နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာမွတ်ဆလင်တန်းတူညီမျှလှုပ်ရှားဆောင်ရွက်မှုအဖွဲ့၏နှစ်ချုပ်အစီရင်ခံစာ (၂၀၁၂)



မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ 

နှစ်ချုပ် အစီရင်ခံစာ (၂၀၁၂) 

ရက်စွဲ- ၂၀၁၃ ဇန်န၀ါရီ ၁၄ ရက် 

ကျွန်ုပ်တို့ မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ (Myanmar Muslim Civil Rights Movement) သည်- မြန်မာနိုင်ငံဖွား အစ္စလာမ် သာသနာဝင်များ၏ မတရားသဖြင့် အခွင့်အရေး ဆုံးရှုံးနေ ရမှုများ အတွက် ထိုဆုံးရှုံး နစ်နာနေ ရသည့် အခွင့်အရေး များအား ပြန်လည် ရရှိနိုင်ရန် တတ်အား သမျှ အ ဘက်ဘက်မှ ကြိုးပမ်း ဆောင်ရွက် ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် အတွင်း ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ ထဲမှ ကိစ္စလူထု တစ်ရပ်လုံးအား သိရှိစေ ရန် တရားဝင် ထုတ်ပြန်နိုင်သည့် ကိစ္စရပ်တို့အား အကျဉ်းချုပ် အားဖြင့် လူထု တစ်ရပ် လုံးအား ထုတ်ပြန်ပေးပါမည်။ 

(၁) ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ အစ္စလာမ် သာသနာဝင်တို့အား အကြီးအကျယ် ဦးတည် တိုက်ခိုက် ခဲ့ခြင်း၊ အမည်နာမဖျက်ခဲ့ခြင်း၊ ခွဲခြား ဆက်ဆံရန် လှုံ့ဆော်ခဲ့ခြင်း ကိစ္စရပ်တို့အား ကမ္ဘာ့နိုင်ငံကြီးများ၊ ကမ္ဘာ့ အဖွဲ့အစည်းကြီးများ အား ချည်းကပ်တင်ပြနိုင်ခဲ့သည်။ ထိုကိစ္စရပ်တို့ ဆန့်ကျင့်ရှုံချသည့် အသံများ ထွက်ပေါ် လာစေရန် ကမ္ဘာ အရပ်ရပ်သို့ ထိုးဖေါက် တင်ပြနိုင်ခဲ့ပါသည်။ 

(၂) အထူးသဖြင့် ရခိုင်ဒေသ၌ ဖြစ်ပွားခဲ့သော စနစ်တကျ စီမံကွပ်ကဲ မျိုးပြုတ်သုတ်သင်မှုကြီးများ အတွက် ကမ္ဘာ့ခုံရုံး ICC သို့ တင်နိုင်ရန် ကြိုးစား ခဲ့ပါသည်။ ယခုအခါ အမှုဖိုင် ၃ ခုအား ICC မှ လက်ခံပြီး လည်း ဖြစ် ပါသည်။ အမှုဖိုင် တွင် ပါဝင်သည့် တရားခံတို့အနေဖြင့် ICC ပဋိဉာဉ် ရှိသည့် မြန်မာနိုင် ငံသို့ ခြေချ သည် ဖြစ်စေ- ဖမ်းဆီးစစ်ဆေးနိုင် ရန်လည်း ပြင်ဆင်နိုင်ခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံသည် ရာဇ ၀တ်ကောင် တို့အား ဖမ်းဆီး၍ ပို့ပေးပါမည်ဟု ICC တွင် ပဋိဉာဉ် ချုပ်ဆိုထားခြင်း မရှိသည့် အတွက် ထိုရာဇ ၀တ်ကောင် တို့အား မြန်မာနိုင်ငံအတွင်းမှ တရားခံတို့အား ဖမ်း ဆီးနိုင်ရန်၊ သို့မဟုတ် စစ်ဆေးနိုင်ရန် အဆင့်အတွက် UN လုံခြုံရေးကောင်စီထိ အမှုရောက်ရန် ဆက်လက် ဆောင်ရွက် ခဲ့သည်မှာ ယခု အခါ ၇၅% ခန့် ပြီးမြောက်အောင်မြင် ခဲ့ပြီ ဖြစ်ပါသည်။ 

(၃) မြန်မာနိုင်ငံအတွင်း မတရားသဖြင့် ဖမ်းဆီးခံရသော မွတ်ဆလင်နိုင်ငံရေး အကျဉ်းသားတို့အား ချွင်းချက်မရှိ လွှတ် ပေးရန်-၊ သို့မဟုတ် တရားခံ အခွင့်အရေး အပြည့် အ၀ပေးရန် မြန်မာနိုင်ငံတော် အစိုးရ အား အိပ်ဖွင့်ပေးစာ ပေးခြင်း နှင့်အတူ နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွင်း၌လည်း ဤအရေး ကိစ္စ အား ထိထိရောက်ရောက် ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ ခဲ့ပါသည်။ ချည်းကပ်အကူ အညီတောင်း ခဲ့ပါသည်။ 

