March 15, 2025
 Roh

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အီရန်သံတမန်ခရီးစဉ်၌ ဒေါ်လာ ၁၀ သန်းထောက်ပံ့မည်ဟုပြော

RFA မြန်မာပိုင်း
16.1.2013

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေ အတွက် ပြန်လည် ထူထောင်ရေးကိစ္စတွေကို အစိုးရက အဆင် ပြေအောင် စီစဉ်ဆောင်ရွက်နေပေမယ့် လတ်တလောမှာ လိုအပ်ချက်တွေများစွာရှိနေသေးကြောင်း ထိုင်းနိုင် ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mr. Hossein Kamalian က သူ့ရဲ့ရခိုင်ခရီးစဉ်အပြီး RFA ကို ပြောကြားလိုက်ပါတယ်။

ဓါတ်ပုံ - RFA/Min Thein Aung
ထိုင်းနိုင်ငံဆိုင်ရာ အီရန် သံအမတ်ကြီး ဦးဆောင်သည့် အီရန်သံအဖွဲ့ စစ်တွေလေဆိပ်သို့ ဆိုက်ရောက်လာစဉ်။
ဒီကနေ့မနက်ပိုင်းက စစ်တွေဟိုတယ်မှာ သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်နဲ့ ပတ်သက်ပြီး RFA က တွေ့ဆုံ မေးမြန်း ခဲ့ရာမှာ သံအမတ်ကြီးက ကျနော်တို့မနေ့က ကယ်ဆယ်ရေးစခန်း ၅ခုကို သွားရောက် ခဲ့ပါတယ်။ အဲဒီ မှာမြင်တွေ့ခဲ့ရတာကတော့ နံပါတ် ၁ က အစားအသောက်ရယ်၊ နံပါတ် ၂ က ဆေးဝါးလုံလောက်မှု မရှိတာရယ်၊ တတိယအချက် အနေနဲ့ကတော့ နေထိုင်ရေးကိစ္စတွေမှာ အခက်အခဲဖြစ်နေ တာကို မြင်တွေ့ခဲ့ ရပါတယ်၊ ဒါတွေဟာ ဒုက္ခသည် စခန်းအားလုံးမှာ လတ်တလော လိုအပ်နေတဲ့ အရာတွေပဲ ဖြစ်ပါတယ် လို့ ပြောသွားပါတယ်။ 

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေအတွက် ပြန်လည် ထူထောင်ရေးကိစ္စရပ်တွေကို ဆောင်ရွက်ရာမှာ လတ်တလောလိုအပ်ချက်တွေကို စီမံဖြည့် ဆည်းပြီး မှ ရေရှည် အတွက် ဆက်လက်လုပ်ကိုင်ရမယ့်အရာတွေကို စဉ်းစားသင့်ကြောင်း သံအမတ်ကြီးက ဆိုပါ တယ်။ 

အဲဒီအဖွဲ့နဲ့အတူပါလာတဲ့ အီရန်ပါလီမန်အမတ် Mr. Mansoor Pour ကလည်း ဒုက္ခသည်တွေ အနေနဲ့ မြေပြင်ပေါ် မှာဆောက်ထားတဲ့ ယာယီတဲတွေနဲ့ နေထိုင်နေကြရတဲ့အတွက် အတော်ဒုက္ခရောက်နေ ကြောင်း၊ ဒါတွေကိုအစိုးရအနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းဖို့လိုအပ်ကြောင်း၊ ဒါ့အပြင် ဒုက္ခသည် ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ စာသင်ကျောင်းတွေ ဆောက်လုပ်ပေးဖို့လည်း လို အပ်ကြောင်းပြော ပါတယ်။ 

အီရန်နိုင်ငံ အနေနဲ့ ရခိုင်ပြည်နယ် အတွင်းက ဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေး ကိစ္စရပ်တွေအတွက် လိုအပ်တာတွေကို အကူအညီတွေပေး သွားဖို့အသင့်ရှိပြီး လက်ရှိမှာလည်း ဒုက္ခသည်တွေ နေထိုင်နိုင်တဲ့ ယာယီတဲ အိမ်တွေကို လေယာဉ်နဲ့ ရခိုင်ပြည်နယ်ကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mr. Hossein Kamalian အပါအဝင် အီရန်ပါလီမန်အမတ် ၃ဦးနဲ့ အီရန်လခြမ်းနီအဖွဲ့က ကိုယ်စားလှယ်တွေဟာ မနေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါ တယ်။ 

အဲဒီ အဖွဲ့ဟာ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဒုက္ခ သည်တွေအတွက် စားသောက်ကုန်အချို့နဲ့ ဆောင်းရာသီမှာ အဓိကလိုအပ်နေတဲ့ စောင်တွေကို မနေ့က ပေးအပ်လှူဒါန်းခဲ့ပါ တယ်။ 

အီရန် သံအဖွဲ့အနေနဲ့ ဒုက္ခသည်ပြန်လည် ထူထောင်ရေး ကိစ္စရပ်တွေ အတွက် မနေ့က ညနေပိုင်းမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ ဆုံဆွေးနွေးခဲ့သလို ဒီကနေ့မနက်ပိုင်း မှာလည်း ပြည်နယ် အစိုးရ အဖွဲ့ရုံးမှာ အစိုးရ တာဝန်ရှိသူတွေ၊ နှစ်ဘက်စလုံးက ကိုယ်စားလှယ်တွေနဲ့ ၂နာရီကြာ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။ 

ဒီဆွေးနွေးပွဲမှာ အီရန် ပါလီမန်အမတ်တွေ အနေနဲ့ ရခိုင်ပဋိပက္ခတွေ ကို ဖြေရှင်းဖို့ အတွက် နှစ်ဦးနှစ် ဘက် ပြန်လည် သင့်မြတ်စွာ နေထိုင်နိုင်ရေးမှာ အဓိက လိုအပ်ချက်ဖြစ် တဲ့အတွက် အီရန်နိုင်ငံ မှာလည်း ဘာသာကွဲတွေ ဘယ်လို အတူယှဉ်တွဲနေ ထိုင်တယ်ဆိုတာကို လေ့လာနိုင်ဖို့ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ အဖွဲ့ အစည်း ၂ခုက ကိုယ်စားလှယ်တွေကို အီရန်နိုင်ငံကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ 

ဒါ့အပြင် အီရန်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ ၁၀သန်းကို ထောက်ပံ့လှူဒါန်း သွားဖို့ ရှိတယ်လို့လည်း ဒီဆွေးနွေးပွဲမှာ အီရန်ပါလီမန်အမတ်တွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus