နောက်ဆုံးသတင်း/ဆောင်းပါးများ

လွှတ်တော်တွင်ရိုဟင်ဂျာမရှိဘူးဟုပြောဆိုခြင်းကို ဦးရွှေမောင်မှပြန်လည်ချေပ


RB News 
23.2.2013 

ဖေဖော်ဝါရီလ(၂၀)ရက်နေ့ကပြည်သူ့ လွှတ်တော် ပုံမှန်အစည်းအဝေးမှာ လူဝင် မှုကြီးကြပ်ရေးနှင့်  ပြည်သူ အင်အား ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း က မြန်မာနိုင်ငံ မှာ ရိုဟင်ဂျာမရှိဘူး လို့ ငြင်းဆို လိုက်တာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ် တဲ့ဦးရွှေမောင်က ရိုဟင်ဂျာ ဆိုတာမြန် မာနိုင်ငံမှာ ရှိတယ်ဆိုပြီး ပြန်လည်ချေပလိုက်ပါတယ်။ 

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ဟာ ရိုဟင်ဂျာ လူမျိုးဖြစ်ပြီး၊ ရခိုင်ပြည် နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်ြ ဖစ်ပါတယ်။ လ၀က ဒုတိယ၀န်ကြီးရဲ့ စွပ်စွဲ ချက်ကို DVB သတင်းဌာနနဲ့ အင်တာဗျူးမှာပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ 

“ရိုဟင်ဂျာ မရှိဘူး ဆိုပြီးတော့ ကျွန်တော်တို့ ရိုးရိုးရှင်းရှင်း လေးငြင်းဆိုနေလို့ မရပါဘူး။ ကျွန်တော်တို့ အဲဒီ လို လုပ်မယ်ဆိုရင် တာဝန်မဲ့ရာ ရောက်ပါမယ်။ ကျွန်တော်တို့ အနေနဲ့ လေ့လာဖို့ လိုပါမယ်” လို့ DVB ကို ပြောပါတယ်။ 

ဦးရွှေမောင်က မောင်တောခရိုင်က ရိုဟင်ဂျာ လူမျိုး လွှတ်တော်အမတ် သုံးဦးထဲက တစ်ဦးဖြစ်ပြီးတော့ အဲဒီ လွှတ်တော်အမတ်တွေက စစ်တပ် ကျောထောက်နောက်ခံဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြုကြပါတယ်။ ဦးရွှေမောင်ဟာ လွန်ခဲ့တဲ့ လတွေကစပြီး အစိုးရ ကနိုင်ငံသား အဖြစ်ငြင်း ဆိုနေပြီး၊ တရားမ၀င် အခြေချနေ ထိုင်တဲ့ ဘင်္ဂလီ တွေလို့ စွပ်စွဲပြောဆိုနေ တဲ့ နိုင်ငံမဲ့ လူနည်းစု အသိုင်းအ ၀ိုင်းအတွက် အသံကျယ်ကျယ်လောင်လောင်နဲ့ ကာကွယ်ပြော ဆိုနေပါတယ်။ 

ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေနဲ့ မွတ်စလင် ရိုဟင်ဂျာတွေအကြား အကြမ်းဖက်မှုတွေဖြစ် ပွားပြီးတဲ့နောက်မှာ ထိပ်တန်းနိုင်ငံရေး သမားတွေ၊ စစ်တပ်နဲ့ကြံ့ခိုင်ရေးပါတီဝင်တွေ အများစုက ရိုဟင် ဂျာတွေကို တတိယနိုင်ငံကို ပို့ဖို့ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ဦးရွှေမောင်ကတော့ အခုဆိုရင် လွှတ်တော် ထဲမှာ မောင်တောခရိုင် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးနဲ့ အတူ ရိုဟင်ဂျာ များရဲ့အခွင့်အရေး ရရှိရေးအ တွက်စတင် လုပ်ဆောင်နေပြီးလို့ DVB ကိုပြောပါတယ်။ သူတို့အနေနဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးရွှေ မန်းကို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာရှိ/မရှိကို ဆုံးဖြတ်ဖို့အတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ပေးဖို့ တောင်းဆိုထား တယ်လို့ဆိုပါတယ်။ 

