နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆရာကြီးဦးရာဇတ် (၁၁၅) နှစ်မြောက်အခမ်းအနားကျင်းပ

The Strand Hotel ၌ကျင်းပခဲ့သော ဆရာကြီးဦးရာဇတ် (၁၁၅) နှစ်မြောက်အခမ်းအနား

ကျော်စွာဝင်း
RB News 
21.1.2013 

ရန်ကုန် ။ ။ မြန်မာနိုင်ငံ၏ အာဇာနည်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဆရာကြီးဦးရာဇတ်(၁၁၅) နှစ် မြောက် အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ကမ်းနားလမ်းရှိ The Strand Hotel တွင်နေ့ လည် ၃ နာရီ မှ ညနေ ၆ နာရီထိကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။ 


အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက များဖြစ်သူ ဦးတင်ဦးနှင့် ဦးဝင်းတင်၊ မြန်မာ့အာ ဇာနည် (၉) ဦးတို့၏ မိသားစုဝင် များ၊ နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ ဘာသာရေး၊ လှုမှုရေးအသင်း အဖွဲ့များ မှခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသား သမဂ္ဂမှ အဖွဲ့ဝင်များ၊ အနု ပညာ အသိုင်းအ၀ိုင်းမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့သည်။ အဆိုပါအခမ်း အနားသို့ ဘူးသီးတောင်မြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်လည်း တက်ရောက် ခဲ့သည်။   
ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်နှင့်အခမ်းအနားသို့တက်ရောက်လာသူများကိုတွေ့ရစဉ်
ဆရာကြီး ဦးရာဇတ် (၁၁၅) နှစ်မြောက် အခမ်းအနား ကျင်းပရေးကော်မီတီကို ဦးဇာဂနာ (ခ) ဦးသူရမှ ဥက္ကဌ အဖြစ်တာဝန် ယူခဲ့ပြီး ဦးဆောင် ကျင်းပခဲ့ခြင်ြး ဖစ်သည်။ အခမ်းအနားတွင် ဦးဇာဂနာမှ အခမ်းအနား မှူးအဖြစ် တာဝန်ယူဆောင်ရွက်ပြီး၊ သီတဂူဆရာတော်၏ ကိုယ်စား ဆရာတော် ဦးတိက္ခသာရ (ကထိက၊ သာသနာ့ဓဇ ဓမ္မာစာရိယ၊ B.A, M.A, သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) သြ၀ါဒ မိန့်ကြားခဲ့ပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးတင်ဦးနှင့်ဦးဝင်းတင်၊ ပါမောက္ခ ဦးခင်မောင်ညွန့်၊ သိပ္ပံမှူးတင်၊ ၈၈ မျိုးဆက် မှခေါင်းဆောင်တစ်ဦး၊ AAPP မှ ကိုတိတ်နိုင် တို့က မိန့်ခွန်းပြောကြားပြီး၊ ဆရာကြီး ဒဂုန်တာရာ ၏သ၀ဏ်လွှာ ကို ဗကသမှ ကိုဒီငြိမ်းလင်းမှ ဖတ်ကြားခဲ့သည်။ 

ထို့နောက် အခမ်းအနား တက်ရောက်လာ သူများကို ဆရာကြီး ဦးရာဇတ် (၁၁၅) နှစ်မြောက်အမှတ်တရ စာစဉ်စာအုပ်နှင့် ရင်ထိုးများဝေငှပေး ခဲ့ကြောင်းသိရပါသည်။ 

ယမန်နေ့က ကျင်းပသော အခမ်းအနားသည် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး၊ ယမန်နှစ်က ပထမ အကြိမ် မြောက် အခမ်း အနားကို မန္တလေးမြို့တွင် ကျင်းပခဲ့သည်။ ပထမ အကြိမ်မြောက် အခမ်းအနားတွင် အခမ်း အနား တက်ရောက်ခဲ့ သူများကို ဗီဒီယို မှတ်တမ်းခွေ များဝေငှခဲ့ သည်ဟုသိရသည်။

Comment ရေးရန်

Rohingya Exodus