ကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြန်လည်သုံးသပ်မှုများ အပါအ၀င် အဆိုပါ ကိစ္စရပ်များကို ဖြေရှင်းရန် စီမံဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း Tomás Ojea Quintana က ပြောကြားခဲ့သည်။

ရိုဟင်ဂျာများ၏ နိုင်ငံမဲ့ဖြစ်မှုအတွက် ကြာရှည်ခံမည့် ဖြေရှင်းနည်းများ ရရှိရေးအတွက် ကူညီဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင်လည်း အခန်းကဏ္ဍတစ်ရပ် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် အဆိုပါနိုင်ငံ၏ နိုင်ငံသား အဖြစ် အသိအမှတ်ပြုခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ၎င်းတို့ နယ်နိမိတ်များအတွင်းရှိ လူအားလုံး၏ လူ့အခွင့်အရေးကို ကာကွယ်ရန် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ၎င်းတို့တွင် တာဝန်ရှိကြောင်းကို အသိအမှတ် ပြုရန်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ''ဗြိတိသျှ အစိုးရ ပြန်တမ်းမှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင် စာရင်းတွေမှာရော ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာသည် ကျွန်တော်တို့လူမျိုးထဲမှာ ပါဝင်တဲ့လူမျိုးမဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာ မရှိပါဘူး''ဟု မီဒီယာများသို့ ပြောကြားထားသည်။

အလားတူ ကချင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဆိုသည့် စွပ်စွဲပြောဆိုမှုများကို ဆက်လက်ရရှိနေပါကြောင်း၊ အဆိုပါ စွပ်စွဲပြောဆိုမှုများတွင် အရပ်သားများအား တိုက်ခိုက်ခြင်း၊ နှိပ်စက်ခြင်း၊ ထို့ပြင် မြေမြှုပ်မိုင်း အသုံးပြုခြင်း၊ ကလေးစစ်သားများ စု ဆောင်းခြင်း၊ အဓမ္မ လုပ်အားပေး စေခိုင်းမှုများရှိနေခြင်း၊ ပေါ်တာဆွဲခြင်းများကို နှစ်ဖက်စလုံးမှ ပြုလုပ်နေသည့်ဆိုသည့် စွပ်စွဲချက်များကို ရရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါစွပ်စွဲချက်များကို ဦးစားပေးအနေဖြင့် ဖြေရှင်းရေးမှာ အရေးကြီးသည်ဟု ထပ်လောင်း ပြောကြားလိုပါကြောင်း၊ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အားလုံးအနေဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများအား ကာကွယ်ရေးကို သေချာဆောင်ရွက်ရမည်ဖြစ်ကြောင်း Tomás Ojea Quintana က ပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် အိုင်အန်ဂျီအိုများ အပေါ်ထားရှိသည့် ထင်မြင်ချက်များနှင့် ပတ်သတ်၍လည်း စိုးရိမ်မိပါကြောင်း၊ အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ခွဲခြားမှုမရှိဘဲ တစ်ပြေးညီ ဆောင်ရွက်ရမည်ဆိုသည့်မူများအတိုင်း ဆောင်ရွက်နေခြင်းမရှိဟု ရခိုင်ဗုဒ္ဓဘာသာကြားတွင် ရှိနေသည့် ထင်မြင်ယူဆချက် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အဆိုပါထင်မြင်ယူဆချက်များကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများအား အစိုးရအာဏာပိုင်များနှင့် ပူပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဓိကရုဏ်းများကြောင့် ဒုက္ခသည်များအား ပြန်လည်နေရာချထားရေးနှင့် ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်ရာတွင် ရေရှည်မဟာဗျူဟာကို စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် လူအဖွဲ့အစည်းနှစ်ခုလုံးကို ခွဲခြားမှုမရှိဘဲ စုပေါင်းဆောင်ရွက်မှုကို အ ခြေခံရန် ဖြစ်ကြောင်း၊ အဆိုပါမဟာဗျူဟာသည် အဓိကရုဏ်းဖြစ်ရသည့် အဓိကအကြောင်းတရားများကို ဖြေရှင်းသင့်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ လူအဖွဲ့အစည်းများကြားတွင် တည်ရှိနေသည့် အမြစ်တွယ်နေသော ရန်လိုမုန်းတီးမှုနှင့် မယုံကြည်မှုများအတွက် အလွန်စိုးရိမ်ပါကြောင်း၊ အစိုးရအနေဖြင့် ရဲရင့်သည့်ခြေလမ်းများကို မလျှောက်လှမ်းပါက အခြေအနေ ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

၎င်း၏ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ လွှတ်တော်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသား လူအခွင့်အရေးကော်မရှင်၊ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့၊ အခြားအရပ်ဘက် လူအဖွဲ့အစည်း ကိုယ် စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း လူ့အခွင့်အရေး အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် ပြုပြင်ပြောင်းလဲမှု တိုးတက်မှုများကို လေ့လာအကဲခတ်ရန် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂၉ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ လာရောက်ခြင်းဖြစ်သည်။

Tomás Ojea Quintana သည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် သြဂုတ်လက ပထမဆုံး လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ် မေလမှစ၍ စတင်ဆောင်ရွက်နေသည်။

