နောက်ဆုံးသတင်း/ဆောင်းပါးများ

Burma Campaign UK နှင့်အဖွဲ့ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံ

ဓါတ်ပုံ - Burma VJ Media Network
RB News
27.11.2012

နိုဝင်ဘာ (၂၆) ။ ။ မြန်မာနိုင်ငံ၊ နေပြည်တော်သို့ရောက်ရှိနေသာ Burma Campaign UK မှ အမှုဆောင် ဒါရိုက်တာများ ဖြစ်ကြသော Mr. Mark Farmaner နှင့် Ms. Anna Roberts တို့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်အား ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်တွင် နိုဝင်ဘာ (၂၆) ရက်နေ့ ည ၇ နာရီမှ ၈ နာရီထိ သွားရောက် တွေ့ဆုံခဲ့သည်။

တွေ့ဆုံ ဆွေးနွေးမှု အသေးစိတ်နှင့် ပတ်သက်၍ Burma Campaign UK နှင့်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ မှသတင်း တစုံတရာ ထုတ်ပြန်ခြင်း မရှိဘဲ Burma VJ နှင့် Burma Campaign UK တို့မှတွေ့ဆုံ ခဲ့ကြောင်းကို သာသတင်း ထုတ်ပြန်ခဲ့သည်။

Burma Campaign UK အဖွဲ့နှင့်အတူ ဗြိတိန်နိုင်ငံမှ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အတွင်းဝန် Mr. Ivan Lewis MP လည်းအတူ လိုက်ပါ၍ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့ ကြောင်းသိရသည်။

Mr. Ivan Lewis မှ ရိုဟင်ဂျာ မွတ်စလင် များတိုက်ခိုက် ခံနေရခြင်း နှင့်ပတ်သက်၍ အထူးစိုးရိမ် ပူပန်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်အား အကြမ်းဖက် မှုကြီး ရပ်တန့် သွားရန် အတွက် အစွမ်းကုန် တားဆီး ပေးရန်နှင့် နိုင်ငံသား ဖြစ်ခွင့် ပြဿနာ တို့ကို ပြေလည် အောင်ဖြေရှင်း ရန်အတွက် ပြောဆိုခဲ့ကြောင်း  သတင်း ရရှိပါသည်။

Comment ရေးရန်

Rohingya Exodus