နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆော်ဒီမှရိုဟင်ဂျာဒုက္ခသည်များအတွက် ဒေါ်လာ ၁.၈၈ သန်းထောက်ပံ့

စစ်တွေမြို့၊ ဆေးသမားကြီးရွာရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း (ဓါတ်ပုံ - နေမင်းခ)
ကျော်စွာဝင်း
RB News 
21.1.2013 

ရီယာဒ် ။ ။ ယမန်နေ့ ကဆော်ဒီ အာရေဗျာနိုင်ငံမှ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်များ အတွက် ဒေါ်လာ ၁.၈၈ သန်းတန်ဖိုးရှိ အထောက်အပံ့ပေး ရန်ကြေညာ ခဲ့သည်။ အဆိုပါ အထောက်အပံ့ သည် နေထိုင်ရေး အတွက် တဲများပေး ရန်ဖြစ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ တ ဆင့်ပေးအပ် သွားမည်ဟု ယနေ့ထုတ် Arab News သတင်းတစ်ရပ် တွင်ရေးသားဖော်ပြ ထားသည်။ 

ဆော်ဒီဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတို့မှာ တာဝန်ရှိ ပုဂ္ဂိုလ်များသည် ယမန်နေ့က အထောက်အပံ့များပေး အပ်ရန် နားလည်မှု စာချွန်လွှာ တစ်ရပ်ကိုဆော်ဒီ အာရေ ဗျာနိုင်ငံ၊ ရီယာဒ်မြို့တွင် လက်မှတ်ရေး ထိုးခဲ့ကြ သည်။ ဤ အထောက်အပံ့ သည် ဒုက္ခ သည်ပေါင်း ၇၅၀၀၀ ခန့်ကို ယာယီတဲများနှင့် အမြဲတမ်းနေထိုင်နိုင် မည့်အဆောက်အဦ များဆောက် လုပ်ရာတွင် ကူညီ ပံ့ပိုးနိုင်လိမ့်မည်ဟု အဆိုပါ သတင်းတွင်ရေး သားဖော်ပြ ထားသည်။ 

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ကုလသမဂ္ဂမှ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် Ms. Valarie Amos, အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီးနှင့် အီရတ် ပါလီမန်ကိုယ်စားလှယ်များ သွားရောက် ကြည့်ရှူပြီးနောက် ဒုက္ခသည်များ၏ လက်ရှိအခြေအနေမှာ လွန်စွာ ဆိုးရွားနေသည်ကို မီးမောင်း ထိုးပြခဲ့ သည်။ သို့သော် လည်းမြန်မာအစိုးရ ကမူ လိမ်မြဲလိမ်သည့် အတိုင်း ဒုက္ခသည်များ ကိုနိုင်ငံတကာ စံချိန်စံ ညွန်းနှင့် ထားရှိကြောင်း သာပြောဆိုလျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus