နောက်ဆုံးသတင်း/ဆောင်းပါးများ

မပေးချင်လည်း ပေးရမယ်


ဌေးလွင်ဦး
RB News
2.1.2013

မြန်မာအစိုးရဟာ အစ္စလာမ်မုန်းရောဂါ ရင့်မာနေပြီး-၊ လွဲမှားတဲ့ ဗုဒ္ဓဘာသာ မဟာဗမာ ၀ါဒကို ထူထောင်ဘို့ ဇွဲမလျှော့နိုင် ဖြစ်နေတယ်။ ခေတ်အဆက်ဆက် သမိုင်းတွင်ရစ်တဲ့ ရခိုင်နယ်က မွတ်ဆလင်တွေ ကို နိုင် ငံခြား သား- ကျူးကျော်သူ အဖြစ် အတင်းအဓမ္မဖန်တီးဘို့ ကြိုးပမ်းနေတယ်။ ဒါဟာ ရခိုင်နယ်က မွတ်ဆ လင်တွေ ကို စိတ်ဓါတ်စစ်ဆင်ရေးနဲ့ ထိုးနှက်နေခြင်းသာ ဖြစ်ပါတယ်။

သူတို့ကိုယ်သူတို့ “ရိုဟင်ဂျာ” ဖြစ်ပါတယ်လို့ ၀န်ခံတာကို “ရိုဟင်ဂျာ” ဖြစ်တာသိလျှက်နဲ့-ဘင်္ဂလီလူမျိုးရယ် လို့ မျက်လုံးစုံ မှိတ်ငြင်းနေတယ်။ ကမ္ဘာတစ်ခုလုံးက သူတို့တွေဟာ ဘင်္ဂလီမဟုတ်ဘူး-“ရိုဟင်ဂျာ”  ဖြစ် တယ် လို့ လက်ခံနေ သူများကိုပါ- အတင်းခံငြင်းနေပါတော့တယ်။

ကမ္ဘာပညာရှင်များက သမိုင်းမသိဘဲ ဒီလူမျိုးတစ်မျိုးကို “ရိုဟင်ဂျာ” အဖြစ် အသိအမှတ်ပြုပေးထားတယ် ထင် ပါသလား။ ကမ္ဘာကို အုပ်ချုပ်နေတဲ့ အမေရိကန်နိုင်ငံကိုယ်တိုင်က ဒီလူမျိုးကို “ရိုဟင်ဂျာ”အဖြစ် အသိအမှတ်ပြု ထောက်ခံထားတာ- အမေရိကန်တွေ စာမတတ်ဘူး ထင်နေပါသလား။-- US State Department က စာကြည့် တိုက်ထဲမှာ ကမ္ဘာ့လူမျိုးစု တစ်ခုချင်းရဲ့ သမိုင်းစဉ်ဆက် စာအုပ်တွေ အထောက် အထားတွေ အများကြီးရှိနေ ပါတယ်။ အမေရိကန်နိုင်ငံနဲ့ အနောက်နိုင်ငံမှာ ကိစ္စရပ် တစ်ခုအတွက် သက်ဆိုင်ရာ ပညာရှင်တွေကို စုံစမ်းခိုင်း တယ်၊ လေ့လာတယ်-၊ ပြီးမှ အသိ အမှတ်ပြု တယ် ဆိုတာ ကိုကော မြန်မာအစိုးရ သိပါသလား။ ဘာမဆို သမ္မတ အာဏာ တစ်ခုတည်း သုံး အာဏာရှင်စနစ်နဲ့ သွား တဲ့ နိုင်ငံမဟုတ်သလို-၊ အခု ရိုဟင်ဂျာ ကိစ္စမှာလည်း သမိုင်း ပညာရှင်တွေ ဆီက အစီရင်ခံစာတွေ၊ သုတေ သနတွေကို စုပြီးဖြစ်တယ် ဆိုတာကော မြန်မာအစိုးရ သိပါသ လား။-

မြန်မာနိုင်ငံမှာတော့ “ရိုဟင်ဂျာ”ကိစ္စပေါ်လာကတည်းက- အခုအချိန်ထိ တစ်ကယ့် သမိုင်း ပညာ ရှင်တွေ ဆီက အကြံယူတာ၊ တိကျအောင်လေ့လာတာ-၊ ဘာတစ်ခုမှ မရှိခဲ့သေး တာ သေ ချာနေတယ်။ ရခိုင်ဗုဒ္ဓ ဘာသာနဲ့ ရိုဟင်ဂျာ နှစ်ဦးနှစ်ဘက်လုံးက သမိုင်း ပညာရှင်တွေ ကို ခေါ်ယူ ရမယ်၊ စုံစမ်းရမယ်၊ သို့မဟုတ် အင်္ဂလိပ်တွေ အုပ်ချုပ်ခဲ့တဲ့ အတွက် အင်္ဂလိပ် သမိုင်းပညာရှင်တွေကို ဖိတ်ခေါ် ရမယ်-၊ စုံစမ်းရမယ်၊ ပြီးမှ အဲ့ဒီပညာရှင်တွေကို ကမ္ဘာ့မီဒီ ယာတွေရှေ့မှာ အမှန်အတိုင်း ထွက်ဆိုခိုင်းရမယ် ဆိုတာ ကိုရော မြန်မာအစိုးရ သတိရပါရဲ့လား။ ရိုဟင် ဂျာ- တွေကို မတရားအနိုင်ကျင့်နေလို့ မိမိတို့ စိတ်ကူးယဉ် သလို “ရိုဟင်ဂျာ”မျိုး ပြုတ်သွားမယ်လို့ ထင်နေပါ သလား။

အခုအချိန်မှာ လက်နက်အားကိုးနဲ့- ရိုဟင်ဂျာတွေကို ဖိနှိပ်၊ အတင်းအဓမ္မ ဘင်္ဂလီ လို့ ရေးခိုင်း--၊ ဒါတွေဟာ မကြာမှီ (လုံးဝမကြာမှီ)ကာလမှာ-၊ ဗိုလ်ချုပ်အောင်ကြီး ၀န်ခံသလို မှားခဲ့ပါတယ်လို့ ၀န်ခံရတော့မှာပါ။ အဲ့ဒီ အခါမှာ- အခု မတရား စစ်တမ်းကောက်နေတဲ့ ကုန်ကျစားရိတ်များ အချီးနှီး ဖြစ်သွားရပြန်ပါမယ်။ တိုင်းပြည်ငွေ တွေကို အလွဲသုံးစား လုပ်သလို ဖြစ်သွားရပါမယ်။

အခြေခံလူထုက ကြောက်လို့ ရေးရသည် ဖြစ်စေ၊ မသိဘဲ ၀န်ထမ်းတွေက အတင်း လုပ်ကြံရေး သည် ဖြစ်စေ- “ရိုဟင်ဂျာ”များကို ဘင်္ဂလီ လို့ ရေးခြင်းဟာ တရားမ၀င်သလို၊ ကမ္ဘာက လည်း လက်ခံ မှာ မဟုတ်ပါ။ ကျွန်ုပ် တို့ ဘက်ကလည်း လူတစ်ဦး၊ လူမျိုးနွယ်တစ်ခုရဲ့ တရားသဖြင့် ရသင့် ရထိုက် တဲ့ အခွင့်အရေးကို ရအောင်ကို ယူမှာ ဖြစ်ပါတယ်။ မတရားမှုတွေအတွက် မတရားပြုသူဟာ အရှက်ကွဲရမယ်၊ အမှုရင်ဆိုင်ရမယ်၊ သမိုင်းတရားခံဖြစ် ရမယ်- နောက်ဆုံး မတရားမှုများကို စွန့်လွှတ် လိုက်ရပါတယ်။

မြန်မာအစိုးရက ကမ္ဘာကို ပြမယ့် စာရင်း “ဘင်္ဂလီ” ဆိုတာ ဘယ်သူကမှ လက်ခံမှာ မဟုတ်ပါ။ မြန်မာ မွတ်ဆလင်အတော်များများကိုလည်း ဗုဒ္ဓဘာသာ ရေးပြီး နိုင်ငံသား စီစစ်ရေးကဒ် ထုတ်ပေးခဲ့တာပဲ။ ဒီလူတွေ ဟာ ဗုဒ္ဓဘာသာတွေ ဖြစ်တယ်၊ မြန်မာနိုင်ငံမှာ အစ္စလာမ်သာသနာဝင် မရှိပါဘူးလို့ ငြင်းလို့ရမယ် ထင်ပါ သလား။ အလားတူပဲ- မှတ်ပုံတင်၊ စီစစ်ရေးကဒ် လုပ်ပေးတဲ့ ခေတ်အဆက်ဆက်မှာ ဘင်္ဂလီ လို့ အတင်းရေး ခိုင်းတာ-၊ ကာယကံရှင်က မရေးရင်လည်း ၀န်ထမ်းက ရေးလိုက်တာ-၊ ဒါတွေအားလုံးက ကျွန်ုပ်တို့မှာ သတင်း အချက်အလက်၊ သက်သေ အထောက်အထား ရှိပြီးသားပါ။ ဒီလို ရေးလိုက်ရတဲ့ လူတွေအနေနဲ့လည်း ဘယ်လို မှ အားငယ် စိုးရိမ်စရာ မလိုပါ။ မြန်မာနိုင်ငံထဲမှာ ဘယ်လိုလိမ်တယ်၊ ဘယ်လိုညာတယ်၊ ဘယ်လိုလှည့်စား တယ်၊ ဆိုတာများ အားလုံး ကမ္ဘာ့အလယ်မှာ အထောက်အထား အပြည့်ရှိနေပါတယ်။-

