နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြားဖြတ်သတင်း - ကျောက်တော်မြို့ နောက်ဆုံးရသတင်း


RB News
25.10.2012

(၂၅-၁၀-၂၀၁၂) ယနေ့ ညနေ(၄)နာရီခွဲတွင် ရခိုင်အကြမ်းဖက်သမား အင်းအား (၁၅၀၀)ခန့်မှ မူစလင်မ်ကျေးရွာဖြစ်သော ရတနာပုံ၊ တောင်မွေကျေးရွာအား ၀င်ရောက်တိုက်ခိုက်ရာ အိမ်ခြေအ လုံးရေ(၁၈၀) မှ(၁၆၀)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ (၂)ဦးသေဆုံး၍ (၃)ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။
သေဆုံးသူများမှာ…

၁။ မော်လ၀ီရှောမ်ရှု(ဘ)အလီအမတ် အသက်(၆၇)နှစ် 
၂။ ဒေါ်ရရှီဒါး(ဘ)ဗေဒါအလီ အသက်(၅၅)နှစ် တို့ဖြစ်သည်။

ထို့အတူ တောင်ဘောက်ရခိုင်ကျေးရွာတွင် လက်နက်(၄၅)လက်နဲ့ အကြမ်းဖက်သမားများကို ဖမ်းဆီး ရမိ၊ ပေါက်တော် ပလောင် မူစလင် ကျေးရွာသို့ တိုက်ခိုက်ရန်လာသော အကြမ်းဖက်သ မား(၃၁)ယောက်နှင့် လက်နက် အချို့ဖမ်းဆီးရမိ၊ အပေါက်ဝ မူစလင်မ်ကျေးရွာသို့ ၀င်ရောက်တိုက် ခိုက်ရန် ၀င် လာသော စက်လှေ(၄)စီးနှင့် အကြမ်း ဖက်သမားများကို သက်ဆိုင်ရာမှ ဖမ်းဆီး ထားကြောင်း ဒေ သ ခံများ မှ အ တည်ပြု ပြောကြားသွားသည်။

ယခုအခါ ရခိုင်အကြမ်းဖက်သမားများသည် တုတ်၊ဓါး သက်သက်ဖြင့် တိုက်ခိုက်ခြင်းမဟုတ်ဘဲ စစ်တပ်သုံး လက်နက်များဖြင့် ၀င်ရောက် ပစ်ခတ်သောကြောင့် အသေအပျောက်များနေကြောင်း သိရှိရသည်။ 

Comment ရေးရန်

Rohingya Exodus