MYARF အဖွဲ့ ဖွဲ့စည်းခြင်း ငါးနှစ်ပြည့်နေ့တွင် မြန်မာအစိုးရအား တောင်းဆိုသည့် အချက် ၁၀ ချက်ပါ ကြေညာချက်
MYARF ၏ ငါးနှစ်ပြည့် နှစ်ပတ်လည်နေ့တွင် အချက် (၁၀) ချက်ပါ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်၍ မြန်မာအစိုးရထံ တောင်းဆိုအပ်ပါသည်။
တောင်းဆိုချက်များမှာ --
(၃) ပညာရေးကဏ္ဍ တွင် ရိုဟင်ဂျာ လူငယ်များအား တက္ကသိုလ်၊ ကောလိပ် များသို့ တက်ရောက် ပညာသင် ယူခွင့်ပေးပါရန်နှင့် အခြေခံအဆင့်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းလက်ခံပြီး စာသင်မပေးဘဲ အချိန်ဖြုန်း ဘဝဆုံးအောင် ပြုလုပ်နေမှုများ ရပ်တန့်ပေးပါရန်။
(၅) ကျန်းမာရေးကဏ္ဍတွင် မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များ နေရာအလိုက် ချပေးပါရန်၊ ကျေးရွာများတွင် တာဝန်ကျသော သားဖွားဆရာမများ သွားရောက် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှုအား စီစစ်ပြီး အရေးယူပေးပါရန်၊ အချို့သော ကျန်းမာရေးမှူးများနှင့် သားဖွားဆရာမများက လူနာများအား ဆဲဆိုစော်ကားခြင်း ၊ရိုက်နှက်ခြင်း၊ ခွဲခြားနှိမ့်ချဆက်ဆံခြင်းတို့အား တားဆီးအရေးယူပေးပါရန်။
(၆) ဘာသာရေးကဏ္ဍတွင် ဗလီကျောင်းများနှင့် ဘာသာရေးစာသင်ကျောင်းများ ဖွင့်လှစ်ခွင့်ပေးပြီး လွတ်လပ်စွာဝတ်ပြုခွင့်နှင့် ပညာသင်ယူခွင့်ပြုရန်၊ ဘာသာရေး အဆောက်အအုံများ ပြုပြင်ဆောက်လုပ်ခွင့်ပြုပါရန်။
(၇) IDP စခန်းများရှိ ဒုက္ခသည်များနှင့် နေအိမ် မီးရှို့ဖျက်ဆီးခံ ဒုက္ခသည်မိသားစုများအား ၎င်းတို့၏ မူလနေရာဟောင်းများတွင် ပြန်လည်သွားရောက်၍ နေအိမ်များ ဆောက်လုပ်ခွင့်ပြုရန်။
(၈) ၂၀၁၆ ခုနှစ် အောက်တိုဘာ တိုက်ခိုက်မှု နောက်ပိုင်းတွင် သက်သေအထောက်အထားမရှိဘဲ မသင်္ကာမှုဖြင့် ဖမ်းထားသူ အသက်မပြည့်ကလေးများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ သာမာန် အရပ်သားများအား ဥပဒေမဲ့ မတရားညှဉ်းပန်းနှိပ်စက်ခြင်း၊ ရှေ့နေငှားရမ်း ခွင့်မပြုခြင်း၊ သက်သေအထောက်အထား မခိုင်လုံဘဲ လက်နက်အားဖြင့် အတင်းအဓမ္မ ထွက်ဆိုခိုင်း၍ နှစ်ရှည်ထောင်ဒဏ်ချမှတ်နေခြင်းများအား ရပ်တန့်ပေးရန်နှင့် စီစစ်အရေးယူပေးပါရန်။
(၉) ရိုဟင်ဂျာလူမျိုးများ၏ ဘိုးဘွားပိုင်လယ်မြေများ၊ ယာမြေများ မတရားသိမ်းပိုက်ခြင်းများ ရပ်တန့်ပေးပါရန်၊ ၁၉၉၂ ခုနှစ်မှ စ၍ တရားဝင်သိမ်းဆည်းထားသော လယ်မြေများနှင့် ယာမြေများအတွက် ထိုက်တန်သော လျော်ကြေးပေးပါရန်၊ သိမ်းပိုက်ခံမြေများ၏ အနီးအနားရှိ မြေများကို အာဏာစက်ဖြင့် အတင်းအဓမ္မ လုယူထားသည်များကို ပြန်လည် ပေးအပ်ပါရန်။
(၁၀) ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင မှ ဖွဲ့စည်းပေးသော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့အား လက်ခံပြီး ဝင်ရောက်စုံစမ်းခွင့်ပြုပါရန်။