(၄) လတ်တလော ရင်ဆိုင်နေရသည့် ဒုက္ခသည်များထံ အချိန်မကြန့်ကြာဘဲ အကူအညီ များ ရောက် ရှိနိုင်ရန် UN အပါ အ၀င် နိုင်ငံတကာ အဖွဲ့အစည်းတို့အား အချိန်မလပ် မေတ္တာ ရပ်ခံခြင်း၊ တွန်း အားပေးခြင်း များ ပြုလုပ်နေပါသည်။ 

(၅) မြန်မာနိုင်ငံဘွား အစ္စလာမ်သာသနာဝင်တို့၏ ဖျောက်ဖျက်ခံ သမိုင်းတို့အား ပြန်လည်ဖေါ်ထုတ်ခြင်း၊ ထိုသမိုင်း များနှင့် စပ်လျှဉ်း၍ ကမ္ဘာ့ပညာရှင်များထံ တင်ပြခြင်း၊ UN သို့ တင်ပြခြင်း၊ US အစိုးရသို့ တင်ပြခြင်းနှင့် လူထု ပညာပေး လုပ်ငန်းများကိုလည်း အချိန်မလပ်ဆောင်ရွက်နေခဲ့ပါသည်။ 

(၆) မြန်မာ တစ်နိုင်ငံလုံးရှိ အစ္စလာမ်သာသနာဝင်တို့ အပေါ် စီမံချက်ချ လုပ်ဆောင်နေမှု တို့အားလည်း မျက်ခြေမပြတ် စောင့်ကြည့်နိုင်ရန် ဆောင်ရွက်ခြင်း၊ ရွာတစ် ရွာချင်းစီ၌ ခံစားနေ ရသည့် အတိဒုက္ခတို့အား စစ်တမ်းကောက်ယူခြင်း၊ လေ့လာ သုတေသနလုပ်၍ စရင်းဇယားပြုစုခြင်း၊ ရခိုင်ပြည်နယ် အတွင်း အမှန်တစ်ကယ် သတ်ဖြတ်ခံလိုက်ရသည့် စာရင်းတို့အား စနစ်တကျပြုစုခြင်း၊ မှတ်တမ်းတင်ခြင်း ကမ္ဘာ  အရပ်ရပ်သို့ တင်ပြခြင်း၊ သတင်းဌာနများသို့ တင်ပြခြင်း များ ပြုလုပ်နိုင်ခဲ့သည်။ 

(၇) ထို့ပြင် ရိုဟင်ဂျာ အမျိုးသားများမှ နိုင်ငံရေး ဆောင်ရွက်သူများနှင့် ပူးပေါင်းဆောင် ရွက် လျှက်- နိုင် ငံခြား မှ မြန်မာ အသံလွှင့်ဌာနတို့တွင် “ကုလား” ဟူသည့် အသုံးအနှုန်း “ကျူးကျော်သူ ဘင်္ဂလီ” ဟူသည့် အသုံးအနှုန်းတို့အား လုံးဝ မသုံးရန် တားမြစ်နိုင်ခဲ့သည်။ အကယ်၍ ဆက်လက် သုံးစွဲပါ က အရေးယူ မည်လည်း ဖြစ်ပါသည်။ 

(၈) အခွင့်အရေး ချိုးဖေါက်ခံ တိုင်းရင်းသား တစ်ချို့တို့နှင့် မဟာမိတ်အဖြစ် ဆက်ဆံနိုင်ခဲ့ပြီး-၊ သူတို့၏ ဆုံးရှုံးနစ်နာ နေသည့် တန်းတူညီမျှ အခွင့်အရေးတို့ အတွက်လည်း ကျွန်ုပ်တို့နှင့် ရင်းနှီးဆက် ဆံပြီး ဖြစ် သည့် ကမ္ဘာ့အဖွဲ့အစည်း ကြီးများထံ၌ တင်ပြနိုင်ခဲ့ပါသည်။ ၎င်းတို့၏ မတရားဖိနှိပ်ခံ၊ ဥပဒေချိုးဖေါက် ခံရမှုများ အတွက် ICC ၌ တရားစွဲဆိုနိုင် ရန်လည်း တတ်အားသမျှ ကူညီဆောင်ရွက် သွား မည် ဖြစ် ပါသည်။ 

(၇) ဆက်လက်၍ ၂၀၁၃ ခုနှစ်တွင်- ယခင်ခုနှစ် (၂၀၁၂)မှ မပြီးပြတ်သေးသည့် UN လုံခြုံရေးကောင် စီ၌ ဆောင်ရွက် မည့် ကိစ္စရပ်တို့အား ဆက်လက်ဆောင် ရွက်မည် ဖြစ်ပြီး-၊ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ လူမျိုးဘာသာမရွေး ဒုက္ခသည်တို့ ၏ ရင်ဆိုင်နေရသည့် ပကတိ အခက်အခဲများ၊ စားဝတ်နေရေး၊ ကျမ္မာရေး တို့ အတွက် မည်သို့ ကူညီဖြေရှင်းနိုင်မည် ဟူသည်တို့အတွက် မည်သည့် အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ပါသည်။ 


မိုးကျော် (LA) 
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ 
အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 

Comment ရေးရန်

Rohingya Exodus