နောက်ဆုံးသတင်း/ဆောင်းပါးများ

ပြည်သူ့လွှတ်တော် ဥက္ကဌ ထံသို့ အိတ်ဖွင့်ပေးစာ

သို့

သူရရွှေမန်း 
ဥက္ကဌ 
ပြည်သူ့ လွှတ်တော် 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 

၂၀၁၃၊ ဇန်န၀ါရီလ (၂၄) ရက်

လူမျိုးခြား စစ်ဆေးခြင်းအား ရပ်တန့်ရေးနှင့် ဒုက္ခသည်ပြည်သူများအား သူ့နေရာနှင့်သူပြန်လည်ချ ထားရေး ကို လုံခြုံစွာဖြင့် ဦးစားပေးကူညီရန်တင်ပြခြင်း 

  • ၂၀၁၂ခုနှစ် ရခိုင်အကြမ်းဖက်မှုသည် ဘင်္ဂလားရခိုင်သူပုန်များနှင့် အနောက်သားရခိုင်လူမျိုး ပါတီ ခေါင်း   ဆောင်များ၏ ပူးပေါင်းကြံစည်မူကြောင့်ဖြစ်ပွားခဲ့သည်မှာထင်ရှားပါသည်။ 
  •  ဤသို့ အကြမ်းဖက်မူ ကို  နိုင်ငံတော်နှင့်  ပြည်သူ တစ်ရပ်လုံး ကြိုးပမ်းမူမှာလည်း တရားဥပဒေ စိုးမိုး ရေးနှင့်လူ့အခွင့်အရေးတန်ဖိုးထားမူအားနည်းမှုကြောင့်ဖြေရှင်းရေးမှတ်တိုင်ဝေးနေရခြင်းပင်ဖြစ်  နေ သည် ဟုသုံးသပ်မိပါသည်။
  • သို့သော် အပြစ်မဲ့ ဒုက္ခရောက်နေသော ရခိုင်၊ ရိုဟင်ဂျာ၊ ကမန် စသော ပြည်သူများ ၏ ဘ၀ ခံစားနေ ရ သော နှစ်ဝက်ကျော် အတိဒုက္ခများကို စာနာသောအားဖြင့် ပြည်တွင်း ဖူလုံမူမရှိ ဘဲ နိုင်ငံတကာ မှအကူ အညီများကိုနေ့စ ဉ်နှင့်အမျှ တောင်းခံနေရ သည်မှာ ရှက်စရာကောင်း လှပါသည်။ 
  • တဖန် အကြမ်းဖက်မူ အဆုံးသက်ရေး နည်းလမ်းတွင် နိုင်ငံတော်၏ ဥပဒေ၊ နည်းဥပဒေများကို ဘင်္ဂ လား ရခိုင်သူပုန်နှင့် ပါတီများက ဆက်လက် ဖီဆန်နေခြင်းသည် တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့် အရေး လေးစားမှုကို ထိရောက်စွာ ဟန့်တားမှုခံနေရသည်ဟု သုံးသပ်မိပါသည်။ အကြောင်း မှာ သမ္မတကြီး မှ ရခိုင်အုပ်စုကို သတိပေးခြင်း၊ ကော်မရှင်မှသတိပေးခြင်း၊ ဥပဒေပါ အဆုံးအဖြက် များ ကို နာမခံခြင်း၊ ရခိုင် နန်းကျဆုံးခြင်းနေ့ ဟူ၍ထွင်ပြီး သမိုင်းကြောင်း ရန်စပြုခြင်း၊ ယနေ့တိုင် ရိုဟင်ဂျာ များနှင့် အတူမနေထိုင် လိုကြောင်း ဟူ၍ ဒေသခံ အုပ်ချူပ်ရေးမှူး များ အားခြိမ်းခြောက်ခြင်း ဟူသော ဆန့်ကျင် မှုအစုစုကို လက် ပိုက် ကြည့်နေခြင်းသည် ကချင်ေ ဒသ ကဲ့သို့ အန္တရာယ်နှင့် ကြုံကြိုက်ခံရ မည်ဟု စိုးရိမ်မိပါသည်။ 
  • ဤကဲ့သို့ ရခိုင်တို့၏ လူမျိုးစုခွဲခြား ပိုင်းခြားမှု ဗျူဟာဖြင့် အကြမ်းဖက်မူ ကို နိုင်ငံတော် ကလည်းဖြေ ရှင်းရာ တွင် ဒုက္ခသည်များကိုသာ လူမျိုးခွဲခြားပြီး စစ်တမ်းကောက်ခြင်း၊ လူမျိုးစုဇာတိမှန်အား အတင်းပြောင်း လဲရေးမှတ်ခြင်း၊ မရလျှင် နှိပ်စက်မှု နည်းဆင်ခြင်း ဟူသောနည်းသည်လည်း တရား မျှတမူနှင့် လူ့အခွင့် အရေးဥပဒေများနှင့်ဆန့်ကျင်သောကြောင့် အမြန်ဆုံးရပ်တန့်ပေးပါရန် အလေး အနက်တောင်းဆို အပ်ပါသည်။ 
  • တဖန်နိုင်ငံတော်သည် ဤအကြမ်းဖက်မူကို လူမျိုးစု ၂စု ပြဿနာဟူ၍လွှဲမှားစွာ နားလည်ယူပြီး စုံ စမ်း စစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းဖြင့်လည်းကောင်း၊ လုံခြုံရေးသတင်းအရလည်းကောင်း၊ အကြမ်း ဖက် မူ တွင် ပါဝင်ထင်ရှားသော ရခိုင်သူပုန်နှင့် ဘင်္ဂလားရခိုင် ပါတီခေါင်းဆောင် များ၊ နောက်ခံကြိုး ကိုင် ထားသူများ အားလုံးသိကုန်ပြီးသော်လည်း အရေးယူမှု မပြုနိုင်လျှင် ထားပါတော့၊ ဒုက္ခ သည် စခန်း အသီးသီး ကို ရောက်နေသောပြည်သူများ၏ အတိဒုက္ခကိုမခံနိုင် ၍ သေခြင်း၊ ပျောက်ခြင်း၊ တိုင်းတ ပါးသို့ထွက်ပြေးရ ခြင်း အစုစုကို နိုင်ငံတော်မှတာဝန်ခံရ မည် အားလျော်စွာ ယခုဒုက္ခရောက် နသူများကို ဦးစားပေး၍ သူ့နေရာနှင့်သူ ပြန်လည်ချထားမူ တစ်ခုတည်းသာ လုံခြုံစွာ ကူညီပေးရန် အ ချိန် ကျပြီဖြစ်နေသည်။ 
  • တဖန်ရခိုင်ဒေသတွင် ဘင်္ဂလားမှ မွတ်စ်လင်မ်တွေ တံခါးမရှိ ခိုးဝင်လာမူဟူ၍ ယုံမှားနေမူဖြင့် ရှုပ်ထွေးနေ မူနှင့်အတူ ယနေ့ရခိုင်အရေး ဖြစ်စဉ်ကစတင်ပြီး ရခိုင်ဒေသသို့ဘင်္ဂလားနယ်ဖွား ရခိုင် (ဗုဒ္ဓဘာသာ) များသာ အမျိုးတူဟူ၍အကြောင်းခံပြီး ရခိုင်ပြည်လွတ်မြောက်ပြီဟူသောရခိုင်ပါတီ၏ အသံဖြင့် ဘင်္ဂလားရှိတစ်မျိုး တစ်ဆွေလုံးနေ့စဉ်နှင့်အမျှခိုးဝင်လာပြီး နေထိုင်မူခက်ခဲလာသောအခါ ရိုဟင်ဂျာ များ၏ နယ်မြေများကို နစကမှသိမ်းယူပြီး အတင်းနေရာချ ထားနေကြောင်းတွေ့ နေ ရပါ သည်။ ဤသို့  ဘင်္ဂလားရခိုင်များ ခိုးဝင်လာမူကို မည်သည့် ဥပဒေဖြင့်တားဆီးနိုင်မည် ကို သတိ ပြု လိုပါသည်။ 
  • သို့သော် ရခိုင်အကြမ်းဖက်မူတွင် ပါဝင်ခဲ့သော ဘင်္ဂလားရခိုင် သူပုန်များ၊ ခိုးသွင်းတိုက်ခဲ့သော လက်နက်များ  မြေပေါ်ရှိအနောက်သားရခိုင်ပါတီခေါင်းဆောင်များ၊ နောက်ခံကြိုးကိုင်ထားသောအငြိမ်း စား ဗိုလ်ချုပ်များ၊ ၀န်ကြီးများ စာရင်းဇယားအားလုံး ရရှိထားကာ နိုင်ငံတော်သမ္မတထံ အသိပေး ပြီးနိုင်ငံတော်နှင့် ဇာတိမြေဖွားပြည်သူများကို ကာကွယ်မူအားဖြင့်လည်းကောင်း၊ အမျိုး ဘာသာ ကာကွယ်စောင့်ရှောက်ရေး လည်းကောင်း၊ တပ်မတော်နှင့် အတူဝင်ရောက်ချေ မုန်းရ မည် မှာ ဧကန်မုချ ပင်ဖြစ်ပေသည်။ 
  • အထူးသဖြင့်ဘင်္ဂလားရခိုင်ပါတီခေါင်းဆောင် အေးမောင်မှယနေ့တိုင်ခွဲခြားနေထိုင်ရေးဟူသော  ခြိမ်းခြောက်  မှုအသံကို နိုင်ငံတော်မှ ရပ်တန့်သင့်ကြောင်း၊ မဟုတ်လျှင်ရခိုင်ပြည် နယ်ပြ သနာ ကို ဘယ် နည်းဖြင့် မရှင်းနိုင်ကြောင်းရခိုင်နှင့် ရိုဟင်ဂျာသည် ဘယ်တော့မှ ခွဲမနေနိုင်ကြောင်း၊ အတူမ နေထိုင် လိုသော ဘင်္ဂလား ရခိုင်များ၏ စာရင်းဇယားပြုစု၍ တခြားတိုင်းနှင့် ပြည်နယ် သို့ခွဲထုတ် ပြောင်း လဲနေထိုင် သင့်စေလိုပါကြောင်း အကြံပြုတင်ပြ လိုပါသည်။ 
  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလည်း လေးစားကြည် ညိုရမည့် မင်းသမီးဖြစ် ပါ သည်။ သူမအားနယ်မြေတွင်ကွင်းဆင်းတာဝန်ပေးကစားကြည့်ရာတွင် ကြေးနီတောင်စီမံကိန်းတွင် အ၀ါကဒ် ထိပြီး ရခိုင်-ရိုဟင်ဂျာအရေးတွင် အနီကဒ်ထိပြန်ခဲ့ပါသည်။ အကြောင်းမှာ ရခိုင်တွင် ရိုဟင်ဂျာ အရေးကို သူမအဖေ ဗိုလ်ချူပ်အောင်ဆန်းကသိပြီး သမီးကတွေဝေနေမှုပေါ် တွင်ခံ ရခြင်းဖြစ်သည်။ တဖန် ယခုကချင် အရေးတွင် ပါဝင်စေရန်လေ့လာမှုတွင် မတော်တဆအနီကဒ် ထပ်မံ ထိခံရလျင် ၂၀၁၅ ရည်မှန်းချက်ပျက်သွားမှာစိုးလို့  လွှတ်တော်တွင်းသာ တာဝန်ပေး ကူညီစေ လိုပါသည်။ 
  • ထို့ကြောင့် ဒုက္ခရောက်နေသောပြည်သူများ၏ ဘ၀ကိုဖြေရှင်းပြီးလျင် နိုင်ငံတော်မှ  လိုအပ်သော ပြစ် မှုကျူးလွန်မှုအား ရှာဖွေအရေးယူရေးနှင့်  နိုင်ငံသားဖြစ်တည်ရေး တို့ ကိုဥပဒေ၊ နည်းဥပဒေများ အရ လွှတ်  တော်၏ ဆုံးဖြတ်ချက်နှင့် အညီအကောင်ထည်ဖော်ရေးနှင့် ယနေ့နိုင်ငံတော်၏ လူမျိုး ခွဲခြား စီစစ် ခြင်းအား ချက်ချင်းရပ်ပြီး ပြည်လည်နေရာချထားရေးကိုဦးစားပေးကာလုံခြုံစွာ ကူညီဖြေ ရှင်းပေး ပါ ရန် ယနေ့ ကျင်းပနေသောလွှတ်တော်အစည်းအဝေးသို့  အလေးအနက် တင် ပြတောင်း ဆို အပ်ပါသည်။ 

လေးစားစွာဖြင့် 

ဇာနည်မောင် 
National Foundation BKK 

Comment ရေးရန်

Rohingya Exodus