နောက်ဆုံးသတင်း/ဆောင်းပါးများ

မြောက်ဦးမြို့တွင်ရိုဟင်ဂျာနှစ်ဦးအသတ်ခံရ


RB News
4.8.2012

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပူရင်းကျေးရွာအုပ်စု၊ ဇူလာကျေးရွာ မှရိုဟင်ဂျာလူမျိုးလယ်သမား (၅) ဦး သည် သြဂုတ်လ (၃) ရက်နေ့ညနေ ၆ နာရီခန့် တွင် လယ်လုပ်ပြီး၍ ရွာသို့အပြန်လမ်းတွင် လက်နက်များ၊ ဓါးများ ကိုင်ဆောင်ထားသော ရခိုင်ဗုဒ္ဓဘာသာ အစွန်းရောက် ၁၀ ဦးခန့်မှတိုက်ခိုက် ခဲ့ကြောင်းသတင်း ရရှိပါသည်။ 

ထိုသို့တိုက်ခိုက်ရာတွင် ရိုဟင်ဂျာနှစ်ဦး သည်ထိုနေရာ တွင်ပင်သေဆုံးခဲ့ပြီး၊ ကျန်သုံးဦးမှာပြင်းထန်စွာ ဒဏ်ရာ ရပြီး ထိုနေရာမှ ထွက်ပြေးလွတ်မြောက် ခဲ့ သည်။ ရက်စက်စွာသတ်ဖြတ် ခံရသူနှစ်ဦး၏ အလောင်းကို ရခိုင်အစွန်းရောက်များကမြစ်ထဲသို့ ပစ်ချလိုက်ကြသည်။ ရွာသူရွာသားများမှတညလုံးမြစ်သို့သွား၍ အလောင်း များကိုရှာဖွေခွင့်မရခဲ့ပေ။ ညမထွက်ရအမိန့်အပြင် ရခိုင်အစွန်းရောက်များ ၏အန္တရာယ်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ယနေ့နံနက်ပိုင်းတွင် ရွာသူရွာသား ၄၀ ကျော်မှ မြစ်သို့သွား၍ အလောင်း များကို ရှာဖွေရာ ယခုအချိန်ထိရှာဖွေ၍မရသေးကြောင်းသတင်းရရှိပါ သည်။ 

မြောက်ဦးမြို့တွင်မကြာသေးမှီကလည်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်စားသောက်သည့် ရိုဟင်ဂျာလူမျိုး (၄) ဦးအသတ်ခံခဲ့ ရကြောင်းသတင်းပေးပို့သူမှပြောသည်။ 

မြောက်ဦးမြို့ရှိရိုဟင်ဂျာလူမျိုးများမှာ တရွာမှတရွာသို့သွားရောက်၍မရသည့်အပြင် ဈေးဝယ်ရန်သွားခွင့် ကိုလည်းတားမြစ် ထားသည်ဟုသိရသည်။ ဈေးမှာ ပူရင်းကျေးရွာအုပ်စု၊ ဖွန်ဒူကုလ်၊ ပီပါရန်၊ တွန်ပါရာ၊ ဒါရှ်ပါရာ၊ ဇီးဇပါရာနှင့်ဇူလာပါရာတို့ နှင့်တစ်ကီလိုမီတာခန့်သာဝေးသော်လည်း ရိုဟင်ဂျာများ ကိုဈေး မရောင်းရန်အစိုးရအာဏာပိုင်များနှင့် ရခိုင်ဗုဒ္ဓဘာသာ အစွန်းရောက် များကတားမြစ် ထား ဟုသည် သတင်းရရှိပါသည်။ 

Comment ရေးရန်

Rohingya Exodus