နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြားဖြတ်သတင်း - အပြစ်မဲ့ရိုဟင်ဂျာနှစ်ဦးကို ALP မှပစ်ခတ်သတ်ဖြတ်


M.S. Anwar 
RB News 
26.2.2013 

မောင်တော ။ ။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၅) ညနေ ပိုင်းတွင် ရခိုင် လွတ်မြောက်ရေးပါတီ (ALP) မှ စစ်သွေးကြွအချို့မှ အပြစ်မဲ့ ရိုဟင်ဂျာနှစ်ဦးကို မောင်တောမြို့နယ်၊ ဘဂုံးနား ကျေးရွာအုပ်စု၊ နူရူလာရွာ အ နီးရှိ တောအုပ်တွင် လူမဆန်စွာ ပစ်ခတ် သတ်ဖြတ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ သတ်ဖြတ် ခံရသူနှစ် ဦး သည် အခြားသော ရိုဟင်ဂျာ လေးဦးဖြင့် တောအု ပ်အနီးရှိ စမ်းချောင်းတွင် ငါးဖမ်းရန် သွားရာတွင် သတ် ဖြတ် ခံ ရခြင်းဖြစ် သည်။ 

“မနေ့က နေ့လည် ၂ နာရီလောက်မှာ နူရူလာရွာက ရိုဟင်ဂျာ ခြောက်ယောက် ရွာနားမှာရှိ တဲ့တော အုပ် ဘေးက စမ်းချောင်းမှာ ငါးဖမ်းဖို့ သွားခဲ့တယ်။ သူတို့ ငါးဖမ်းနေတဲ့ အချိန်မှာ ALP က အကြမ်းဖက် သမား ၁၂ ယောက်ရောက်လာပြီးတော့ သေနတ်နဲ့ ပစ်တယ်။ အဲဒီမှာနှစ်ယောက် ကတော့ အဲဒီ နေရာ မှာဘဲ သေ ဆုံးသွားခဲ့ပြီးတော့ ကျန်တဲ့ လေးယောက်တော့ သေတွင်းကနေ လွတ်မြောက် ခဲ့တယ်။ သတ်ဖြတ် ခံရတဲ့ သူနှစ် ယောက်ကတော့ .. 

(၁) ဦးမိုဟာမတ်ရရှစ် (ဘ) ဦးလာလ်မျာ (အသက် ၃၂ နှစ်) 
(၂) ဦးမိုဟာမတ်ဆယာဒ် (ဘ) ဦးအာမီရ်ဟာမ်ဇာ (အသက် ၄၂ နှစ်) - တို့ဖြစ်ပါတယ်။ 

အသက်ရှင်လွတ်မြောက်လာသူလေးယောက်ကတော့ .. 

(၁) ဦးရှမ်ရှူအာန၀ါ (ဘ) ဦးအဘူဘရှာရ် (အသက် ၄၀ နှစ်) 
(၂) ဦးလားလား (ဘ) ဦးနူရူလ်ဂျိုဟာရ် (အသက် ၂၇ နှစ်) 
(၃) ဦးအာန၀ါရှာ (ဘ) အမည်မသိ (အသက် ၃၀ နှစ်) 
(၄) ဦးမိုဟာမတ်ရီဒ်ဝါန် (ဘ) ဦးအလီဂျိုဟာရ် (အသက် ၃၀ နှစ်) 

အသက်ရှင် လွတ်မြောက်လာသူ တွေပြောပြတာ ကတော့ အကြမ်းဖက် သမားတွေက ALP ၀တ်စုံတွေ ၀တ်ထားပြီးတော့ ALPက အကြမ်းဖက်သမားေ တွေဆိုတာကို အလွယ်တကူ သိနိုင် ခဲ့တယ်။ ALP ကအ ကြမ်းသမားတွေက သာမာန်အချိန် တွေမှာတော့ ပြည်တွင်းက ရခိုင်တွေလို ဟန်ဆောင် တတ်တယ်။ တခါ တရံမှာတော့ သူတို့ရဲ့ နဂိုပုံပန်း သဏ္ဍန်ကိုပြ လေ့ရှိတယ်။ အခုအချိန်မှာတော့ ရခိုင်တိုင်းရင်းသား များတိုး တက်ရေး ပါတီ (RNDP) ရဲ့ အကူအညီနဲ့ မောင်တောမြို့နယ်အ၀န်းမှာရှိတဲ့ တောအုပ်ထဲမှာ သွားလာလှည့် ပတ်နေပြီးတော့ ရိုဟင်ဂျာတွေကို တနေ့တခြား ပိုပိုပြီး အကြမ်းဖက်မှုတွေ လုပ်လာတယ်။ မြန်မာ  အစိုးရ ကတော့ ALP အကြမ်းဖက် သမားတွေရဲ့ အဖျက်အမှောင့် လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး သိပုံတောင်မပေါ် ဘူး ထင် တယ်” ဟုအမည် မဖော်လို သူသည့် ရိုဟင်ဂျာ တစ်ဦးမှပြောပါသည်။

နောက်ဆုံးရသတင်း (ဖေဖော်ဝါရီလ ၂၇ - ၀၀း၁၅ နာရီ မြန်မာစံတော်ချိန်)

"အာဏာပိုင်များမှဖြစ်ပွားခဲ့သည့်ကိစ္စကိုစုံစမ်းစစ်ဆေးရန်ရောက်လာခဲ့သည်။ ရွာသူရွာသားများမှ နစက နယ်မြေ (၅) စခန်းအမှတ် (၁၅) မှအာဏာပိုင်များအားမှန်ကန်သည့်အဖြစ်မှန်ကိုအစီရင်ခံလိမ့်မည်ဟုမျှော် လင့်နေကြသည်။

သို့သော်ရခိုင်လူမျိုးအစွန်းရောက်များအဓိကပါဝင်သည့်မောင်တောမြို့နယ်ရှိရဲတပ်ဖွဲ့ဝင်များသည် တရားမျှ တမှုဦးစားပေးရမည့်အစား အသက်ရှင်လွတ်မြောက်လာသည့်လေးဦးကို ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခံရ သူနှစ်ဦးအားသတ်သည်ဟုစွပ်စွဲ၍တရားစွဲရန်ကြိုးစားနေကြောင်းသိရပါသည်။ 

Comment ရေးရန်

Rohingya Exodus