နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်းတောမြို့တွင် စုံစမ်းရေးကော်မရှင် မရောက်မှီ ပညာတတ်များကို ဖမ်းဆီးလျက်ရှိ


RB News
8.9.2012

စက်တင်ဘာလ (၈) ရက်၊ မောင်းတော။ ။ ရခိုင်ပြည်နယ်၊ မောင်းတောမြို့တွင်စက်တင်ဘာလ (၆) ရက်နေ့မှစ၍ ပညာတတ်လူငယ်များနှင့်အပြောအဆိုတတ်ကျွမ်းသော အစ္စလာမ်ဘာသာဝင်များကို အာဏာပိုင်များမှလိုက်လံဖမ်းဆီး လျက်ရှိကြောင်းသတင်းရရှိပါသည်။ 

မောင်းတောမြို့သင်္ဘောဆိပ်လမ်းနေ မောင်ကျော် (ခ) နူးရ်မာမတ် (ကျော်အိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေး) အပါအ၀င် (၃) ဦးကိုစက်တင်ဘာလ (၆) ရက်နေ့တွင်အာဏာပိုင်များ ကဖမ်း ဆီးခေါ်ဆောင်သွားသည်။ တဆက်တည်းပင် စက်တင်ဘာလ (၇) ရက်နေ့တွင် မောင်းတောမြို့ရွှေဇား (ဂုနားရွာ) နေ ရော်ချီတ် (ဘ) အာမတ်ဟူးစိန်း ပါဝင်သောလူငယ် (၃) ဦးကိုလည်းအာဏာပိုင်များ ကဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးယာစီးန်မှပြောသည်။ 

ယခုကဲ့သို့ဖမ်းဆီးမှုများသည်မောင်းတောမြို့တွင်စုံစမ်းရေးကော်မရှင်ရောက်မလာမှီဖမ်းဆီးနေခြင်းဖြစ်ကြောင်းနှင့် ထိုကဲ့သို့သူများအပြင်တွင်ရှိနေလျှင် စုံစမ်းရေးကော်မရှင်မှမေးမြန်းမည်ဖြစ်သဖြင့် ဖမ်းဆီးထိန်းသိမ်းနေခြင်းဖြစ်ကြောင်း အဆိုပါဒေသခံဦးယာစီးန်မှဆက်လက်ပြောသည်။ ယခုလိုစုံ စမ်းရေးကော် မရှင်မရောက်မှီ အစ္စလာမ်ဘာသာဝင်များကို မတရား ဥပဒေမဲ့ဖမ်းဆီးနေခြင်းသည် ဖြေရှင်းခြင်း နည်းလမ်းတစ်ရပ်မဟုတ်ဟု၎င်းကပြောသည်။ 

Comment ရေးရန်

Rohingya Exodus