နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်ဒိုနီးရှား၌လှေစီးဒုက္ခသည် ၁၂၁ ဦးကိုကယ်တင်ခဲ့


RB News 
27.2.2013 

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၊ ဆုမာတြာကျွန်းရှိ ကော်တရူအန်ရွာ၏ ၁၅ မိုင် အကွာခန့်တွင် မျောနေ စက်လှေ တစ်စီးမှ ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၁၂၁ ဦးကို ယမန်နေ့က ငါးဖမ်းသမားများက ကယ်တင် လိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ရေးသားဖော်ပြ ထားပါသည်။ 

သစ်သားဖြင့်ပြု လုပ်ထားသော စက်လှေပေါ်တွင် အမျိုးသမီးခြောက်ဦး၊ ကလေးနှစ်ဦး အပါအ၀င် ၁၂၁ ဦးပါဝင်ပြီး ၎င်းတို့သည်  မြန်မာနိုင်ငံတွင်  ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ၍ ထိုင်း နိုင်ငံသို့ ထွက်ခွာလာခဲ့ သူများဖြစ်သည်။ ခရီးလမ်းတွင် ဓါတ်ဆီကုန် သွား၍ စက်လှေမှာ မျာနေ ခဲ့ခြင်းဖြစ် ကြောင်း ကော်တရူအန်ရွာမှ ရွာအုပ်ချုပ်ရေးမှူးမှအေအက်ဖ်သတင်းဌာနသို့ပြောကြားခဲ့သည်။ 

အဆိုပါ ရွာ အုပ်ချုပ်ရေးမှူး၏  ပြောကြားချက်အရ ကယ်တင်လိုက်သော ရိုဟင်ဂျာ ဒုက္ခသည်များ၏ အခြေ အနေမှာ အလွန်မောပန်းနေခဲ့ပြီး၊ အစာရေစာ များကျွေးမွေးပြီး နောက်ကောင်းမွန် လာခဲ့ကြောင်း သိရပါ သည်။ 

ဒုက္ခသည် များအားလုံးကို လုပ်ဆူမွှေမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင် လိုက် သည်ဟု ရေးသားဖော်ပြ ထားပါသည်။

Comment ရေးရန်

Rohingya Exodus