နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြားဖြတ်သတင်း - မောင်းတောတွင်နစကမှသေနတ်ဖြင့်ပစ်ခတ်

သေနတ်ဖြင့်ပစ်ခတ်၍ ဒဏ်ရာရသွားသူ (ဓါတ်ပုံ -  Mohammed Ayub)
Mohammed Ayub
RB News
ဒီဇင်ဘာ (၄) ၂၀၁၂

မောင်းတောမြို့။ ။ မောင်းတောမြို့တွင် နယ်စပ်ဒေသကွပ်ကွဲရေးရုံး (နစက) မှတပ်ဖွဲ့ဝင်တစ်ဦးမှ ရိုဟင်ဂျာ မွတ်စလင်လူငယ်တစ်ဦး မဆင်မခြင်ပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိပါသည်။ 

အခင်းဖြစ်ပွားပုံမှာ ယနေ့နေ့လည် ၁၂ နာရီ မိနစ် ၄၀ တွင် ရိုဟင်ဂျာလူငယ်တစ်ဦး (အမည်မသိရသေး) မှ ကျီးကန်းပြင်ကျေးရွာနှင့် အောင်ဇေယျကျေးရွာ (နတလရွာ) အနီးမှဖြတ်၍ မေယုတောင်တန်းသို့ ထင်းခုတ် ရန်သွားနေစဉ် နစကတပ်ဖွဲ့ဝင်များနှင့် ရခိုင်အစွန်းရောက်တချို့မှ တိုက်ခိုက်ခဲ့သည်ဟုသိရသည်။ နစက တပ်ဖွဲ့ဝင်တစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ထိုလူငယ်၏ခြေထောက်တွင်ထိမှန်ပြီး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။

ဒဏ်ရာရရှိသွားသူ၏အမည်၊ နေရပ်လိပ်စာအတိအကျကိုစုံစမ်းနေဆဲဖြစ်သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသောလူငယ် (ဓါတ်ပုံ - Mohammed Ayub)
အခင်းဖြစ်ပွားပြီးနောက် နစကတပ်မှအကြီးတန်းအရာရှိတစ်ယောက်ရောက်ရှိလာပြီး ဖြစ်စဉ်ကိုစုံစမ်းသွား သော်လည်း တစ်စုံတစ်ရာအရေးယူခြင်းမျိုးမရှိကြောင်းသတင်းရရှိပါသည်။ 

Comment ရေးရန်

Rohingya Exodus