နောက်ဆုံးသတင်း/ဆောင်းပါးများ

အစိုးရ၏ပူးပေါင်းမှုဖြင့်လူမျိုးသန့်စင်ရေးပြီးမြောက်ရန်ရခိုင်များလျှို့ဝှက်အစည်းအဝေးကျင်းပ


Qutub Shah 
RB News 
23.1.2013 

မောင်းတောမြို့နယ်၊ အင်းဒင်ရွာနှင့်ကျောက်ပန်းဒိုရွာများတွင် ဇန်န၀ါရီလ (၂၁) ရက်နေ့က ရခိုင်လူမျိုး များက လျှို့ဝှက် အစည်းအဝေးများ ကျင်းပခဲ့ကြောင်း သတင်းရ ရှိပါသည်။ ရခိုင်များမှ ရရှိသည့်သတင်း အရ ထိုအစည်းအဝေးများတွင် မွတ်စလင်များနှင့်အတူတကွ မနေထိုင်ရန်ဆုံးဖြတ်ခဲ့ပြီး၊ မွတ်စလင်များ ကိုသီးခြား ထားရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ 

အစည်းအဝေး ဆုံးဖြတ်ချက်များကို ရခိုင်ခေါင်းဆောင်များရှိရာ ရသေ့တောင်မြို့နယ်သို့ပေးပို့၍ ရှေ့ ဆက်၍ တုန့်ပြန်မှုရရှိ သွားအောင်ကြိုးစား သွားမည်ဖြစ်သည်။ ထိုကဲ့သို့ အစည်းအဝေးများကို အခြားသော ရွာများတွင်လည်း ကျင်းပခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ရိုဟင်ဂျာ မွတ်စလင်များသည် ရခိုင်များ၏ ကြိုတင်ပြင်ဆင် ထားသည့် စီမံကိန်းဖြစ်သည့် လူမျိုးသန့်စင်ရေးစီမံကိန်းကို ဆက်လက်အကောင်အ ထည်ဖော်မည်ကို စိုးရိမ်ပူပန်လျက် ရှိကြသည်။ 

ဇန်န၀ါရီလ (၂၁) ရက်နေ့တွင်ပင် မင်းပြားမြို့နယ်နှင့်မြောက်ဦးမြို့နယ်ရှိ လုံခြုံရေး တာဝန်ယူထားသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လုံခြုံရေးတာဝန် ယူထားသည့်နေရာမှ ည ၇ နာရီခန့် တွင်မြို့ပေါ် သို့ပြောင်း ရွှေ့သွားကြသည်။ ရခိုင်အကြမ်းဖက်  သမားများသည် လက်နက်များကို ဘတ်စ်ကား များဖြင့် သယ်ဆောင် လျက်ရှိပြီး၊ လုံခြုံရေးတပ်ဖွဲ့ များမှလက်နက်နှင့် လိုအပ်သောကိရိယာ များထောက် ပံ့လျက် ရှိသည်ဟု မျက်မြင် သက်သေတစ်ဦးပြောကြား ချက်အရသိရပါသည်။ ရခိုင်များသည် ရိုဟင်ဂျာများအား ဇန်န၀ါရီ လ (၂၅) ရက်နေ့အတွင်း အကြမ်းဖက်တိုက်ခိုက် မည်ဟုသတင်းများ လည်း ပျံ့နှံ့ လျက် ရှိကြောင်းသိရ သည်။ ထိုသတင်းများကြောင့် ရိုဟင်ဂျာများသည် အလွန်စိုးရိမ်ပူ ပန် လျက် ရှိပြီး၊ ၎င်း တို့အတွက် လုံခြုံ ရေးနှင့် အကာအကွယ်ရရေး သည်သေရေးရှင်ရေး တမျှအရေး တကြီး လို အပ်လျက်ရှိသည်။ မြန်မာအစိုးရ အနေဖြင့်လူမျိုး သန့်စင်ရေးပြီးမြောက် သည့်အထိယခု ကဲ့သို့ လှုံ့ဆော်မှုများအား လျစ်လျူရှုနေမည်ဖြစ်သည် ဟုဒေသခံများကသုံးသပ်ကြလျက်ရှိပါသည်။

Comment ရေးရန်

Rohingya Exodus