ရခိုင်ပဋိပက္ခ ကုလသမဂ္ဂ စိုးရိမ်ပူပန်
ဒီမိုကရက်တစ်မြန်မာ့အသံ
27.11.2012
ကုသလမဂ္ဂက မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြားက အကြမ်းဖက်မှုတွေအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောဆိုလိုက်သလို အာဏာပိုင်တချို့က လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ အစီရင် ခံချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။နိုင်ငံပေါင်း ၁၉၃ နိုင်ငံ တက်တဲ့ အထွေထွေညီလာခံ တတိယကော်မတီက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် အကြမ်းဖက်မီးရှို့မှု ဖြစ်ပွားခဲ့စဉ်
ဆုံးဖြတ်ချက်ထဲမှာ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေရဲ့အခြေအနေပေါ်မှာ စိုးရိမ်ကြောင်းနဲ့ သူတို့တွေရဲ့ အခြေအနေတွေ တိုးတက်အောင် ဆောင်ကျဉ်းပေးဖို့နဲ့ နိုင်ငံသားဖြစ်ခွင့်အပါအ၀င် သူတို့အားလုံးရဲ့ လူ့ အခွင့် အရေးကို ကာကွယ်ပေးဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။
ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်ရာမှာ မှန်မမှန် အတည်ပြုချက် မရ ယူ ခဲ့ဘဲတိကျမှန်ကျန်မှုမရှိတဲ့အချက်တွေကိုအမှီပြုပြီးသိမ်းကျုံးစွပ်စွဲထားချက်တွေပါဝင်နေတယ်လို ပြောပါ တယ်။ ဒီဆုံးဖြတ်ချက်ကိုလက်ခံပေမယ့်ရိုဟင်ဂျာကိုလူနည်းစုအဖြစ်သုံးစွဲတဲ့အပေါ်ကိုတော့ မြန်မာ ကိုယ်စားလှယ်အဖွဲ့က ကန့်ကွက်ခဲ့ပါတယ်။
မြန်မာပြည်မှာ ရိုဟင်ဂျာလိုမျိုး တိုင်းရင်းသားအုပ်စု မရှိပါဘူးလို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ ကိုယ်စား လှယ် က ပြောဆိုခဲ့သလို နိုင်ငံသားနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံဟာ တရားဥပဒေ အ တိုင်း ဆောင် ရွက်နေပါတယ်လို့ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့အကြမ်းဖက်မှုဟာ အုပ်စု ၂ စု အကြားဖြစ်တဲ့ အကြမ်းဖက်မှုသာဖြစ်ပြီး ဘာ သာရေး ဖိနှိပ်မှုမဟုတ်ဘူးလို့ မြန်မာကိုယ်စားလှယ်က ပြောပါတယ်။
ကုလသမဂ္ဂ ဆုံးဖြတ်ချက်ထဲမှာ ကချင်ပြည်နယ်တွင်းက လက်နက်ကိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ အလေး အနက်စိုးရိမ်မှုကို ထည့်သွင်းဆုံးဖြတ်ခဲ့သလို ခွဲခြားဆက်ဆံမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ နေရာရွှေ့ပြောင်းနေထိုင်ရမှုတွေနဲ့ သက်ရောက်မှုရှိတဲ့ တိုင်းရင်း သားလူ နည်း စု ဧရိ ယာတွေ မှာ စီးပွားရေး ချို့တဲ့မှုတွေအတွက် အစိုးရက ကြိုးပမ်းမှုတွေကို အရှိန်မြှင့်ဖို့ တိုက်တွန်း ထား ပါတယ်။