နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြောက်ပိုင်းတွင် နယ်ခြားစောင့်ရဲ နှစ်ဦးက ဒေသခံတစ်ဦး၏ လည်ပင်းကို ဓါးဖြင့် လှီးဖြတ် သတ်ဖြတ်ရန် ကြိုးစား

Rohingya Eye
RB News
19.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအနီးရှိ ဖုသ်ခါလီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦးက ဒေသခံရိုဟင်ဂျာတစ်ဦး၏ လည်ပင်းကို ဓါးဖြင့် လှီးဖြတ် သတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇွန်လ (၁၇) ရက်နေ့ ညနေ ၅း၃၀ နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် အလယ်ရွာမှ  ရရှိတ်အာမတ် (ဘ) ဦးဆယာဒ်အာမတ် သည် ဇင်ပိုင်ညှာဈေးမှ ဓါးသွေး၍ ပြန်လာနေစဉ် ဖုသ်ခါလီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း အနီးသို့ ရောက်သောအခါ နယ်ခြားစောင့်ရဲ နှစ်ဦးက ၎င်းထံမှ ဓါးကို လုယက်၍ လည်ပင်းကို ဓါးဖြင့် လှီးဖြတ် သတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။ 

ရရှိတ်အာမတ်အား နယ်ခြားစောင့်ရဲများက လည်ပင်းကို ဓါးဖြင့် လှီးဖြတ်ရန်ကြိုးစားနေစဉ် ဆိုင်ကယ်ဖြင့် သွားနေသည့် ရွာသားနှစ်ဦးက တွေ့ရှိသွားပြီး ၀င်ရောက်၍ ကယ်တင်နိုင်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဓါးဖြင့် လည်ပင်းကို တိုက်ခိုက်ခံနေရသူကို ရွာသားနှစ်ဦးက ကယ်တင်ပြီးနောက် နယ်ခြားစောင့်ရဲနှစ်ဦးသည် ကင်းစခန်းသို့ ထွက်ခွာသွားခဲ့သည်။ 

ရရှိတ်အာမတ်အား အဆိုပါ ရွာသားနှစ်ဦးက သွေးသံရဲရဲဖြင့် ရွာသို့ ပြန်လည် ခေါ်ဆောင် သွားခဲ့သည်။ 

ရရှိတ်အာမတ်သည် ၀ါးများခုတ်၍ ခြင်းထောင်းများ ပြုလုပ်၍ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူဖြစ်ပြီး ၎င်း၏ လုပ်ငန်းသုံး ဓါးကို ဇင်ပိုင်ညှာဈေးသို့ သွားရောက်၍ သွေးခဲ့ခြင်း ဖြစ်ပြီး၊ အပြန်လမ်းတွင် နေအိမ်များမရှိသော လမ်းမှ ဖြတ်၍ ပြန်လာစဉ် နယ်ခြားစောင့်ရဲနှစ်ဦးက လူမရှိသည့် အရပ်ဒေသတွင် အခွင့်ကောင်းယူ၍ အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ 



Comment ရေးရန်

Rohingya Exodus