နောက်ဆုံးသတင်း/ဆောင်းပါးများ

အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းနှင့်ငွေညှစ်ခြင်းများဆက်လက်ဖြစ်ပေါ်လျက်ရှိ


MS Anwar & RYM 
RB News 
23.1.2013 

မောင်တော ။  ။ ဇန်န၀ါရီလ (၂၀) ရက်နေ့၊ နံနက် ၁း၁၅ နာရီတွင် ဦးအောင်နိုင်ဦး ဆောင်သည့် နယ်စပ်ဒေသ ကွပ်ကဲရေး တပ်ဖွဲ့ဝင် များသည် မောင်တောမြို့နယ်၊ ရွှေဇား ကျေးရွာ အုပ်စု၊ ဂုံးနားရွာ ရှိအိမ်နှစ် အိမ် အား ၀င်ရောက် စီးနင်းပြီး မိသား စုနှစ်စု၏ အိမ်ထောင် ဦးစီးနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ - 

(၁) ဦးအမီးရ်အဟမတ် (ဘ) ဦးအရှုအလီ 
(၂) ဦးနူးရ်အစ္စလာမ် (ဘ) ဦးအဟမတ် - တို့ဖြစ်သည်။ 

အထက်ပါနှစ်ဦးကို နစကများမှငွေညှစ်၍ ရသည့်အခါ ပြန်လည်လွှတ်ပေးခဲ့သည်။ တစ်ဦးအား ထိုနေ့တွင် ပင်ပြန် လည် လွှတ်ပေးခဲ့ပြီး၊ ကျန်တစ်ဦးကို နောက်တစ်ရက် တွင်ပြန်လည် လွှတ်ပေးခဲ့သည်။ တစ်ဦး ထံ မှ ငွေကျပ် ၃ သိန်း ယူခဲ့ပြီး ကျန်တစ်ဦးထံမှ ငွေကျပ် ၅ သိန်းယူခဲ့ကြောင်း သိရပါသည်။ 

မြန်မာ အစိုးရမှ ရခိုင်ပြည်နယ်၏ အခြေအနေသည် တည်ငြိမ်အေးချမ်းနေပြီဟု အခြေအနေ ကိုစောင့် ကြည့် နေသော နိုင်ငံတကာ အသိုင်းအ၀ိုင်းများ ကိုပြောကြား  နေသော်လည်း အစုလိုက် အပြုံလိုက် ဖမ်း ဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ဖမ်းဆီးထားသော အပြစ်မဲ့ ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်းများ ဆက် လက်ဖြစ်ပွား နေသည့်အပြင်၊ မိန်းကလေး ငယ်များနှင့် အမျိုးသမီးများကို မုဒိန်းကျင့်ခြင်းများ လည်းမကြာ ခဏဖြစ်ပေါ် လျက်ရှိသည်။ နေ့စဉ်နေ့တိုင်းအကြောင်း အမျိုးမျိုးပြ ၍ငွေညှစ်ခြင်း များ လည်းဖြစ် ပွား လျက် ရှိသည်။ 

ထိုကဲ့သို့ ဖြစ်ပွားနေခြင်းများကို ကြည့်ခြင်းအားဖြင့် ရိုဟင်ဂျာများနှင့် ကမန်များ အပေါ်ညှင်း ပန်းနှိပ် စက် နေခြင်းမှာ အဆုံးသတ်ရန်အခြေအနေမရှိဟုယူဆရသည်။

Comment ရေးရန်

Rohingya Exodus