April 06, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

လူနည်းစုဘ၀ လုံခြုံရေး အတွက် တောင်းဆိုချက်


ရက်စွဲ  ။ ။  ၂၀၁၂ အောက်တိုဘာလ (၂) ရက်

လူနည်းစုဘ၀၏ခံစားချက်ကို လူနည်းစုဖြစ်နေသူများသာပို၍ နားလည်ပေသည်။ ကမ္ဘာမှာလူတစ်ဦး ချင်း သော်၎င်း၊ လူမျိုးစုအလိုက်သော်၎င်း၊ တိုင်ပြည်အချင်းချင်းသော်၎င်း ၊တူညီမှုများ ထက် မတူညီမှုများ ပို၍များပြားပါ သည်။ မတူညီခြင်းကိုအကြောင်းပြု၍ခိုက်ရန်ဖြစ်နေလျှင် တစ်ကမ္ဘာလုံးငြိမ်းချမ်းနိုင်ဘွယ်မရှိ။ မတူကွဲပြားသည်ကို သည်းခံပြီးနားလည်မှုရှိစွာ ဆက်သွယ်ယှဉ်တွဲနေထိုင်ခြင်းသည်ပင် ယနေ့လူသားများ လိုလားတောင်း တနေသော ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သည်။

ယနေ့ရခိုင်ပြည်နယ်တွင် မတူကွဲပြားခြင်းကိုသည်းမခံနိုင်သော အင်အားစုများအားကောင်း လာ ၍ အောက် ခြေရှိ ပြည်သူများ အသက်အိုးအိမ်၊ဥစ္စာပစ္စည်းဆုံးရှုံးမှုဒဏ်ကို ခါးသီးစွာခံနေရသည်ကို ၀မ်း နည်း စွာတွေ့ ရ၏။ လူပေါင်းသိန်းချီ၍အိုးအိမ်စွန့်ခွာပြီး ဒုက္ခသည်စခန်းများမှာတဲထိုးနေရသည်။ အိုးအိမ်မပျက်မစီးကျန်ရှိနေသူများလည်း၊အိမ်ပြင်မထွက်နိုင်၊ရွာပြင်မထွက်နိုင်၊ နေ့စဉ်နိစ္စဓူဝ စားဝတ် နေရေး အတွက်စီးပွားမရှာနိုင်သဖြင့်အစာ ရေစာပြတ်လတ်နေသည်။ အဟာ ရချို့တဲ့ပြီး ဆေးဝါး မမှီ ၀ဲနိုင် ဘဲ သေကြေနေကြသည်။ ထိုအခြေအနေမှ လွတ်ကင်းရန် သဟဇာတကျကျပုံမှန်လူမှုဘ၀ တည် ဆောက်နိုင်ရန်အချိန်ကြာမြင့်မည်ဟူသောရှင်းလင်း ပြောကြားချက်များကြားရသည်မှလည်းရင်လေးစ ရာဖြစ်နေပါသည်။

မြန်မာပြည်တွင် ဆူပူမှု၊ ဆန္ဒပြမှုများ နိုင်ငံအတိုင်းအတာဖြင့် ဖြစ်ပွားခဲ့သော အကြိမ်ပေါင်းများ စွာ ရှိ ခဲ့ ပေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရက်ပိုင်းအတွင်း တည်ငြိမ်အေးချမ်းအောင် ထိန်း သိမ်းနိုင် ခဲ့ကြောင်း တွေ့ရခဲ့သည်။ ၂၀၀၇-ခုနှစ်တွင် ရွှေဝါရောင်တော်လှန်ရေးအမည်တွင်ခဲ့သည့် သံဃာတော် များဦးဆောင်သောလှုပ်ရှားမှုကိုပင်အစိုးရကနိုင်အောင်ထိန်းနိုင်ခဲ့သည်။ ယခုရခိုင်ပြည်နယ်မှာ ဇွန်လလဆန်း မှ စတင်ခဲ့သောလူ သတ်မှု၊ဆူပူမှုအကြမ်းဖက်မှု၊မီးရှို့သတ်ဖြတ်မှုများယနေ့အထိရှိနေခြင်း၊ လူမှုစီးပွား ဘ၀ပုံ မှန် အနေအထားသို့မရောက်နိုင် ခြင်းသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအားနည်းချက်ဟု သုံးသပ်မိ ပါသည်။ တာဝန်ရှိသူများအားလုံးအသိ စိတ်ဓါတ်အပြည့်ဖြင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံအေး ချမ်းရေးအတွက် အမြန်ဆောင်ရွက်ရန်လိုအပ်မည်ဟု ထင်မြင်ပါသည်။

