နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲနှင့်ရခိုင်များပေါင်း၍ ရိုဟင်ဂျာငါးဖမ်းစက်လှေများမှ ငါး၊ပုဇွန်များကိုသိမ်းဆည်း


AS 
RB News 
22.1.2013 

စစ်တွေ ။ ။ ဇန်န၀ါရီလ (၂၀) ရက်နေ့တွင် စစ်တွေမြို့၊ သဲချောင်း ဆိပ်ကမ်း သို့ ပြန် လည် ၀င်ရောက် လာ သော ရိုဟင်ဂျာ မွတ်စလင်များ၏ ငါးဖမ်းစက်လှေမှ ငါးနှင့် ပုဇွန်များအား ရဲများနှင့် ရခိုင် အစွန်းရောက် များ ကသိမ်းယူ လိုက်ကြောင်း သတင်း ရရှိပါသည်။ 

စစ်တွေမြို့၊ သက္ကေပြင်ကျေးရွာနေ ဦးဟူဆောင်းအာမတ် (ဘ) ဦးဘော်ရှီးရ်အာမတ်ပိုင်ဆိုင်သော ငါး ဖမ်းစက်လှေသည် ဇန်န၀ါရီလ (၁၅) ရက်နေ့မှ စ၍ စစ်တွေမြို့အရှေ့ဖက်မြေငူကျွန်း အဆုံးမှတောင် ဖက်နှင့် ထိုနေရာမှ အနောက်ဖက်သို့ ဦးတည်၍ ၅ ရက်ခန့် ငါးရှာဖွေပြီးနောက် (၆) ရက်မြောက်နေ့တွင် သဲချောင်း ဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက် လာခဲ့သည်။ ထိုသို့ ၀င်ရောက် လာစဉ်တွင် သဲချောင်း အ၀င်ဝ၊ ဗေဒါကမ်းနား၏ ကိုက် (၁၀၀) ခန့်အကွာမှ စစ်တွေမြို့မဈေးကြီးရှိ ရဲစခန်းမှ ရဲများနှင့် ရခိုင် အ စွန်း ရောက်များသည် စက်လှေ (၃) စီးဖြင့် ငါးဖမ်းလာသော စက်လှေအား တားဆီးရာ မရပ် သဖြင့်သေ နတ် ဖြင့် ပစ်ဖောက်၍ အတင်းရပ်ခိုင်းပြီး ကျပ် ၄ သိန်းခန့် တန်ဖိုးရှိသော ငါးများ၊ ကျပ် ၃ သိန်းခန့် တန် ဖိုး ရှိ သောကျောက်ပုဇွန် များနှင့် အရောင် (၇) မျိုးရှိသော ပုဇွန်များကို အတင်း  အဓမ္မသိမ်း ယူသွား ပါသည်။ 

ထို့အပြင် သဲချောင်း အ၀င်ဝအနီးတ၀ှက်ရှိ အခြားသော ရိုဟင်ဂျာများ၏ ငါးဖမ်း စက်လှေများမှ ငါး၊ ပုဇွန် များနှင့် ငါးဖမ်းပိုက်  အပါအ၀င်အခြားသော ငါးဖမ်း ပစ္စည်းများ အားလုံးကိုလည်း သိမ်းယူသွားခဲ့သည်။ 

မျက်မြင် သက်သေများ ၏ပြောကြားချက်အရ အဆိုပါရဲတပ်ဖွဲ့ဝင်များတွင် ပြည်နယ်ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ် ဖွဲ့မှူးနှင့်အတူ အခြားသော ရဲအရာရှိများလည်း ပါဝင်သည်ဟု သိရပါသည်။ ထိုသို့ ရိုဟင်ဂျာမွတ်စလင်များ ၏ ငါးဖမ်းစက်လှေများကို ဓါးပြတိုက်သကဲ့သို့ အတင်းအဓမ္မသိမ်း ယူနေသည်ကို အနီးရှိတပ်မတော် (ရေ) မှဒုံးသင်္ဘောနှင့် သဲချောင်းကမ်းခြေရှိ နစကစခန်းများမှ နစကများမှ လည်းတွေ့မြင်လိုက်ကြောင်းသိရ သည်။ အခင်းဖြစ်စဉ်များကို အာဏာပိုင်အဖွဲ့အစည်းများ မှတွေ့ရှိသော်လည်း အရေးယူဆောင်ရွက်မှု တစ်စုံ တစ်ရာမရှိပေ။ 

ငါး၊ ပုဇွန်နှင့် ငါးဖမ်းပစ္စည်းများ သိမ်းယူခံရသော စက်လှေများပေါ်မှငါးဖမ်းသမားများမှာ - 

(၁) ဦးနူရ်စလာမ် (ဘ) ဦးမာမတ်ဆွေယော့ဒ် | ပဲ့နင်း | သက္ကေပြင် 
(၂) ဦးအစ္စလာမ် (ဘ) ဦးအူမော်ရ်မျာ | စက်ဆရာ | ဘောဒူဖ 
(၃) ဦးအဒူမာလိခ် (ဘ) ဦးအဒူဟာကိမ်း | လှေလုပ်သား | သက္ကေပြင် 
(၄) ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးမာမတ်ဂျလာလ် | လှေလုပ်သား | သက္ကေပြင် 
(၅) ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးဒိလ်မာမတ် | လှေလုပ်သား | သက္ကေပြင် 
(၆) ဦးဇီကိရ်အာမတ် | လှေလုပ်သား | သက္ကေပြင် 
(၇) ဦးအဒူရှကူရ် (ဘ) ဦးအဘူဟူဆောင်း | လှေလုပ်သား | ဘုမေဘာဆာရာ 
(၈) ဦးဟာမိတ် | လှေလုပ်သား | သဲချောင်း 
(၉) ဦးမူဘာရက် (ဘ) ဦးအဘူရှားမား | လှေလုပ်သား | သဲချောင်း 
(၁၀) ဦးဟူဆောင်းအာမတ် (ဘ) ဦးဘော်ရှီးရ်အာမတ် | စက်လှေပိုင်ရှင် 
(၁၁) ဦးအဒူရော်ဟိမ်း (ဘ) ဦးဇော်လာမတ် | လှေလုပ်သား | သက္ကေပြင် 
(၁၂) ဦးနူရ်အာမတ် (ဘ) ဦးဒူစ်မာမတ် | လှေလုပ်သား | သက္ကေပြင် - တို့ဖြစ်ပါသည်။ 

Comment ရေးရန်

Rohingya Exodus