လူမျိုးရေး ပဋိပက္ခရပ်တန့်ရန် ပြင်သစ်နိုင်ငံမှ ပြောကြား
RB News
6.8.2012
မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေသောလူမျိုးရေးပဋိပက္ခရပ်တန့်၍ငြိမ်းချမ်းစွာပြန်လည်သင့်မြတ်ရေးသည် ပြင် သစ်နိုင်ငံ အတွက် အလွန်အရေးကြီးသည်ဟုပြောကြားလိုက်သည်။ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည် နယ်တွင်နေ ထိုင်ကြသော မွတ်စလင်များနိုင်ငံ သားဖြစ်ရန်လိုကြောင်း၊ ၎င်းတို့၏လူ့အခွင့်အရေး ရပိုင် ခွင့်သည်နိုင်ငံသားဖြစ်မှု/မဖြစ်မှုနှင့်မဆိုင်ဘဲ လူ့အခွင့်အရေးအပြည့်အ၀ရရန် လိုကြောင်းတို့ ကိုပြင် သစ်နိုင် ငံနှင့်သက်ဆိုင်နေကြောင်း ယနေ့သြဂုတ်လ (၆) ရက်နေ့တွင် ပြောကြားလိုက်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ မှပြည်သူလူထု အပေါ်ဖိနှိပ်မှုများရှိနေကြောင်း အစီရင်ခံစာများရှိနေပြီး မြန်မာနိုင် ငံအစိုး ရ အာဏာပိုင် များမှ ထိုသို့ရက်စက်မှုများကို ခွဲခြားခြင်းမရှိ ဘဲဖော်ထုတ်ရန်လို အပ်သည် ဟုပြင်သစ်နိုင် ငံမှပြောကြားသည်။ ထိုစစ်ဆေးမှုများ ပြုလုပ်နေဆဲကာလတွင် အိုးမဲ့အိမ်မဲ့ဖြစ်သွား သူများကိုလူ သားချင်းစာ နာထောက်ထားသည့် အကူအညီများထိရောက် စွာ ပေးအပ်ရန် လိုကြောင်း၊ မြန်မာ အစိုးရအာဏာပိုင်များ အနေဖြင့်လူမျိုးစုနှစ်ခုကို ခွဲခြားခြင်းမရှိဘဲ ပြန်လည်သင့်မြတ်ရေး ကို လုပ်ဆောင်သင့်ကြောင်းပြောသည်။
နယူးယောက်မြို့အခြေစိုက်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှအစီရင်ခံစာတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရိုဟင်ဂျာလူမျိုး များကိုပစ်ခတ်ခြင်း၊ ရိုဟင်ဂျာအမျိုးသမီးများကိုမုဒိန်းကျင့်ခြင်းနှင့် ရိုဟင်ဂျာများကို တိုက်ခိုက်သည့်ဘက်မှရပ်တည်ခဲ့ ကြောင်းအစီရင်ခံစာထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသောအကြမ်းဖက်မှုကြီး၌ လူပေါင်း ၈၀ ဇွန်လအတွင်းအသက် ဆုံးရှုံးခဲ့သည်ဟု အစိုးရ မှထုတ်ပြန် ခဲ့ပြီး လွန်ခဲ့သောတနင်္ဂနွေနေ့တွင်လည်း ခြောက်ဦးထပ်မံ အသက်ဆုံးရှုံး ခဲ့ရ သည်။ မြန်မာအစိုးရမှ အခြေအနေအားလုံးတည် ငြိမ်အေးချမ်းနေပြီ ဟုသတင်းထုတ်ပြန်ခဲ့သော်လည်း အမှန် တကယ် တည်ငြိမ်အေးချမ်းခြင်းမရှိသေးဟု ပြင်သစ်နိုင်ငံအစိုးရ မှပြောကြားခဲ့ကြောင်း သတင်းရရှိသည်။