အကယ်၍ “ရိုဟင်ဂျာ”ကို “ရိုဟင်ဂျာ”လို့ မသတ်မှတ်ပေးရင်၊ ရိုဟင်ဂျာများ အပါအ၀င် အစ္စလာမ် သာသနာ ၀င် တွေကို ဆက်လက်ဖိနှိပ်နေရင်-၊ ဖိနှိပ်သူများအားလုံးဟာ မီးကို ကိုင်မိသူ များ ဖြစ်ရပါတော့ မယ်။ ယုတ်မာသူများ ရဲ့ လုပ်ရပ်များ အကြံအစည်များကို နိတ္ထိတံစေဘို့ အချိန်ကာလ က ပြေးကပ် လာနေ ပါပြီ။

ရိုဟင်ဂျာများရဲ့ မိုးလင်းချိန်ကို ဘယ်သူမှ အချိန်ဆွဲထားလို့ မရနိုင်သလို၊ ရိုဟင်ဂျာ များ မြန်မာ မွတ်ဆလင် များကို ဖိနှိပ်ခဲ့တဲ့ ရာဇ၀တ်ကောင်များရဲ့ နေမွန်းတဲ့ချိန်ဟာလည်း မွန်းလွဲသွား ခဲ့ပါပြီ- မကြာမှီ နေ၀င် သွားရမှာပါ- ဘယ်သူကမှ ဆွဲထားလို့ မရနိုင်ပါ။

ခေါင်းဆောင်ယုတ်များရဲ့ ဦးဆောင်မှုအောက်က အပြစ်မဲ့ ဆင်းရင်းသား ပြည်သူတွေအတွက် စာနာမိပါ တယ်၊ ရင်လေးမိပါတယ်။ ပြည်သူလူထု အနေနဲ့ မိမိတို့ရဲ့ သာယာတဲ့ဘ၀ အေးချမ်းတဲ့ဘ၀ကို လိုချင်ရင် လူလူ ချင်း မုန်းတီးစိတ်များကို ဖယ်ရှားပြီး မိမိရဲ့ လူအုပ်စုကိုယ်စီ အတွက် ခေါင်းဆောင်ကောင်း များကို မွေး ထုတ်ထောက်ခံ ပေးဘို့သာ လိုပါမယ်။ ခေါင်းဆောင်ယုတ်များကိုဆက်လက်ထောက်ခံနေရင်-၊ သူမောင်း တဲ့ကားကို စီးရင်း သူနဲ့ အတူ ချောက်ထဲ ကို ရောက်သွား ရမှာ သေချာနေပါတယ်။

ကမ္ဘာဟာ အမှန်တရားဘက်မှာ ရှိတယ်။ အမှန်တရားကို သံတမန်နည်းနဲ့ ဖြေရှင်းနေခြင်းဟာ လူကောင်းတွေ အ တွက်စဉ်း စားချိန်၊ ပြန်ပြင်ချိန်ပေးထားခြင်းသာ ဖြစ်ပါတယ်။ အကယ်၍- မိမိမှာ ရတဲ့ အချိန် ကို မသုံး တတ် ရင် တော့-၊ ကမ္ဘာ့ အစီအစဉ်အောက်မှာ ရိုဟင်ဂျာများသာ ကွက်ကြား မိုးလင်းသွား ပါမယ်။ ရိုဟင်ဂျာ များက မတောင်းလိုက်ရဘဲ ဆုပြည့်သွားပါမယ်။ ကျွန်ုပ်တို့ ကတော့ မြန်မာ တစ်ပြည် လုံးကို အလင်းရောင် ၀ါ ထွန်းလင်း စေချင်ပါတယ်။--

ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု တာဝန်ခံ
အမေရိကန်ပြည်ထောင်စု

Comment ရေးရန်

Rohingya Exodus