“ကျွန်တော်တို့ သီးခြား မှတ်တမ်းလုပ်ပြီး လုပ်ဖော် ကိုင်ဖက်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မျှဝေ ပါတယ်။ အပြုသဘောနဲ့ အကောင်းဘက်ကို ဆောင်တဲ့ မှတ်ချက်တွေ အများကြီး ရပါတယ်။ ကျွန်တော်တို့ က အထူးသဖြင့် အစိုးရသတင်းဌာနတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခဲ့တဲ့ စာရွက်စာတမ်း၊ အချက်အလက်တွေကို အာရုံစိုက် ခဲ့တယ်။ အဲဒါတွေကို လွှတ်တော်ကိုယ်စားလှယ် အများစုက သဘော ကျပြီး၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာရှိ တယ်ဆိုတာကို သဘောတူကြတယ်” လို့ ဦးရွှေမောင်က ဆိုပါတယ်။ 

ဦးရွှေမောင်က ၁၈၂၄ ဗြိတိသျှ ကိုလိုနီမတိုင်မှီ သမိုင်းသုတေသနတွေကို အထောက်အထား အဖြစ်ကိုး ကားပါတယ်။ အဲဒီအထောက်အထားတွေမှာတော့ ရခိုင်ပြည်နယ်မှာရိုဟင်ဂျာ ၃၀၀၀၀ ရှိခဲ့တယ်လို့ တရားဝင် အသိအမှတ်ပြု ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သမ္မတဖြစ်ခဲ့တဲ့ စပ်ရွှေသိုက်နဲ့ ပထမ ဦးဆုံး ၀န်ကြီးချုပ် ဦးနုတို့ကလည်း ရိုဟင်ဂျာတွေဟာ  မြန်မာနိုင်ငံရဲ့ဒေသခံ တိုင်းရင်းသား လူမျိုးတစ်မျိုး အဖြစ်နဲ့ အသိအမှတ်ပြုခဲ့ တယ်။ 

နောက်ပိုင်းမှာတော့ ရိုဟင်ဂျာတွေရဲ့နိုင်ငံသားဖြစ်မှုကို စစ်အာဏာရှင် ဦးနေ၀င်းက ဖျက်ပစ်ခဲ့တယ်။ 

“သိပ်မကြာခင်က စစ်တွေမြို့ကို သွားခဲ့တာမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်နဲ့ မွေးစာရင်းတွေ ထုတ်ပေး ထားတဲ့ မိသားစုပေါင်းများစွာကို တွေ့ခဲ့တယ်။ ဒါပေမယ့် အခုထိငြင်းနေတုန်းပါဘဲ” လို့ ဦးရွှေမောင် က ပြောရင်းနဲ့ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီတွေ အခြေချနေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချ လိုက် ပါတယ်။ 

“လူတွေက၀င် လာနေတာ မဟုတ်ဘူး၊ ထွက်သွားနေကြတာပါ။ ရခိုင် မွတ်စလင်တွေကို ရိုဟင်ဂျာလို့ခေါ် ပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်မှာ နေတဲ့မွတ်စလင်တွေဖြစ်ပါတယ်” 

ဗုဒ္ဓဟူးနေ့က လွှတ်တော်မှာဆွေးနွေးခဲ့တာကို မြန်မာအစိုးရရဲ့အင်္ဂလိပ်သတင်းစာဖြစ်တဲ့ New Light of Myanmar ကဘာသာပြန်တာမှားတယ်လို့ဦးရွှေမောင်ကဆိုပါတယ်။ 

“ဦးကျော်ကျော်ဝင်းက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးလို့ ထည့်မပြောဘူး။ ဒါပေမယ့် အင်္ဂလိပ်သတင်းစာ မှာ အဲဒီလို ပါလာတယ်” 

ဦးရွှေမောင်ကတော့သူ့ရဲ့ မဲဆန္ဒရှင်တွေရဲ့ အသံကို လွှတ်တော်ထဲကို ဆက်လက်သယ် ဆောင်သွားမယ် လို့ပြောပါတယ်။ သူ့အနေနဲ့ ရိုဟင်ဂျာတွေကို ဒေသခံတိုင်းရင်းသား အဖြစ်အသိအမှတ်ပြုဖို့အတွက် တွန်း အားပေးဖို့ မလိုအပ်ပေမယ့် အခြေခံ လူ့အခွင့်အရေးကို တော့လေးစား ရမယ်လို့ဆိုပါတယ်။ 

“အခုအချိန်မှာ တော့အရေးကြီးဆုံးက လူတွေဖြစ်ပါတယ်။ လူတွေက အစားအသောက် ချိုတဲ့စွာနေနေရ တယ်။ သူတို့မသွားလာနိုင်ဘူး။ ဈေးတွေကိုမသွားနိုင်ကြဘူး။ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အထောက် အပံ့တွေရ ဖို့အခွင့်မသာဘူး”

Comment ရေးရန်

Rohingya Exodus