ထိုကြားမှ၂၉-၉-၂၀၁၂ခုနေ့ ဘင်္ဂလားဒေရှ်နိုင်ငံ၊ ကောစ်ဘဇာခရိုင်အတွင်း ရခိုင်အမျိုးသားများ၏ အိုးအိမ် တချို့၊ ဘုန်းကြီးကျောင်းတချို့ကို အများစုဖြစ်သောမူဆလင်များက တိုက်ခိုက်မီးရှို့ကြောင်း သတင်းများ ရရှိပါသည်။ အကြောင်းပြချက်က R.F.A သတင်းအရအစ္စလာမ်ဘာသာဝင်များ၏ “ကုရ်အာန်” ကျမ်းကို စော်ကားခြင်း၊အစ္စလာမ်ဘာသာကို ကဲ့ရဲ့ရှုံ့ချခြင်းများကို ကောစ်ဘဇာအခြေခံ Facebook မှာ တွေ့ရှိသည်ဟု သိရသည်။ Facebook မှ တဆင့်ဆဲဆိုစော်ကားခြင်းသည် လူတဦး၊(၀ါ)လူတစု ကသာ ပြုလုပ်ခြင်းဖြစ်ရမည်။ ရခိုင်အားလုံး၊ဗုဒ္ဓဘာသာ အားလုံးက ပြုလုပ် ခဲ့ခြင်းမဟုတ်နိုင်ပါ။ လူ တစ်ယောက်ပြု ကျင့်သောပြစ် မှုအတွက် စုပေါင်း ဒဏ်ခတ်ခြင်း သည်၎င်း၊ လူများစုက လူနည်းစုကို အနိုင်ကျင့်ခြင်းသည်၎င်း၊ ယဉ်ကျေးသောအမူအကျင့်မဟုတ်ပါ။ အစိုးရပိုင်လုံခြုံရေး ထိန်းသိမ်းမှုပိုင်းမှာ အများစုဖြစ်သော မူဆလင်များ၏ လွှမ်းမိုးမှုရှိမည်မှာ ဧကန်မုချဖြစ်ပါသည်။ ဤသို့ မီးရှို့ဖျက်စီးခြင်း သည်အာဏာပိုင်အသိုင်းအ၀ိုင်းများ၏အားပေးမှု(သို့မဟုတ်) မျက်ကွက်ပြုမှုကြောင့်သာဟု ကျွန်တော် တို့က ကိုယ်ချင်းစာစိတ်ဖြင့် နားလည်သဘောပေါက်ပါသည်။

မဖြစ်သင့်သောဖြစ်ရပ်တစ်ခုအဖြစ် ရှုံ့ချလိုပါသည်။ ရခိုင်ပြည်နယ်တွင် တုန်လှုပ်ခြောက်ခြားနေရသော ကာလတွင်နယ်စပ်တဘက်တွင် ရခိုင်များနှင့်ဘင်္ဂါလီများပြဿနာပေါ်ပေါက်ခြင်းက ရခိုင်ပြည်နယ်မှမူ ဆလင်များ ပိုမိုကြီးမားသောအခက်အခဲ အန္တရာယ်များနှင့် ရင်ဆိုင်သွားရမည်ကို စိုးရိမ်ပါသည်။ ရခိုင်ပြည်နယ်မှဖြစ်ရပ်များနှင့် ဆက်စပ်မှုမရှိဟုသိရသဖြင့် အသက်ရှုချောင်လာသည်မှာတော့ အမှန်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မှာဖြစ်သော အရေးအခင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက အချိန်မှီထိန်း သိမ်းပေးရန်၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသား၊လူမျိုးခြား မခွဲခြားဘဲလုံခြုံမှု အပြည့်အ၀ပေးရန်၊ နစ်နာဆုံးရှုံးမှု အတွက် အမြန်ဆုံးနစ်နာကြေးပေးရန် (သို့မဟုတ်) ပြန်လည်တည်ဆောက်ပေး ရန် တောင်း ဆိုလိုပါသည်။

ရခိုင်ပြည်နယ်ဖက်မှာရှိသောရိုဟင်ဂျာများ(မူဆလင်များ)၊ ရခိုင်များအားလုံးကို စိတ်အေးလက်အေးထားပြီး ဆင်ဆင်ခြင်ခြင် ထိန်းထိန်းသိမ်းသိမ်းနေကြပါရန် တောင်းပန်ပါသည်။ ပျက်စီးရန်လွယ်သည်၊ တည်ဆောက်ရန် မလွယ်ကြောင်း သဘောပေါက်သင့်ပါသည်။ ငယ်သောအမှုကြီးအောင် မလုပ်သင့် ပါ။ လောဘ၊ ဒေါသ၊ မောဟများသည် အမင်္ဂလာတရားများဖြစ်ပါ သည်။ မေတ္တာ၊ ဂရုဏာ၊မုဒိတာ၊ ဥပေ က္ခာဆိုသည့် ဗြမစိုရ်စိတ်ဓါတ်ဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးကို အမြန်ဆုံးစုပေါင်း ညှိနှိုင်း တည်ဆောက်ကြပါ စို့ဟု တိုက်တွန်းလိုပါသည်။


ဦးကျော်မင်း
ရွေးကောက်ပွဲအရွေးခံကိုယ်စားလှယ်ဟောင်း
ဘူးသီးတောင်မြို့နယ်
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ
ယခင်CRPP အဖွဲ့ဝင်ဟောင်း
၃၁၇၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus