ထိုင်းစစ်တပ်အရာရှိများ ရိုဟင်ဂျာလူကုန်ကူးမှုတွင်ပါဝင်ကြောင်းဝန်ခံ
ထိုင်းနိုင်ငံရောက်ရိုဟင်ဂျာဒုက္ခသည်များ (ဓါတ်ပုံ - Phuket Wan) |
ကျော်စွာဝင်း
RB News
20.1.2013
ထိုင်းနိုင်ငံတွင် လူကုန်ကူးမှု ဂိုဏ်းများထံမှ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀၀ နီးပါးကို ယခုတပတ်အတွင်း ထိုင်းစစ် တပ်မှဝင် ရောက်စီးနင်း၍ ကယ်တင်နိုင်ခဲ့သည်။ ထိုဒုက္ခသည် များအား ထိုင်းနိုင်ငံနှင့် မလေး ရှားနိုင်ငံနယ် စပ်ရှိတောအုပ်တွင် စခန်းများ အတွင်း၌ ထားရှိ ထားပြီး၊ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၆၀၀၀၀ ဖြင့်ရောင်း ချရန် စီစဉ် ထားခြင်းဖြစ်သည်။
ထို လူကုန်ကူးမှုနှင့် ပတ်သက်၍ ဆောင်ခလာပြည်နယ်မှ ရဲများက စုံစမ်းစစ်ဆေးပြီးနောက် ထိုင်းစစ်တပ်မှ အရာရှိများနှင့် နိုင်ငံရေးသမား အချို့ ပါဝင်ပတ်သက်နေသည်ဟု သတင်း ထုတ်ပြန် ခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းစစ်တပ်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုသ်ချန်အိုချာ က တောင်ပိုင်းမှ ၎င်း၏ စစ်သားများ ပါဝင်သည်မှာ မှန်ကန်ကြောင်းဝန်ခံ သည်ကို ယမန်နေ့က ဘန်ကောက်ပို့စ် သတင်း တစ်ရပ်တွင်ရေးသားဖော်ပြခဲ့သည်။
ဗိုလ်ချုပ်ကြီး ပရာယုသ်က ပြည်တွင်း လုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင်များသည် လူကုန်ကူးမှုဂိုဏ်းနှင့် ထိုပတ် သက်သူများအား စစ်ဆေး၍ ပြစ်ဒဏ်ပေးမည်ဟု စနေနေ့ ကပြောကြား လိုက်သည်။
ရိုဟင်ဂျာဒုက္ခ သည်များကို လူကုန်ကူးမှုနှင့် ပတ်သက်၍ စစ်ဆေးနေသော ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ရခိုင် ပြည်နယ်မှ လာသောရိုဟင်ဂျာ ဒုက္ခသည်များကို လူကုန်ကူးမှုသည် စစ်တပ်အရာရှိများမှ တာဝန်ယူ ထားသောတောင်ပိုင်း တွင် အများဆုံးဖြစ်လျက် ရှိပြီး ဗိုလ်မှူးအဆင့်မှ ဗိုလ်မှူးကြီး အဆင့် ရှိသူများပါဝင်ပတ်သက်လျက်ရှိကြောင်းဘန်ကောက် ပို့စ်သို့ပြောကြားကြောင်းရေးသား ဖော်ပြထားသည်။
လူကုန်ကူးမှုတွင်မြန်မာနိုင်ငံ သားအချို့လည်း ပါဝင်ပတ်သက်နေပြီး၊ စစ်တပ်အရာရှိများနှင့် ချိတ်ဆက်၍ လုပ် ကိုင်လျက် ရှိသည်။ ဒုက္ခသည်များ ထိုင်းနိုင်ငံ သို့ရောက်လျှင် ကုန်တင်ကား များဖြင့်ဆောင် ခလာပြည်နယ် သို့ခေါ်ဆောင် လာပြီး တောအုပ်များထဲရှိ စခန်းများတွင် မလေးရှားနိုင်ငံ သို့ မပို့မှီ အထိ ထား ရှိသည်။ တခါတရံတွင် စစ်တပ်မှ ကုန်တင်ကားများကို သုံးစွဲကြောင်း အဆိုပါ သတင်း တွင်ရေး သားထားသည်။