နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်အကျဉ်းထောင်မှ ရိုဟင်ဂျာတစ်ဦးသေဆုံး


ဌေးဇော် 
RB News 
24.12.2012 

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ မောင်းတောမြို့တွင် ဇွန်လဆန်း၌ အကြမ်းဖက် မှုဖြစ်ပွားပြီးနောက် အပြစ်မဲ့ ရိုဟင်ဂျာ မွတ်စလင်မြောက် များစွာကို ဖမ်းဆီးခဲ့သည်။ အချို့ကို ဘူးသီးတောင်မြို့အကျဉ်းထောင် တွင် ချုပ်နှောင်ထားပြီး၊ အချို့ကို စစ်တွေ အကျဉ်းထောင်သို့ ပို့ခဲ့သည်။ ဘူးသီးတောင်မြို့ အကျဉ်းထောင် တွင် ညှင်းပန်းနှိပ်စက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး၊ အလောင်းများကို မိသားစုများထံ မအပ်နှံဘဲ၊ ကျင်းကြီးတူး ၍မြှပ်နှံ ခဲ့ခြင်း များပြုလုပ်ခဲ့သည်။

ထိုသို့ ဖမ်းဆီး ခဲ့ရသူများထဲတွင် မောင်းတောမြို့နယ်၊ ဒုသန်ဒါရွာ မှမော်လ၀ီဦးမိုဟာမတ်ဟရူးန် (ဘ) ဦးဂနီအာမတ် (အသက် ၄၀ နှစ်) လည်းတစ်ဦး အပါအ၀င်ဖြစ်သည်။ ဖမ်းဆီးခဲ့ရပြီးနောက်ပိုင်းမှ စ၍ ဘူးသီးတောင်မြို့ အကျဉ်းထောင်ထဲတွင် နည်းလမ်းမျိုးစုံဖြင့် ညှင်းဆဲခံရပြီး အကျဉ်းထောင်မှ ဒီဇင်ဘာ (၂၂) ရက် (စနေနေ့) တွင်ဘူးသီးတောင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ပေးခဲ့သည်။ ရရှိခဲ့သည့် ဒဏ်ရာ များစွာကြောင့် ယမန်နေ့ (ဒီဇင်ဘာ ၂၃၊ တနင်္ဂနွေနေ့) ညပိုင်းတွင် ကွယ်လွန် သွားခဲ့ကြောင်း သိရ သည်။

မောင်းတောမြို့နယ်တွင်နေထိုင်သောမိသားစုကိုအကြောင်းကြား၍ သေဆုံးသူ၏ရုပ်ကလပ်ကိုလွှဲပြောင်း ပေး ခဲ့သည်ဟု ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။ မိသားစုများမှ ဘူးသီးတောင်မြို့နယ်မွတ်စလင် သင်္ချိုင်းတွင် ယနေ့သဂြိုလ်လိုက်ကြောင်းသတင်းရရှိပါသည်။ မော်လ၀ီဦးမိုဟာမတ်ဟာရူန်းတွင် သား ၃ ယောက်နှင့် သမီး ၅ ယောက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်အတွင်းရှိ မတရားသဖြင့် ဖမ်းဆီးခံထားရသော အကျဉ်းသား အများ စုမှာ နည်းလမ်း မျိုးစုံဖြင့် ညှင်းဆဲခံထားရသောဒဏ်၊ ကျန်းမာရေးနှင့် မညီညွတ်သော အကျဉ်းထောင် ထဲတွင် ထားရှိခြင်း တို့ကြောင့် ရောဂါပေါင်းစုံ ခံစားလျက်ရှိနေပြီး၊ ထိုအကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေ များစွာလွန်စွာစိုးရိမ်ဖွယ် ရှိကြောင်း အကျဉ်းထောင်မှ အမည်မဖော် လိုသော  တပ်ဖွဲ့ဝင် တစ်ဦး မှပြောပါသည်။

Comment ရေးရန်

Rohingya Exodus