ကျောက်နီမော်တွင်ပြဿနာဖြစ်ပွားရန်လှုံ့ဆော်မှုများရှိနေ
နိုဝင်ဘာ (၁၂) ။ ။ နိုဝင်ဘာလ
(၉) ရက်နေ့ (သောကြာနေ့) တွင်ရခိုင်အစွန်းရောက်အမျိုးသား၊ အမျိုးသမီး (၁၁) ဦးတို့သည်
ကြက်ခြေနီ ၀တ်စုံများဝတ်ဆင်၍ ကျောက်နီမော်ကျေးရွာသို့ ကားတစ်စီးဖြင့်ရောက်ရှိလာကြောင်းသတင်းရရှိသည်။
ထို (၁၁) ယောက် တွင် (၅) ယောက်မှာစစ်တွေမြို့မှဖြစ်ပြီး ကျန်သည့် (၆) ယောက်မှာ ရမ်းဗြဲမြို့မှဖြစ်ကြောင်းစုံစမ်းသိရှိရသည်။
ထိုသူတို့သည်
ကျောက်နီမော်ကျေးရွာမှ ရခိုင်အစွန်းရောက်ခေါင်းဆောင်များဖြစ်ကြသော စီးပွားရေးသမားဖြစ်ကြသည့်
ဦးညီပုနှင့်ဦးဘညွန့်တို့၏စီစဉ်ပေးမှုဖြင့် ဆိုက်ကယ် (၉) စီးဖြင့် မသီတာထွေး၏မိသားစုများရှိရာ
သပြေချောင်းကျေးရွာသို့ သွားရောက်ခဲ့ကြပြီး၊ ငွေ ၁၈ သိန်းပေးအပ်ကာ သီတာထွေးဖောင်ဒေးရှင်းအမည်ဖြင့်
ကျောက်နီမော်ကျေးရွာအတွင်း ပြဿနာမဖြစ်ဖြစ်လာအောင်ဖန်တီးနိုင်ရန် အဖွဲ့အစည်းတစ်ခုဖွဲ့စည်းခဲ့ကြောင်း
ကျောက်နီမော်ရွာသားတစ်ဦးမှ သတင်းပေးပို့သည်။
ရခိုင်ဗုဒ္ဓဘာသာဝင်လူငယ်များနှင့်လည်းတွေ့ဆုံ၍
ကျောက်နီမော်ရွာအားလုံခြုံရေးတာဝန်ယူထားသော စစ်သား အယောက် ၂၀၀ တွင်ရာဘာကျည်ဆံများသာရှိကြောင်း၊
စစ်သားများအားကျည်ဆံအစစ်များထုတ်မပေးရန် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား
သူ့အမျိုးသမီး (ကာချုပ်၏ဇနီးဒေါ်ကြူကြူလှသည်ရခိုင်လူမျိုးဖြစ် ကြောင်းသိရသည်) မှတဆင့်စည်းရုံးထားပြီဖြစ်ကြောင်း၊
ကာကွယ်ရေးဦးစီးချုပ်၏သားမင်္ဂလာပွဲတွင်လက်ဖွဲ့ရန် ရခိုင်ခေါင်းဆောင်များမှ သိန်းပေါင်း
(၂၀၀၀) ကျော်ကောက်ခံထားခဲ့ကြောင်း၊ စသည်ဖြင့်လူငယ်များအားသွေးထိုးလှုံ့ဆော် ပေးခဲ့ပြီး၊
ပြဿနာဖန်တီးနိုင်ရန်နည်းဗျူဟာများကိုလည်းချမှတ်ပေး
ခဲ့ကြောင်းကျောက်နီမော်ရွာသားများမှတဆင့် သတင်းရရှိသည်။
ခဲ့ကြောင်းကျောက်နီမော်ရွာသားများမှတဆင့် သတင်းရရှိသည်။
ကျောက်နီမော်ရွာအတွင်း
ရခိုင်အစွန်းရောက်များမှမွတ်စလင်များအား ဂျင်ဂလိဖြင့်ပစ်ခတ်မှုအကြိမ်ကြိမ်ရှိနေပြီး၊
လူ (၅) ယောက်ပြင်းထန်စွာဒဏ်ရာရရှိခဲ့သော်လည်း တာဝန်ရှိရဲများမှထိရောက်စွာအရေးယူခြင်းမရှိသည့်အပြင်
မွတ်စလင်လူငယ်နှစ်ဦးအား ဂျင်ဂလိလက်ဝယ်ရှိမှု့ဖြင့်ပြစ်ဒဏ်ချ အရေးယူခဲ့ကြောင်းသိရသည်။
RB
News