၎င်းသည် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် လာရောက်ခဲ့ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း လာရောက်ခဲ့ကာ ယခုခရီးစဉ်သည် ခြောက်ကြိမ်မြောက်ခရီးစဉ် ဖြစ်သည်။
*************************************************************************
ရခိုင်ပဋိပက္ခ သီးခြားလွတ်လပ်စွာ စုံစမ်းရေး ကင်တားနားတောင်းဆို

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့ကနေ စုံစမ်းစစ်ဆေး ပေးနိုင်ရေး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနား (Tomas Ojea Qintana) က တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်ကို အကဲခတ် ဆန်းစစ်ဖို့အတွက် မြန်မာနိုင်ငံကို တပတ်ကြာခရီး ရောက်ရှိနေချိန်မှာ မစ္စတာ ကင်တားနားက အခုလို ပန်ကြားလိုက်တာပါ။ ဒီအကြောင်းကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဆူပူမှုတွေ တည်ငြိမ်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့တွေက အဆမတန် အင်အားသုံးခဲ့တာတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စိုးရိမ်တဲ့အကြောင်း မစ္စတာ ကင်တားနားက သူ့ရဲ့ ၆ ရက်ကြာ ခရီးစဉ် အဆုံးသတ်တဲ့နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးတာတွေ ချက်ချင်း မလုပ်နိုင်ဘူးဆိုရင် အမှန်အတိုင်း မဟုတ်ဘဲ တဘက်နဲ့တဘက် ချဲ့ကား စွပ်စွဲပြောဆိုတာတွေ ရှိနေတာကြောင့် ပြန်လည် သင့်မြတ်ရေးအတွက် အလားအလာ မကောင်းဘဲ ယုံကြည်မှု ကင်းမဲ့နိုင်သလို တင်းမာမှုတွေလည်း တိုးလာနိုင်တယ်လို့ မစ္စတာ ကင်တားနားက ပြောသွားပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို သီးခြား လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ အဖွဲ့ ဖွဲ့ပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ တခြား အဖွဲ့အစည်းတွေက တောင်းဆိုနေသလိုပဲ ကျနော်ကလည်း တောင်းဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ အထောက်အကူ ပေးနိုင်ပါတယ်။”

မစ္စတာ ကင်တားနား ဟာ ဒီခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်အရေးတင်မကဘဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကိုလည်း တိုက်တွန်းခဲ့သလို မြန်မာနိုင်ငံ အနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေ ရှေ့ရှုတဲ့နေရာမှာ လူ့အခွင့်အရေး တိုးတက်ဖို့က အခရာကျတဲ့အကြောင်းကိုလည်း ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်နေတဲ့ ပြဿနာတွေ ဆက်ပြီး ရှိနေသေးပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖို့ လိုတယ် ဆိုတာကို ရခိုင်ပြည်နယ်က ပြဿနာတွေက သရုပ်ဖော် ပြသလိုက်တာပဲ ဖြစ်ပါတယ်။”

မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ၊ ရေနဲ့ မိလ္လာ တကိုယ်ရေ သန့်ရှင်းရေး စတာတွေအပေါ်မှာလည်း စိုးရိမ်တဲ့အကြောင်း အခုလို ပြောဆိုသွားပါတယ်။

“အကြမ်းဖက်မှုတွေကြောင့် အိုးအိမ် ဆုံးရှုံးရသူတွေနဲ့ အခြေအနေမဲ့ရသူတွေရဲ့ ဒုက္ခတွေကို ကျနော် ကိုယ်တိုင် တွေ့ခဲ့ရပါတယ်။ ဒုက္ခရောက်နေကြရတဲ့ နှစ်ဘက်စလုံးက လူထုကို စာနာကြောင်း အလေးအနက် ပြောကြားလိုပါတယ်။”

မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ ဒုက္ခသည်တွေကို လစ်လျူရှုမထားဖို့လည်း အခုလို ပန်ကြားပါတယ်။

“နိုင်ငံတကာ ဥပဒေအရ မိမိရဲ့ နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ ကိုယ့်ရဲ့ ပိုင်နက်ထဲမှာရှိတဲ့သူ အားလုံးရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ ၀တ္တရား ရှိတယ်ဆိုတာကို မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေတင်မကဘဲ ဒေသတွင်း နိုင်ငံတွေကပါ အသိအမှတ်ပြု လိုက်နာကြဖို့ ကျနော် တိုက်တွန်းပါတယ်။”

မစ္စတာ ကင်တားနားဟာ ဒီခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် အစိုးရ၀န်ကြီးအဖွဲ့ရဲ့ ရခိုင်ပြည်နယ်အရေး သတင်းစာရှင်းလင်းပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးနဲ့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်ကို ဆွေးနွေးခဲ့ပါသေးတယ်။

မစ္စတာ ကင်တားနားဟာ သောကြာနေ့က နေပြည်တော်ကို သွားရောက်ပြီး အစိုးရ ၀န်ကြီးတွေ၊ လွှတ်တော် ရေးရာ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး မနေ့က စနေနေ့ကတော့ ရန်ကုန်က မထွက်ခွာခင်မှာ နိုင်ငံတကာ လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ မစ္စတာ ကင်တားနား အနေနဲ့ ဒီခရီးစဉ်အတွင်း မြန်မာ့လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်အပေါ် အကဲခတ် စမ်းစစ်ချက်တွေနဲ့ ပတ်သက်ပြီး ရှေ့လမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်သွင်းဖို့ ရှိပါတယ်

Comment ရေးရန်

Pages 22123456 »
Rohingya Exodus