မြန်မာပြည်ရဲ့ ရိုဟင်ဂျာနဲ့ မွတ်စလင်နှိပ်ကွပ်ရေးပဋိပက္ခမှာ ဘယ်သူတွေ အမြတ်ထွက် | ဒေါက်တာမောင်ဇာနည်
နိုဝင်ဘာ ၁၁၊ ၂၀၁၂
တရုတ်ရဲ့ စပယ်ရှယ် နည်းပညာဇုန်နဲ့ စီးပွားရေးဇုန်ဖြစ်နေတဲ့ ကျောက်ဖြူမှာ ရိုဟင်ဂျာနဲ့ အခြားမွတ်စလင်တွေကို အုံလိုက်ကျင်းလိုက် မီးရှို့ဖျက်ဆီးခံရတာတွေ ဖြစ်ခဲ့ပါတယ်။
ဒီလို ရိုဟင်ဂျာတွေနဲ့ အခြားမွတ်စလင် အခြေချနေထိုင်သူတွေကို ဖွံ့ဖြိုးတိုးတက်ရေးပေါ်လစီတစ်ခုလိုမျိုး လူမျိုးတုန်းသတ်ဖြတ်နေတဲ့အချိန်မှာ မြန်မာပိုင်မြေကို ထုံးစံအတိုင်း သိမ်းပိုက်နေတာတွေ၊ အင်အားသုံး ယူငင်နေတာတွေအတွက် ဘာကြောင့်စိုးရိမ်စိတ်တွေ ၀င်နေရတာလဲ?
ဒါပေမယ့်အဲဒီဟာက အချက်အလက်တော်တော်များများကို ထောက်ပံ့ပေးနေပါတယ်။
၁) ဒီပဋိပက္ခက ဒေသခံ ကုလားမုန်းတီးရေး ရခိုင်တွေကို ပျော်ရွှင်စေပါတယ်။
၂) ဒီပဋိပက္ခက ဗုဒ္ဓဘာသာဝင်လူများစုကြီးနဲ့ အယောင်ဆောင်အသွင်ပြောင်းလဲရေးလှုပ်ရှားနေတဲ့ နေပြည်တော်က ဆိုင်ကိုဝင် ဘ၀င်ဟပ်နေကြသူတွေအကြား သတင်းလွေ့လွေ့ပေါင်းဖက်ပြီး ချီတက်သွားဖို့ပါ။
၃) ဒီပဋိပက္ခကပဲ သည်လေဒီကြီးရဲ့ နိုင်ငံတကာပေါ်ပြူလာဖြစ်မှုကို မှေးမှိန်သွားစေနိုင်ပါတယ်။ (သည်လေဒီကြီးရဲ့ နိုင်ငံတကာစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကို မြှူဆွယ်နိုင်တဲ့ မျက်နှုာဖုန်းအရည်အချင်းကိုပါ ဖုန်းအုပ်သွားနိုင်စေပါတယ်။)
၎) ဒီပြဿနာကပဲ နှစ် ၅၀ လောက် ဖိနှိပ်ခံထားရပြီး ဖော်ပြဖို့တောင် မစွမ်းသာတဲ့ အမုန်းတရားတွေ၊ ခါးသီးမှုတွေ၊ ဒေါသတွေနဲ့ စွမ်းအားကင်းမဲ့မှုတွေ စတာတွေ ဗလောင်ဆူပြည့်နေတဲ့ ရောဂါကြီးကိုကုစားဖို့ ဆိုင်ကိုဗျူဟာ ဆေးတလက်လည်း ဖြစ်နေပါတယ်။
၅) ဒီပြဿနာကပဲ မြန်မာပြည်ရဲ့ စစ်ဗျူဟာမှူးကြီးတွေကို ဗုဒ္ဓဘာသာဝင်လူများစုကြီးအကြား နိုင်ငံရေးနဲ့ သမိုင်းကြောင်းဆိုင်ရာ သမားတော်ကြီးများဖြစ်စေခဲ့ပါတယ်။ အခု စစ်တပ်နောက်မှာ ထောက်ခံကြောင်း ဟစ်ကြွေးနေတဲ့ ရဟန်းတွေကဆိုရင်တော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကပဲ ရွှေဝါရောင်တော်လှန်ရေးအတွင်း စစ်တပ်ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။
၆) ဒီပြဿနာကပဲ နေပြည်တော်က စစ်တပ်ကို “အစ္စလာမ်မစ် အခြေခံဝါဒီတွေကို သုတ်သင်တိုက်ခိုက်ဖို့ ကနဦးအခွင့်အရေး” ပေးလိုက်ပါပြီ။ အစ္စလာမ်မစ် အခြေခံဝါဒီတွေကို သုတ်သင်တိုက်ခိုက်ရေးဆိုတာက ၀ါရှင်တန်ရဲ့ စကားလုံးလည်း ဖြစ်နေတာကိုး။
၇) ဒီပြဿနာကပဲ အသွင်ပြောင်းအစိုးရမတက်မီ ထွက်သွားခဲ့တဲ့ သန်းရွှေကို ဆန့်ကျင်လိုသူတွေ၊ မကျေမနပ်ဖြစ်နေသူတွေအတွက် နိုင်ငံရေးမှာ လိုသလိုကြိုးဆွဲနိုင်ဖို့ နေရာလပ်တွေ ချန်ထားရစ်ခဲ့ပါပြီ။
မူရင်း – www.transcend.org
Translated by- (MMV)