နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာဒုက္ခသည်များအတွက်ထိုင်းပြည်သူများမှလှူဒါန်းငွေ ဘတ်ငွေ ၂ သန်းကျော်ပြီ

ထိုင်းပြည်သူများမှ ရိုဟင်ဂျာဒုက္ခသည်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်နေစဉ် (ဓါတ်ပုံ - The Nation)
ကျော်စွာဝင်း 
RB News 
23.1.2013 

ဆောင်ခလာ ။ ။ ထိုင်းနိုင်ငံသို့ရောက်ရှိ သွားသောလှေစီးဒုက္ခသည် များကို ထိုင်း စစ်တပ်မှ လူကုန်ကူးမှု ဂိုဏ်းများသို့ရောင်းချခဲ့ ပြီးနောက် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံနယ်စပ်ရှိ စခန်းများတွင် ထပ်မံရောင်းချ ရန်ထားခဲ့ရာ ထိုနေရာမှ ထိုင်းစစ်တပ်မှ ၀င်ရောက်စီးနင်းပြီး ကယ်တင်လာခဲ့သည်။ ထိုင်းစစ်တပ်အကြီး အကဲမှ လူကုန်ကူးမှုတွင် ပါဝင်သော ၎င်း၏ တပ်သားများကိုပြင်းထန်စွာ အရေးယူမည့်အကြောင်းကို မီဒီ ယာများသို့ပြောကြားခဲ့သည်။ 

အဆိုပါဒုက္ခသည်များကိုထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနတွင်ထိန်းသိမ်းထားပြီး၊ ဒေသခံပြည်သူများလာ ရောက် ကြည့် ရှူပြီး အစားအသောက်၊ အ၀တ်အထည်နှင့် အခြား လိုအပ်သော ပစ္စည်းများပေး အပ်လျက် ရှိသည်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ထိုလူဝင်မှုကြီးကြပ်ရေးဌာန ရုံးများတွင် ဒုက္ခသည် များအတွက် အ လှူ ငွေ များကောက် ခံလျက်ရှိကြသည်။ 

ထို့အပြင် ထိုင်းနိုင်ငံ အစ္စလာမစ်ဘဏ်တွင် စာရင်းဖွင့်လှစ်ပေးထားရာ ယမန်နေ့ထိ ထိုင်းဘတ်ငွေ ၂ သန်းကျော် လက်ခံရရှိပြီဖြစ်ကြောင်း ယနေ့ထုတ် Pattaya Mail တွင်ရေးသားဖော်ပြထားသည်။ 

ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ အာမရာပေါင်စာပစ်မှ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ဒုက္ခသည်များကို တတိယနိုင်ငံသို့ ပို့ပေးရေး အတွက်ဆွေးနွေးနေ သည်ဟု အဆိုပါ သတင်း တွင်ရေးသားဖော်ပြထားသည်။

Comment ရေးရန်

Rohingya Exodus